ေအာင္ရဲေထြးေသဆံုးမႈႏွင့္ပတ္သက္၍ အမႈ႐ုပ္သိမ္းခြင့္ျပဳျခင္းကို အဂတိလုိက္စားမႈတုိက္ဖ်က္ေရးေကာ္မရွင္ စစ္ေဆးမည္

ေအာင္ရဲေထြးေသဆံုးမႈႏွင့္ပတ္သက္၍ အမႈ႐ုပ္သိမ္းခြင့္ျပဳျခင္းကို အဂတိလုိက္စားမႈတုိက္ဖ်က္ေရးေကာ္မရွင္ စစ္ေဆးမည္
သြဂုတ် 3, 2018
By 🌸
ရန္ကုန္အေရွ႕ပိုင္းခရိုင္တရားရုံးက ေအာင္ရဲေထြးေသဆံုးမႈႏွင့္ပတ္သက္၍ အမႈရုပ္သိမ္းခြင့္ျပဳလုိက္ျခင္းကို အဂတိလုိက္စားမႈတုိက္ဖ်က္ေရးဥပေဒပုဒ္မ ၃(ဂ)အရ ေက်ာ္ေစာသတင္းအျဖစ္သတ္မွတ္လုိက္ၿပီး ယင္းဥပေဒ ပုဒ္မ ၁၇(စ်) အရ ေကာ္မရွင္သုိ႔ သတင္းေပးပုိ႔ခ်က္အျဖစ္ ေကာ္မ႐ွင္က ၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လ(၂)တြင္ အတည္ျပဳသတ္မွတ္ေၾကာင္း ထုတ္ျပန္လိုက္သည္။

အဂတိလုိက္စားမႈတုိက္ဖ်က္ေရးဥပေဒပုဒ္မ ၃(ဂ)အရ အမ်ားျပည္သူအတြင္း ပ်ံ႕ႏွံ႕ေနသည့္ သတင္းတစ္ရပ္ရပ္တြင္  သူတစ္ဦးဦးသည္ အဂတိလုိက္စားမႈႏွင့္ ပတ္သက္၍ ျပစ္မႈက်ဴးလြန္ေၾကာင္း သကၤာမကင္းဖြယ္ျဖစ္ျခင္းအတြက္ ခုိင္လံုသည့္အေထာက္အထားရိွႏုိင္သည္ဟု ေကာ္မရွင္က ယံုၾကည္ရန္အေၾကာင္းေပၚေပါက္ပါက အဂတိလုိက္စားမႈတုိက္ဖ်က္ေရးေကာ္မရွင္အေနျဖင့္ စံုစမ္းစစ္ေဆးခြင့္ႏွင့္ ဥပေဒအရအေရးယူပိုင္ခြင့္ရိွေၾကာင္း ျပဌာန္းထားျခင္းျဖစ္သည္။

အမႈရုပ္သိမ္းလုိက္ျခင္းမွာ အဂတိလုိက္စားမႈတိုက္ဖ်က္ေရးဥပေဒအရ ျပစ္မႈက်ဴးလြန္မႈရွိေၾကာင္း သကၤာမကင္းဖြယ္ရာျဖစ္ျခင္းအတြက္ ခုိင္လံုသည့္ အေထာက္အထားရွိႏုိင္သည္ဟု ယံုၾကည္ရန္ အေၾကာင္းေပၚေပါက္သျဖင့္ ယင္းကဲ့သို႔ သတ္မွတ္ရန္ ၾသဂုတ္လ(၂)ရက္ေန႔တြင္က်င္းပသည့္ ေကာ္မရွင္အစည္းအေ၀းအမွတ္စဥ္ (၃၂/၂၀၁၈)၌ တက္ေရာက္သူ ေကာ္မရွင္အဖဲြ႕၀င္အားလံုးက တစ္ညီတစ္ညြတ္တည္း ဆံုးျဖတ္လုိက္ျခင္းျဖစ္ေၾကာင္း သိရသည္။

