ေငြေၾကးေတာင္းခံသည့္ ဒုၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးကို အဂတိလိုက္စားမႈ တိုက္ဖ်က္ေရး ဥပေဒျဖင့္ တရားစြဲဆို

ေငြေၾကးေတာင္းခံသည့္ ဒုၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးကို အဂတိလိုက္စားမႈ တိုက္ဖ်က္ေရး ဥပေဒျဖင့္ တရားစြဲဆို
သြဂုတ် 30, 2018
By Tachileik News Agency

ဘီယာဖာမ်ား တရားမဝင္ တင္သြင္းလာသည့္ ေမာ္ေတာ္ယာဥ္တစ္စီး ဖမ္းဆီးရမိမႈကို ေငြေၾကး ေတာင္းခံၿပီး ျပန္လႊတ္ေပးလုိက္သည့္ ေရႊက်င္ ဒုတိယၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးအား အဂတိလုိက္စားမႈ တုိက္ဖ်က္ေရး ဥပေဒပုဒ္မ ၅၆ ျဖင့္ တရားစြဲဆို လုိက္ေၾကာင္း သိရသည္။

ပဲခူးတိုင္းေဒသႀကီး၊ ေရႊက်င္ၿမိဳ႕နယ္၊ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၊ ဒုတိယၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးစိုးမိုးသူအား ၂၀၁၃ ခုနွစ္၊ အဂတိလိုက္စားမႈတိုက္ဖ်က္ေရး ဥပေဒ ပုဒ္မ ၅၆ အရ ပဲခူးတိုင္း ေဒသႀကီးတရား လႊတ္ေတာ္တြင္ ၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လ (၂၉)ရက္ေန႔က တရားစြဲဆို တင္ပို႔လုိက္ျခင္းျဖစ္ေၾကာင္း သိရသည္။

တရားမဝင္ ဘီယာဖာမ်ား တင္ေဆာင္လာသည့္ ေမာ္ေတာ္ယာဥ္အား ၿမိဳ႕အဝင္ တံတားအနီး၌ သဲကြ်ံလ်က္ရွိသည္ကို ေရႊက်င္လူငယ္အဖြဲ႕က ေတြ႕ရွိသျဖင့္ သက္ဆုိင္ရာသို႔ အေၾကာင္းၾကားေပးရာ ဒုတိယၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴး ဦးစိုးမိုးသူ ပါဝင္သည့္ အဖြဲ႕ျဖင့္ ဖမ္းဆီးခဲ့ၿပီးေနာက္ ဦးစိုးမိုးသူက လာဘ္ေငြ က်ပ္ (၂၅)သိန္း ေတာင္းခံရယူကာ ဖမ္းဆီးထားသည္မ်ားကို ျပန္လည္ေပးအပ္လုိက္သျဖင့္  အေရးယူေပးပါရန္ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးေကာ္မရွင္သို႔ တိုင္ၾကားခဲ့ျခင္းျဖစ္ေၾကာင္းသည္။

အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္က စံုစမ္းစစ္ေဆးေရးအဖြဲ႕ျဖင့္ စစ္ေဆးခဲ့ရာ ပဲခူးတိုင္းေဒသႀကီး၊ ေရႊက်င္ၿမိဳ႕နယ္၏ ဒုတိယၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးစိုးမိုးသူသည္ ေခတၱၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးအျဖစ္ တာဝန္ယူ ေဆာင္ရြက္ေနစဥ္ ေရႊက်င္ေခ်ာင္းကူးတံတားအနီး၌ တရားမဝင္ ဘီယာမ်ား တင္ေဆာင္ လာသည့္ ယာဥ္အမွတ္ ၇ခ/၄၈၆၅ အား ၎မွ ဦးေဆာင္၍ ျမန္မာနိုင္ငံရဲတပ္ဖြဲ႕၊ ၿမိဳ႕နယ္စည္ပင္ သာယာေရး ေကာ္မတီ၊ ေရႊက်င္လူငယ္အဖြဲ႕နွင့္ သတင္းမီဒီယာမ်ား ပါဝင္ေသာ အဖြဲ႕ျဖင့္ ဖမ္းဆီး ေဆာင္ရြက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ယင္းေနာက္ ဘီယာဖာမ်ား တရားမဝင္ တင္သြင္းလာသည့္ ပိုင္ရွင္ႏွင့္ ကိုယ္စားလွယ္တုိ႔ထံမွ ၎အတြက္ ေငြက်ပ္(၂၅)သိန္းနွင့္ ဘီယာမ်ား ဖမ္းဆီးရာတြင္ ပါဝင္သည့္ ေရႊက်င္လူငယ္အဖြဲ႔အတြက္ ေငြက်ပ္(၁၀)သိန္းကို ေတာင္းခံရယူခဲ့ကာ ဖမ္းဆီးထားသည့္ ဘီယာဖာမ်ားနွင့္ ေမာ္ေတာ္ယာဥ္မ်ား ျပန္လႊတ္ ေပးလုိက္ျခင္းျဖစ္ေၾကာင္း သိရသည္။

