ပဲခူးရေဘေးသင့် ပြည်သူများအား လက်ဝယ်အရောက် ထောက်ပံ့နိုင်ရန်အတွက် တာချီလိတ်နာရေးကူညီမှုအသင်း သြဂုတ်လ(၆)ရက်နေ့တွင် တာချီလိတ်မှ စတင်ထွက်ခွာ
ပဲခူးရေဘေးသင့် ပြည်သူများအား လက်ဝယ်အရောက် ထောက်ပံ့နိုင်ရန်အတွက် တာချီလိတ်နာရေးကူညီမှုအသင်း သြဂုတ်လ(၆)ရက်နေ့တွင် တာချီလိတ်မှ စတင်ထွက်ခွာ
သွဂုတျ 6, 2018
By Tachileik News Agency
ပဲခူးရေဘေးသင့် ပြည်သူများအား ထောက်ပံ့ရန်အတွက် မားမားခေါက်ဆွဲ၊ ကြာရှည်အစားခံမုန့် မျိုးစုံ၊ အချိုရည်များ၊ ငါးသေတ္တာဖာများ၊ ကျောင်းသုံးလွယ်အိတ်များ၊ မိုးတွင်းဖိနပ်များ၊ တီရှပ် စပို့ ရှပ် အသစ် ပါကင်အထည်များ နှင့် အဝတ်အထည် (ကျား/မ အထည်)များ ပါဝင်ရာ စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေမှာ ကျပ်သိန်း(၃၀) ၀န်းကျင်ရှိကြောင်း နှင့် ငွေသားများအနေဖြင့်  တာချီလိတ်မှ စေတနာရှင်များ စုပေါင်း လှူဒါန်းလာရာတွင် ကျပ်(၂,၈၁၀,၀၀၀)ရရှိပြီး အသင်းမှ မတည်အလှူငွေအဖြစ် ကျပ်(၁၅)သိန်း ပါဝင်လှူဒါန်းထားကြောင်း တာချီလိတ်နာရေးကူညီမှုအသင်းထံက သိရသည်။
Tachileik News Agency
~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့မှ တာချီလိတ်နာရေးကူညီမှုအသင်းက အလှူရှင်များ စုပေါင်း လှူဒါန်းထားသည့် ထောက်ပံ့ပစ္စည်းများဖြင့် ပဲခူးရေဘေးသင့် ပြည်သူများအား လက်ဝယ်အရောက် ထောက်ပံ့ ပေးအပ်နိုင်ရန်အတွက် ၂၀၁၈ခုနှစ် သြဂုတ်လ(၆)ရက်နေ့တွင် စတင် ထွက်ခွာသွားပြီဖြစ်ကြောင်း သိရသည်။
ပဲခူးရေဘေးသင့် ပြည်သူများအား ထောက်ပံ့ရန်အတွက် မားမားခေါက်ဆွဲ၊ ကြာရှည်အစားခံမုန့်မျိုးစုံ၊ အချိုရည်များ၊ ငါးသေတ္တာဖာများ၊ ကျောင်းသုံးလွယ်အိတ်များ၊ မိုးတွင်းဖိနပ်များ၊ တီရှပ် စပို့ရှပ် အသစ် ပါကင်အထည်များ နှင့် အဝတ်အထည် (ကျား/မ အထည်)များ ပါဝင်ရာ စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေမှာ ကျပ်သိန်း(၃၀) ဝန်းကျင်ရှိကြောင်း နှင့် ငွေသားများအနဖြေင့် တာချီလိတ်မှ စေတနာရှင်များ စုပေါင်း လှူဒါန်းလာရာတွင် ကျပ်(၂,၈၁၀,ဝဝဝ)ရရှိပြီး အသင်းမှ မတည်အလှူငွေအဖြစ် ကျပ်(၁၅)သိန်း ပါဝင်လှူဒါန်းထားကြောင်း တာချီလိတ်နာရေးကူညီမှုအသင်းထံက သိရသည်။
“ကျွန်တော်တို့က နှစ်စဉ်နှစ်တိုင်း အလှူရှင်တွေနဲ့အတူ ရေဘေးသင့်ဒေသတွေကို တတ်နိုင်သလောက် သွားလှူနကြေပါ။ မနှစ်ကတော့ ဧရာဝတီတိုင်း၊ ဒီနှစ်ကတော့ ပဲခူးတိုင်းကို အဓိကထား သွားမယ်။”ဟု တာချီလိတ်နာရေးကူညီမှုအသင်း ဥက္ကဌ ဦးလှမိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ယခု ပဲခူးရေဘေးသင့် ထောက်ပံ့ရေးခရီးစဉ်တွင် ထောက်ပံ့ပစ္စည်းများအား ယာဉ်တစ်စီးဖြင့် သယ်ဆောင်သွားပြီး ပဲခူးရောက်မှသာ လိုအပ်ချက် အခြေအနေများကိုကြည့်၍ ဆန်နှင့်ဆီတို့ကို ဝယ်ယူကာ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
"အခုလောလောဆယ်က ပဲခူးကို ဦးတည်ထားတယ်၊ ဆန်နဲ့ဆီက ဟိုရောက်မှ ဝယ်မယ်၊ အဓိက ကတော့ ဆန်နဲ့ဆီပါ၊ နောက်ပြီး ကိုယ့်ဒေသအတွက်လည်း ကားတစ်စီးစာ ချန်ထားတယ်၊ သဘာဝဘေးအန္တရာယ် ကျရောက်ခဲ့ရင် အလျင်အမြန်လှူဒါန်းနိုင်ဖို့ပါ၊ ဥပမာ အရင်နှစ်တွေလို ပါလျှိုး၊ ကျိုင်းလပ်ရကြေီးသလိုပေါ့၊ နောက်ပြီး တောင်ပေါ်ဒေသတွေကိုလည်း လှူဖို့ အစီအစဉ်ရှိပါတယ်။"ဟု တာချီလိတ်နာရေးကူညီမှုအသင်း ဥက္ကဌ ဦးလှမိုးက ပြောသည်။
Tachileik News Agency
ဓာတ်ပုံ - တာချီလိတ်နာရေးကူညီမှုအသင်း
 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~