လူမႈကြန္ရက္တြင္ ဟာသဗီဒီယိုမ်ားျဖင့္ လူသိမ်ားသူ သရုပ္ေဆာင္ ေအာင္ရဲေထြး ေသဆုံးမႈႏွင့္ ပတ္သက္ၿပီး ရာဇဝတ္က်င့္ထုံးဥပေဒ ၄၉၄(က)အရအမႈကို ရုပ္သိမ္းခြင့္ျပဳလုိက္ေၾကာင္း ရန္ကုန္အေရွ႕ပိုင္းခရိုင္တရားရုံးက ၂၀၁၈ ခုႏွစ္၊ ဇူလိုင္လ (၂၅) ရက္ေန႔တြင္ အမိန္႔ခ်မွတ္မႈေၾကာင့္ တရားစီရင္ေရးအေပၚ ျပည္သူမ်ားက ေဝဖန္ျပစ္တင္မႈ အမ်ားအျပားထြက္လာျခင္းျဖစ္သည္။

အဆိုပါကိစၥႏွင့္ပတ္သက္၍ ႏိုင္ငံေတာ္သမၼတႏွင့္ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢဳိလ္တို႔က စိစစ္ေမးျမန္းမႈမ်ား ေဆာင္ရြက္ခဲ့ၿပီးေနာက္ ျပည္ေထာင္စုေရွ႕ေနခ်ဳပ္ရုံးက အမႈကိုဆက္လက္စစ္ေဆးရန္အတြက္ တိုင္းေဒသႀကီး တရားလႊတ္ေတာ္သို႔ တင္ျပရန္ တိုင္းေဒသႀကီးဥပေဒခ်ဳပ္ထံ ဇူလုိင္လ(၃၀)ရက္ေန႔က ညႊန္ၾကားလိုက္ေၾကာင္း သိရသည္။

ယင္းအျပင္ အဆိုပါအမႈရုပ္သိမ္းခြင့္ျပဳလိုက္ျခင္း၏ ေနာက္ခံအေၾကာင္းရင္းမ်ား၊ အျခားဆက္ႏြယ္ ပတ္သက္မႈမ်ားကို ဥပေဒႏွင့္အညီ မွန္မွန္ကန္ကန္ ေဆာင္ရြက္ေရးအတြက္ ျပည္ေထာင္စုတရားသူႀကီးခ်ဳပ္၊ ျပည္ေထာင္စု ေ႐ွ႕ေနခ်ဳပ္ႏွင့္ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးေကာ္မ႐ွင္ ဥကၠဌတုိ႔ကိုလည္း ၂၀၁၈ ခုႏွစ္၊ ဇူလုိင္လ(၃၁)ရက္ေန႔တြင္ ႏုိင္ငံေတာ္သမၼတက လမ္းညႊန္မွာၾကားခဲ့ျခင္းျဖစ္သည္။

အမႈမွတရားလိုျပ သက္ေသ (၂၂) ဦးအနက္ သက္ေသ(၈)ဦးမွာ ထြက္ဆိုခ်က္ေပးရန္ က်န္ေနဆဲျဖစ္ေသာ္လည္း အဆိုပါအမႈအား ရုပ္သိမ္းရန္ ရုပ္သိမ္းလႊာကို ေသဆံုးသူေအာင္ရဲေထြး၏ မိသားစုက တင္ျပလာၿပီး တရားလိုျပ သက္ေသ (၁၄) ဦး၏ ထြက္ဆိုခ်က္မ်ားတြင္ ခိုင္လုံသည့္ သက္ေသထြက္ဆိုခ်က္ေပၚေပါက္ျခင္း မရွိသည့္အတြက္ဟုဆိုကာ တိုင္းေဒသႀကီးဥပေဒခ်ဳပ္က အမႈကို ရုပ္သိမ္းရန္ ရုပ္သိမ္းလႊာ တင္သြင္းခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ေအာင္ရဲေထြးကို ၂၀၁၈ ခုႏွစ္ ႏွစ္သစ္ကူးညတြင္ ရန္ကုန္ၿမိဳ႕ရိွ The One Entertainment ၌ လူတစ္စုက ထိုးႀကိတ္ကန္ေၾကာက္မႈေၾကာင့္ ရန္ကုန္ျပည္သူ႔ေဆးရံုႀကီး၌ ေဆးကုသမႈခံယူရင္း ဇန္နဝါရီလ(၂)ရက္ေန႔တြင္ ေသဆံုးသြားခဲ့ျခင္းျဖစ္သည္။