ယင္းေနာက္ ေရႊက်င္လူငယ္အဖြဲ႕အတြက္ ေတာင္းခံရယူထားေသာ ေငြက်ပ္(၁၀)သိန္းကို ၎ေငြေၾကးညိႇႏိႈင္းေတာင္းခံခဲ့သူမ်ားထံ ျပန္လည္ေပးအပ္ခဲ့ေၾကာင္း စစ္ေဆးေပၚေပါက္သျဖင့္ ဦးစိုးမိုးသူကို ၂၀၁၃ ခုနွစ္၊ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးဥပေဒ ပုဒ္မ ၅၆ အရ အေရးယူေဆာင္ရြက္ရန္ ပဲခူးတိုင္းေဒသႀကီး၊ ေရႊက်င္ၿမိဳ႕မရဲစခန္းတြင္ ၾသဂုတ္လ (၂၃)ရက္ေန႔က အမႈဖြင့္ တုိင္ၾကားခဲ့ျခင္းျဖစ္သည္။

Tachileik News Agency


~~~~~~~~⊰❂ unicode ~~~~~~~~

ဘီယာဖာများ တရားမဝင် တင်သွင်းလာသည့် မော်တော်ယာဉ်တစ်စီး ဖမ်းဆီးရမိမှုကို ငွေကြေး တောင်းခံပြီး ပြန်လွှတ်ပေးလိုက်သည့် ရွှေကျင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးအား အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆ ဖြင့် တရားစွဲဆို လိုက်ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမိုးသူအား ၂၀၁၃ ခုနှစ်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၆ အရ ပဲခူးတိုင်း ဒေသကြီးတရား လွှတ်တော်တွင် ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၂၉)ရက်နေ့က တရားစွဲဆို တင်ပို့လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

တရားမဝင် ဘီယာဖာများ တင်ဆောင်လာသည့် မော်တော်ယာဉ်အား မြို့အဝင် တံတားအနီး၌ သဲကျွံလျက်ရှိသည်ကို ရွှေကျင်လူငယ်အဖွဲ့က တွေ့ရှိသဖြင့် သက်ဆိုင်ရာသို့ အကြောင်းကြားပေးရာ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးမိုးသူ ပါဝင်သည့် အဖွဲ့ဖြင့် ဖမ်းဆီးခဲ့ပြီးနောက် ဦးစိုးမိုးသူက လာဘ်ငွေ ကျပ် (၂၅)သိန်း တောင်းခံရယူကာ ဖမ်းဆီးထားသည်များကို ပြန်လည်ပေးအပ်လိုက်သဖြင့် အရေးယူပေးပါရန် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်းသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ဖြင့် စစ်ဆေးခဲ့ရာ ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်၏ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမိုးသူသည် ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ယူ ဆောင်ရွက်နေစဉ် ရွှေကျင်ချောင်းကူးတံတားအနီး၌ တရားမဝင် ဘီယာများ တင်ဆောင် လာသည့် ယာဉ်အမှတ် ၇ခ/၄၈၆၅ အား၎င်းမှ ဦးဆောင်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင် သာယာရေး ကော်မတီ၊ ရွှေကျင်လူငယ်အဖွဲ့နှင့် သတင်းမီဒီယာများ ပါဝင်သော အဖွဲ့ဖြင့် ဖမ်းဆီး ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနောက် ဘီယာဖာများ တရားမဝင် တင်သွင်းလာသည့် ပိုင်ရှင်နှင့် ကိုယ်စားလှယ်တို့ထံမှ၎င်းအတွက် ငွေကျပ်(၂၅)သိန်းနှင့် ဘီယာများ ဖမ်းဆီးရာတွင် ပါဝင်သည့် ရွှေကျင်လူငယ်အဖွဲ့အတွက် ငွေကျပ်(၁၀)သိန်းကို တောင်းခံရယူခဲ့ကာ ဖမ်းဆီးထားသည့် ဘီယာဖာများနှင့် မော်တော်ယာဉ်များ ပြန်လွှတ် ပေးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနောက် ရွှေကျင်လူငယ်အဖွဲ့အတွက် တောင်းခံရယူထားသော ငွေကျပ်(၁၀)သိန်းကို၎င်းငွေကြေးညှိနှိုင်းတောင်းခံခဲ့သူများထံ ပြန်လည်ပေးအပ်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ဦးစိုးမိုးသူကို ၂၀၁၃ ခုနှစ်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ အရေးယူဆောင်ရွက်ရန် ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့မရဲစခန်းတွင် သြဂုတ်လ (၂၃)ရက်နေ့က အမှုဖွင့် တိုင်ကြားခဲ့ခြင်းဖြစ်သည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~