ကြတ္ခို္င္ၿမိဳ႕နယ္ တံုလံုဆိပ္ေက်းရြာတြင္ ထီလွည့္ေရာင္းသည့္ အမ်ိဳးသား(၉)ဦးကို အမည္မသိ အဖြဲ႔တစ္ဖြဲ႔က ဖမ္းဆီး ေခၚေဆာင္သြား

ကြတ္ခို္င္ၿမိဳ႕နယ္ တံုလံုဆိပ္ေက်းရြာတြင္ ထီလွည့္ေရာင္းသည့္ အမ်ိဳးသား(၉)ဦးကို အမည္မသိ အဖြဲ႔တစ္ဖြဲ႔က ဖမ္းဆီး ေခၚေဆာင္သြား
သြဂုတ် 21, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ကြတ္ခိုင္ၿမိဳ႕နယ္၊ ဟိုေနာင္ေက်းရြာအုပ္စု၊ တံုဆိပ္လံုေက်းရြာတြင္ ၾသဂုတ္လ (၂၀) ရက္ေန႔ ညေနပိုင္းက နယ္လွည့္ထီေရာင္းခ်သည့္ အမ်ိဳးသား (၁၁) ဦးအဖြဲ႔အား အရပ္ဝတ္ႏွင့္ အဖြဲ႔တစ္ဖြဲ႔က ဖမ္းဆီးရာ (၂)ဦး ထြက္ေျပးလြတ္ေျမာက္လာခဲ့ၿပီးေနာက္ အဖမ္းခံရသူမ်ား၏ သတင္းကို ၾသဂုတ္လ(၂၁)ရက္ေန႔ အထိ ဆက္လက္ မၾကားရေသးေၾကာင္း သိရသည္။

“ဟိုေနာင္ရြာအုပ္စုထဲမွာ သူတို႔အဖြဲ႔က ထီလွည့္ေရာင္းေနတာ။ ဒီက ေက်ာင္းဆရာ၊ ဆရာမေတြက သတိေပး ေသးတယ္။ ဒီမွာက နယ္ေျမမလံုၿခံဳဘူး။ တျခားမွာ သြားေရာင္းပါလို႔ေျပာေတာ့ သူတို႔အဖြဲ႔က တံုဆိပ္လံုေက်းရြာဘက္ သြားေရာင္းတယ္။ အဲဒီရြာေရာက္ေတာ့ ရြာထဲက အရပ္ဝတ္နဲ႔လူေတြထြက္လာၿပီး ဝိုင္းဖမ္းတာ စစခ်င္း (၈) ဦးဖမ္းခံရတယ္။ ( ၃) ဦးလြတ္လာတယ္။ လြတ္လာတဲ့ (၃) ဦးထဲက တစ္ဦးက အေျခအေနျပန္ၾကည့္ ဦးမယ္ဆိုၿပီး တစ္ေခါက္ျပန္လွည့္သြားရာက ထပ္ဖမ္းခံရတယ္။ အခုထိေတာ့ သတင္းအစအနထပ္မရေသးဘူး” ဟု ကြတ္ခိုင္ၿမိဳ႕မရဲတပ္ဖြဲ႔ စခန္းမွဴး ဒုရဲမွဴးတင္လတ္က တာခ်ီလိတ္သတင္းေအဂ်င္စီသုိ႔ ၾသဂုတ္လ (၂၁) ရက္ေန႔တြင္ အတည္ျပဳေျပာၾကားသည္။

ထီေရာင္းသူမ်ား စီးနင္းလာသည့္ လိုက္ထရပ္ယာဥ္မွာ ထီေရာင္းသူမ်ား အဖမ္းခံရၿပီး နာရီပိုင္းၾကာသည္ အထိ အခင္းျဖစ္ေနရာတြင္ ရိွေနခဲ့ၿပီး ေနာက္ပိုင္းတြင္ ၎ယာဥ္ကိုပါ ရွာေဖြမေတြ႔ေတာ့ေၾကာင္း ရဲတပ္ဖြဲ႕က ေျပာသည္။