အဆုိပါအမႈႏွင့္ပတ္သက္၍ သန္းထြဋ္ေအာင္(ခ)သားႀကီး၊ ျပည့္ၿဖိဳးေအာင္(ခ)ေအာင္ေလးႏွင့္  ေက်ာ္ေဇာ(ခ)ေက်ာ္ေဇာ္ဟန္တို႔အား တရားစြဲဆိုစစ္ေဆးေနရာမွ ဇူလုိင္လ(၂၅)ရက္ေန႔တြင္ အမႈကို ရုပ္သိမ္းခြင့္ျပဳလုိက္ျခင္းျဖစ္သည္။
Tachileik News Agency

~~~~~~~~⊰❂ unicode ~~~~~~~~
အောင်ရဲထွေးသေဆုံးမှုနှင့်ပတ်သက်၍ အမှုရုပ်သိမ်းခွင့်ပြုခြင်းကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် စစ်ဆေးမည်
*************
ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးက အောင်ရဲထွေးသေဆုံးမှုနှင့်ပတ်သက်၍ အမှုရုပ်သိမ်းခွင့်ပြုလိုက်ခြင်းကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၃(ဂ)အရ ကျော်စောသတင်းအဖြစ်သတ်မှတ်လိုက်ပြီး ယင်းဥပဒေ ပုဒ်မ ၁၇(ဈ) အရ ကော်မရှင်သို့ သတင်းပေးပို့ချက်အဖြစ် ကော်မရှင်က ၂၀၁၈ ခုနှစ်၊ သြဂုတ်လ(၂)တွင် အတည်ပြုသတ်မှတ်ကြောင်း ထုတ်ပြန်လိုက်သည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၃(ဂ)အရ အများပြည်သူအတွင်း ပျံ့နှံ့နေသည့် သတင်းတစ်ရပ်ရပ်တွင်  သူတစ်ဦးဦးသည် အဂတိလိုက်စားမှုနှင့် ပတ်သက်၍ ပြစ်မှုကျူးလွန်ကြောင်း သင်္ကာမကင်းဖွယ်ဖြစ်ခြင်းအတွက် ခိုင်လုံသည့်အထောက်အထားရှိနိုင်သည်ဟု ကော်မရှင်က ယုံကြည်ရန်အကြောင်းပေါ်ပေါက်ပါက အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အနေဖြင့် စုံစမ်းစစ်ဆေးခွင့်နှင့် ဥပဒေအရအရေးယူပိုင်ခွင့်ရှိကြောင်း ပြဌာန်းထားခြင်းဖြစ်သည်။

အမှုရုပ်သိမ်းလိုက်ခြင်းမှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေအရ ပြစ်မှုကျူးလွန်မှုရှိကြောင်း သင်္ကာမကင်းဖွယ်ရာဖြစ်ခြင်းအတွက် ခိုင်လုံသည့် အထောက်အထားရှိနိုင်သည်ဟု ယုံကြည်ရန် အကြောင်းပေါ်ပေါက်သဖြင့် ယင်းကဲ့သို့ သတ်မှတ်ရန် သြဂုတ်လ(၂)ရက်နေ့တွင်ကျင်းပသည့် ကော်မရှင်အစည်းအဝေးအမှတ်စဉ် (၃၂/၂၀၁၈)၌ တက်ရောက်သူ ကော်မရှင်အဖွဲ့ဝင်အားလုံးက တစ်ညီတစ်ညွတ်တည်း ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

