တာခ်ီလိတ္ - မယ္ဆိုင္ ခ်စ္ၾကည္ေရးတံတား(၁)ႏွင့္ တံတားထိပ္တို႔တြင္ ယာဥ္ေၾကာပိတ္ဆို႔ေန၍ ရွင္းလင္းေပးေနရမႈ အေျခအေန

တာခ်ီလိတ္ - မယ္ဆိုင္ ခ်စ္ၾကည္ေရးတံတား(၁)ႏွင့္ တံတားထိပ္တို႔တြင္ ယာဥ္ေၾကာပိတ္ဆို႔ေန၍ ရွင္းလင္းေပးေနရမႈ အေျခအေန
သြဂုတ် 19, 2018
By Tachileik News Agency
ျမန္မာ - ထိုင္းနယ္စပ္ေဒသ၊ တာခ်ီလိတ္ - မယ္ဆိုင္ အသြား ခ်စ္ၾကည္ေရးတံတား(၁)တြင္ နံနက္ တံတားဖြင့္ခ်ိန္မွ စ၍ ညတံတားပိတ္ခ်ိန္ အထိ ယာဥ္ေၾကာပိတ္ဆို႔မႈမ်ား ျဖစ္ေလ့ရွိသည့္ အတြက္ ၂၀၁၈ခုႏွစ္ ၾသဂုတ္လ(၁၈)ရက္ေန႔ႏွင့္ (၁၉)ရက္ေန႔တို႔တြင္  အမွတ္ (၁၁၇) ယာဥ္ထိန္းရဲတပ္ဖြဲ႕စု(တာခ်ီလိတ္ခရိုင္)မွ ယာဥ္ထိန္းရဲတပ္ဖြဲ႔၀င္မ်ားက လမ္းေၾကာရွင္းလင္းေပးေနသည္ကို ေတြ႔ရသည္။

အမွတ္(၁)တံတားေပၚတြင္ ယာဥ္ေၾကာပိတ္ဆို႔မႈမ်ား ျဖစ္ေပၚသည့္ အခါမ်ဳိးတြင္ တံတား(၁)ထိပ္ရွိ အ၀ိုင္းပတ္၀န္းက်င္ အထိ ယာဥ္ေၾကာပိတ္ဆို႔မႈအထိအျပင္ ပုန္းထြန္ရပ္ကြက္မွ အ၀ိုင္းပတ္သို႔ အလာတြင္လည္း ယာဥ္ေၾကာပိတ္ဆို႔မႈမ်ား ျဖစ္ေပၚေလ့ရွိသည္ကို  ေတြ႔ရွိရသည္။

ခ်စ္ၾကည္ေရးတံတား(၁)တြင္ ေန႔စဥ္ ယာဥ္ေၾကာပိတ္ဆို႔ေန၍ တံတား(၁)နည္းတူ တံတား(၂)အား အသံုးျပဳရန္ အဆင့္သင့္ ျဖစ္ေနသည့္ ထိုင္းဘက္အား ႏိုင္ငံျခားေရး၀န္ႀကီးဌာနခ်င္း တိုက္ရိုက္ ညႇိႏႈိင္း ေဆာင္ရြက္သင့္ေၾကာင္း ျမန္မာဘက္က TBC အစည္းအေ၀းတြင္ ေဆြးေႏြးထားရွိေၾကာင္း သိရွိရသည္။

Tachileik News Agency
ဓါတ္ပံု - ေအာင္ေက်ာ္၀င္းစိန္



~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ် - မယ်ဆိုင် အသွား ချစ်ကြည်ရေးတံတား(၁)တွင် နံနက် တံတားဖွင့်ချိန်မှ စ၍ ညတံတားပိတ်ချိန် အထိ ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်လေ့ရှိသည့် အတွက် ၂၀၁၈ခုနှစ် သြဂုတ်လ(၁၈)ရက်နေ့နှင့် (၁၉)ရက်နေ့တို့တွင်  အမှတ် (၁၁၇) ယာဉ်ထိန်းရဲတပ်ဖွဲ့စု(တာချီလိတ်ခရိုင်)မှ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များက လမ်းကြောရှင်းလင်းပေးနေသည်ကို တွေ့ရသည်။

အမှတ်(၁)တံတားပေါ်တွင် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်သည့် အခါမျိုးတွင် တံတား(၁)ထိပ်ရှိ အဝိုင်းပတ်ဝန်းကျင် အထိ ယာဉ်ကြောပိတ်ဆို့မှုအထိအပြင် ပုန်းထွန်ရပ်ကွက်မှ အဝိုင်းပတ်သို့ အလာတွင်လည်း ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်လေ့ရှိသည်ကို တွေ့ရှိရသည်။

ချစ်ကြည်ရေးတံတား(၁)တွင် နေ့စဉ် ယာဉ်ကြောပိတ်ဆို့နေ၍ တံတား(၁)နည်းတူ တံတား(၂)အား အသုံးပြုရန် အဆင့်သင့် ဖြစ်နေသည့် ထိုင်းဘက်အား နိုင်ငံခြားရေးဝန်ကြီးဌာနချင်း တိုက်ရိုက် ညှိနှိုင်း ဆောင်ရွက်သင့်ကြောင်း မြန်မာဘက်က TBC အစည်းအေဝးတွင် ဆွေးနွေးထားရှိကြောင်း သိရှိရသည်။

Tachileik News Agency
ဓာတ်ပုံ - အောင်ကျော်ဝင်းစိန်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~