“အဲဒီေနရာေတြက ရဲတပ္ဖြဲ႔ခ်ည္းပဲ ဝင္သြားၿပီး ရွာေဖြစစ္ေဆးဖို႔ မလံုၿခံဳတဲ့ ေနရာျဖစ္ေနတာေၾကာင့္ ရပ္/ေက်း အုပ္ခ်ဳပ္ေရး တာဝန္ရွိသူေတြကေန တစ္ဆင့္ သတင္းကို စံုစမ္းရတယ္။ ကၽြန္ေတာ္တို႔သြားၿပီး စစ္ေဆးရွာေဖြ မယ္ဆိုရင္ တပ္အကူအညီပါမွ ဝင္လို႔ရမယ္။ လြတ္လာတဲ့ (၂) ဦးနဲ႔ေတာ့ေတြ႔ၿပီး ျဖစ္စဥ္ကို ေမးျမန္းၿပီးပါၿပီ” ဟု စခန္းမွဴး ဒုရဲမွဴးတင္လတ္က ေျပာသည္။

ထီေရာင္းခ်သူမ်ားမွာ ရန္ကုန္ၿမိဳ႕ရွိ ေရႊျမန္မာေအာင္ဘာေလထီအေရာင္းဌာနမွ ကိုယ္စားလွယ္တစ္ဦး ပါဝင္သည့္ အဖြဲ႔မ်ားျဖစ္ၿပီး စုစုေပါင္း အမ်ိဳးသား (၁၁) ဦး ပါဝင္ကာ ကြတ္ခိုင္ၿမိဳ႕ႏွင့္အနီးတစ္ဝိုက္တြင္ လွည့္လည္ ေရာင္းခ်ေနၾကျခင္းျဖစ္ၿပီး ကြတ္ခိုင္ၿမိဳ႕ နယ္၊ ဟိုေနာင္ေက်းရြာအုပ္စု၊ တံုဆိပ္လံုေက်းရြာတြင္ သြားေရာက္ ေရာင္းခ်စဥ္ ဖမ္းဆီးခံရျခင္းျဖစ္ေၾကာင္း သိရသည္။

ဖမ္းဆီးခံရသူမ်ားမွာ ေရႊျမန္မာေအာင္ဘာေလထီ အေရာင္းဌာန ကိုယ္စားလွယ္ ကိုမင္းမင္းဦး၊ ကိုေအာင္မ်ိဳးသူ၊ ကိုေဇာ္ထက္၊ ကိုသိန္းမင္းထိုက္၊ ကိုေဝယံထက္၊ ကိုမန္းကီး၊ ကိုဘိုဘိုေအာင္၊ ကိုသီဟႏွင့္ ကိုဟိန္းထက္ တို႔ျဖစ္ၿပီး လြတ္ေျမာက္လာသူမ်ားမွာ ကိုေက်ာ္မ်ိဳးဝင္းႏွင့္ ကိုထင္ေက်ာ္တို႔ျဖစ္ေၾကာင္း သိရသည္။

ကြတ္ခိုင္ၿမိဳ႕နယ္မွာ တပ္မေတာ္ႏွင့္ တုိင္းရင္းသားလက္နက္ကိုင္အဖြဲ႕အခ်ိဳ႕တို႔ မၾကာခဏ တုိက္ပြဲ ျဖစ္ပြားေလ့ရိွသည့္ ေဒသျဖစ္သည္။

သတင္း - ေနၿဖိဳးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွတ်ခိုင်မြို့နယ်၊ ဟိုနောင်ကျေးရွာအုပ်စု၊ တုံဆိပ်လုံကျေးရွာတွင် သြဂုတ်လ (၂၀) ရက်နေ့ ညနေပိုင်းက နယ်လှည့်ထီရောင်းချသည့် အမျိုးသား (၁၁) ဦးအဖွဲ့အား အရပ်ဝတ်နှင့် အဖွဲ့တစ်ဖွဲ့က ဖမ်းဆီးရာ (၂)ဦး ထွက်ပြေးလွတ်မြောက်လာခဲ့ပြီးနောက် အဖမ်းခံရသူများ၏ သတင်းကို သြဂုတ်လ(၂၁)ရက်နေ့ အထိ ဆက်လက် မကြားရသေးကြောင်း သိရသည်။