လူမှုကွန်ရက်တွင် ဟာသဗီဒီယိုများဖြင့် လူသိများသူ သရုပ်ဆောင် အောင်ရဲထွေး သေဆုံးမှုနှင့် ပတ်သက်ပြီး ရာဇဝတ်ကျင့်ထုံးဥပဒေ ၄၉၄(က)အရအမှုကို ရုပ်သိမ်းခွင့်ပြုလိုက်ကြောင်း ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးက ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၂၅) ရက်နေ့တွင် အမိန့်ချမှတ်မှုကြောင့် တရားစီရင်ရေးအပေါ် ပြည်သူများက ဝေဖန်ပြစ်တင်မှု အများအပြားထွက်လာခြင်းဖြစ်သည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တို့က စိစစ်မေးမြန်းမှုများ ဆောင်ရွက်ခဲ့ပြီးနောက် ပြည်ထောင်စုရှေ့နေချုပ်ရုံးက အမှုကိုဆက်လက်စစ်ဆေးရန်အတွက် တိုင်းဒေသကြီး တရားလွှတ်တော်သို့ တင်ပြရန် တိုင်းဒေသကြီးဥပဒေချုပ်ထံ ဇူလိုင်လ(၃၀)ရက်နေ့က ညွှန်ကြားလိုက်ကြောင်း သိရသည်။

ယင်းအပြင် အဆိုပါအမှုရုပ်သိမ်းခွင့်ပြုလိုက်ခြင်း၏ နောက်ခံအကြောင်းရင်းများ၊ အခြားဆက်နွယ် ပတ်သက်မှုများကို ဥပဒေနှင့်အညီ မှန်မှန်ကန်ကန် ဆောင်ရွက်ရေးအတွက် ပြည်ထောင်စုတရားသူကြီးချုပ်၊ ပြည်ထောင်စု ရှေ့နေချုပ်နှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဌတို့ကိုလည်း ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ(၃၁)ရက်နေ့တွင် နိုင်ငံတော်သမ္မတက လမ်းညွှန်မှာကြားခဲ့ခြင်းဖြစ်သည်။

အမှုမှတရားလိုပြ သက်သေ (၂၂) ဦးအနက် သက်သေ(၈)ဦးမှာ ထွက်ဆိုချက်ပေးရန် ကျန်နေဆဲဖြစ်သော်လည်း အဆိုပါအမှုအား ရုပ်သိမ်းရန် ရုပ်သိမ်းလွှာကို သေဆုံးသူအောင်ရဲထွေး၏ မိသားစုက တင်ပြလာပြီး တရားလိုပြ သက်သေ (၁၄) ဦး၏ ထွက်ဆိုချက်များတွင် ခိုင်လုံသည့် သက်သေထွက်ဆိုချက်ပေါ်ပေါက်ခြင်း မရှိသည့်အတွက်ဟုဆိုကာ တိုင်းဒေသကြီးဥပဒေချုပ်က အမှုကို ရုပ်သိမ်းရန် ရုပ်သိမ်းလွှာ တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အောင်ရဲထွေးကို ၂၀၁၈ ခုနှစ် နှစ်သစ်ကူးညတွင် ရန်ကုန်မြို့ရှိ The One Entertainment ၌ လူတစ်စုက ထိုးကြိတ်ကန်ကြောက်မှုကြောင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှုခံယူရင်း ဇန်နဝါရီလ(၂)ရက်နေ့တွင် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

အဆိုပါအမှုနှင့်ပတ်သက်၍ သန်းထွဋ်အောင်(ခ)သားကြီး၊ ပြည့်ဖြိုးအောင်(ခ)အောင်လေးနှင့်  ကျော်ဇော(ခ)ကျော်ဇော်ဟန်တို့အား တရားစွဲဆိုစစ်ဆေးနေရာမှ ဇူလိုင်လ(၂၅)ရက်နေ့တွင် အမှုကို ရုပ်သိမ်းခွင့်ပြုလိုက်ခြင်းဖြစ်သည်။

Tachileik News Agency

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~