က်ိဳင္းတံု - ေတာင္ႀကီးကားလမ္းတြင္ ဆုိင္ကယ္(၂)စီး မ်က္ႏွာခ်င္းဆိုင္ တုိက္မိရာက (၃)ဦး ဒဏ္ရာရရွိသည့္အနက္ တစ္ဦးမွာ စိုးရိမ္ရ

က်ိဳင္းတံု - ေတာင္ႀကီးကားလမ္းတြင္ ဆုိင္ကယ္(၂)စီး မ်က္ႏွာခ်င္းဆိုင္ တုိက္မိရာက (၃)ဦး ဒဏ္ရာရရွိသည့္အနက္ တစ္ဦးမွာ စိုးရိမ္ရ
သြဂုတ် 2, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတံုၿမိဳ႕နယ္၊ ယန္းေလာေက်းရြာအုပ္စု၊ နားခမ္းေက်းရြာအနီး က်ိဳင္းတံု - ေတာင္ႀကီးကားလမ္းတြင္ ၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လ(၁)ရက္ေန႔ ည (၉)နာရီခြဲဝန္းက်င္က ဆိုင္ကယ္(၂)စီး မ်က္ႏွာခ်င္းဆုိင္တိုက္မိရာ (၃)ဦးဒဏ္ရာရသည့္အနက္ တစ္ဦးမွာ စိုးရိမ္ရသည့္အေနအထားတြင္ ရိွေနေၾကာင္း သိရသည္။

အဆိုပါ လမ္းပိုင္းတြင္ အမ်ိဳးသား(၂)ဦး စီးနင္းလာသည့္ ဆုိင္ကယ္သည္ ေတာင္ႀကီးဘက္မွ က်ိဳင္းတံုဘက္လားရာသို႔ ေမာင္းႏွင္လာစဥ္ တစ္ဖက္ယာဥ္ေၾကာမွ အမ်ိဳးသမီးတစ္ဦး ေမာင္းႏွင္လာသည့္ ဆိုင္ကယ္က မ်က္ႏွာခ်င္းဆိုင္ ဝင္တိုက္မိျခင္းျဖစ္ေၾကာင္း သိရသည္။

ယာဥ္တုိက္မႈေၾကာင့္ ဆိုင္ကယ္(၂)စီးလံုးမွ ေမာင္းႏွင္သူမ်ား ျပင္းထန္စြာ ဒဏ္ရာရသြားၿပီး ဆုိင္ကယ္ေနာက္မွ လုိက္ပါလာသူမွာ ဒဏ္ရာအနည္းငယ္ရသြားေၾကာင္း သိရသည္။

ဒဏ္ရာရသြားသူမ်ားကို က်ိဳင္းတံုျပည္သူ႔ေဆးရံုတြင္ ပို႔ေဆာင္ ကုသေပးထားၿပီး ဆုိင္ကယ္ေမာင္းသူ အမ်ိဳးသမီးမွာ သတိမရေသးဘဲ စိုးရိမ္ရသည့္ အေျခအေနတြင္ ရိွေနေၾကာင္း သိရသည္။

အဆိုပါ ယာဥ္တုိက္မႈႏွင့္ ပတ္သက္၍ အမည္စံုစမ္းဆဲ ဆိုင္ကယ္ေမာင္းႏွင္သူအမ်ိဳးသမီးအား က်ိဳင္းတံုၿမိဳ႕မ ရဲစခန္းတြင္ ယာဥ္(ပ) ၃၂/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၃၃၈/၃၃၇/၂၇၉ ျဖင့္ အမႈဖြင့္ထားေၾကာင္း သိရသည္။

သတင္း -  ၿငိမ္းခ်မ္း(ျပည္)
ဓါတ္ပံု ရဲတပ္ဖြဲ႕


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်၊ ယန်းလောကျေးရွာအုပ်စု၊ နားခမ်းကျေးရွာအနီး ကျိုင်းတုံ - တောင်ကြီးကားလမ်းတွင် ၂၀၁၈ ခုနှစ်၊ သြဂုတ်လ(၁)ရက်နေ့ ည (၉)နာရီခွဲဝန်းကျင်က ဆိုင်ကယ်(၂)စီး မျက်နှာချင်းဆိုင်တိုက်မိရာ (၃)ဦးဒဏ်ရာရသည့်အနက် တစ်ဦးမှာ စိုးရိမ်ရသည့်အနေအထားတွင် ရှိနေကြောင်း သိရသည်။

အဆိုပါ လမ်းပိုင်းတွင် အမျိုးသား(၂)ဦး စီးနင်းလာသည့် ဆိုင်ကယ်သည် တောင်ကြီးဘက်မှ ကျိုင်းတုံဘက်လားရာသို့ မောင်းနှင်လာစဉ် တစ်ဖက်ယာဉ်ကြောမှ အမျိုးသမီးတစ်ဦး မောင်းနှင်လာသည့် ဆိုင်ကယ်က မျက်နှာချင်းဆိုင် ဝင်တိုက်မိခြင်းဖြစ်ကြောင်း သိရသည်။

ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်(၂)စီးလုံးမှ မောင်းနှင်သူများ ပြင်းထန်စွာ ဒဏ်ရာရသွားပြီး ဆိုင်ကယ်နောက်မှ လိုက်ပါလာသူမှာ ဒဏ်ရာအနည်းငယ်ရသွားကြောင်း သိရသည်။

ဒဏ်ရာရသွားသူများကို ကျိုင်းတုံပြည်သူ့ဆေးရုံတွင် ပို့ဆောင် ကုသပေးထားပြီး ဆိုင်ကယ်မောင်းသူ အမျိုးသမီးမှာ သတိမရသေးဘဲ စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေကြောင်း သိရသည်။

အဆိုပါ ယာဉ်တိုက်မှုနှင့် ပတ်သက်၍ အမည်စုံစမ်းဆဲ ဆိုင်ကယ်မောင်းနှင်သူအမျိုးသမီးအား ကျိုင်းတုံမြို့မ ရဲစခန်းတွင် ယာဉ်(ပ) ၃၂/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၃၈/၃၃၇/၂၇၉ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

သတင်း - ငြိမ်းချမ်း(ပြည်)
ဓာတ်ပုံ ရဲတပ်ဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~