“ဟိုနောင်ရွာအုပ်စုထဲမှာ သူတို့အဖွဲ့က ထီလှည့်ရောင်းနေတာ။ ဒီက ကျောင်းဆရာ၊ ဆရာမတွေက သတိပေး သေးတယ်။ ဒီမှာက နယ်မြေမလုံခြုံဘူး။ တခြားမှာ သွားရောင်းပါလို့ပြောတော့ သူတို့အဖွဲ့က တုံဆိပ်လုံကျေးရွာဘက် သွားရောင်းတယ်။ အဲဒီရွာရောက်တော့ ရွာထဲက အရပ်ဝတ်နဲ့လူတွေထွက်လာပြီး ဝိုင်းဖမ်းတာ စစချင်း (၈) ဦးဖမ်းခံရတယ်။ ( ၃) ဦးလွတ်လာတယ်။ လွတ်လာတဲ့ (၃) ဦးထဲက တစ်ဦးက အခြေအနပြေန်ကြည့် ဦးမယ်ဆိုပြီး တစ်ခေါက်ပြန်လှည့်သွားရာက ထပ်ဖမ်းခံရတယ်။ အခုထိတော့ သတင်းအစအနထပ်မရသေးဘူး” ဟု ကွတ်ခိုင်မြို့မရဲတပ်ဖွဲ့ စခန်းမှူး ဒုရဲမှူးတင်လတ်က တာချီလိတ်သတင်းအေဂျင်စီသို့ သြဂုတ်လ (၂၁) ရက်နေ့တွင် အတည်ပြုပြောကြားသည်။

ထီရောင်းသူများ စီးနင်းလာသည့် လိုက်ထရပ်ယာဉ်မှာ ထီရောင်းသူများ အဖမ်းခံရပြီး နာရီပိုင်းကြာသည် အထိ အခင်းဖြစ်နေရာတွင် ရှိနေခဲ့ပြီး နောက်ပိုင်းတွင်၎င်းယာဉ်ကိုပါ ရှာဖွေမတွေ့တော့ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

“အဲဒီနေရာတွေက ရဲတပ်ဖွဲ့ချည်းပဲ ဝင်သွားပြီး ရှာဖွေစစ်ဆေးဖို့ မလုံခြုံတဲ့ နေရာဖြစ်နေတာကြောင့် ရပ်/ကျေး အုပ်ချုပ်ရေး တာဝန်ရှိသူတွေကနေ တစ်ဆင့် သတင်းကို စုံစမ်းရတယ်။ ကျွန်တော်တို့သွားပြီး စစ်ဆေးရှာဖွေ မယ်ဆိုရင် တပ်အကူအညီပါမှ ဝင်လို့ရမယ်။ လွတ်လာတဲ့ (၂) ဦးနဲ့တော့တွေ့ပြီး ဖြစ်စဉ်ကို မေးမြန်းပြီးပါပြီ” ဟု စခန်းမှူး ဒုရဲမှူးတင်လတ်က ပြောသည်။

ထီရောင်းချသူများမှာ ရန်ကုန်မြို့ရှိ ရွှမြေန်မာအောင်ဘာလေထီအရောင်းဌာနမှ ကိုယ်စားလှယ်တစ်ဦး ပါဝင်သည့် အဖွဲ့များဖြစ်ပြီး စုစုပေါင်း အမျိုးသား (၁၁) ဦး ပါဝင်ကာ ကွတ်ခိုင်မြို့နှင့်အနီးတစ်ဝိုက်တွင် လှည့်လည် ရောင်းချနကြခြေင်းဖြစ်ပြီး ကွတ်ခိုင်မြို့ နယ်၊ ဟိုနောင်ကျေးရွာအုပ်စု၊ တုံဆိပ်လုံကျေးရွာတွင် သွားရောက် ရောင်းချစဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးခံရသူများမှာ ရွှမြေန်မာအောင်ဘာလေထီ အရောင်းဌာန ကိုယ်စားလှယ် ကိုမင်းမင်းဦး၊ ကိုအောင်မျိုးသူ၊ ကိုဇော်ထက်၊ ကိုသိန်းမင်းထိုက်၊ ကိုဝေယံထက်၊ ကိုမန်းကီး၊ ကိုဘိုဘိုအောင်၊ ကိုသီဟနှင့် ကိုဟိန်းထက် တို့ဖြစ်ပြီး လွတ်မြောက်လာသူများမှာ ကိုကျော်မျိုးဝင်းနှင့် ကိုထင်ကျော်တို့ဖြစ်ကြောင်း သိရသည်။

ကွတ်ခိုင်မြို့နယ်မှာ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့တို့ မကြာခဏ တိုက်ပွဲ ဖြစ်ပွားလေ့ရှိသည့် ဒေသဖြစ်သည်။

သတင်း - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~