(၉၃)ကြိမ်မြောက် တာချီလိတ် - မယ်ဆိုင် မြို့နယ်အဆင့် နယ်ခြားကော်မတီ အစည်းအဝေး တာချီလိတ်တွင် ကျင်းပ

(၉၃)ကြိမ်မြောက် တာချီလိတ် - မယ်ဆိုင် မြို့နယ်အဆင့် နယ်ခြားကော်မတီ အစည်းအဝေး တာချီလိတ်တွင် ကျင်းပ
သွဂုတျ 17, 2018
By Tachileik News Agency


အဆိုပါ အစည်းအဝေးတွင် ထိုင်း - မြန်မာ မြို့နယ်အဆင့်နယ်ခြားကော်မတီ(မယ်ဆိုင်) ဥက္ကဌ အမှတ်(၃) လှုပ်ရှားယန္တရားတပ်၏ ဗျူဟာမှူး ဗိုလ်မှူးကြီး ကီတာကွမ်း ကျန်းထရားဦးဆောင်သည့် အဖွဲ့နှင့် မြန်မာ - ထိုင်း မြို့နယ်အဆင့် နယ်ခြားကော်မတီ (တာချီလိတ်) ဥက္ကဌ ရှေ့တန်းအမှတ်(၃၂၈) ခြေမြန်တပ်ရင်း၏ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး မြတ်လင်းမောင် ဦးဆောင်သည့် အဖွဲ့တို့မှ တာဝန်ရှိသူများ တက်ရောက် ဆွေးနွေးနေကြခြင်း ဖြစ်သည်။

 အစည်းအဝေးတွင် တာချီလိတ်နှင့် မယ်ဆိုင်ကြား ချစ်ကြည်ရေးတံတားအမှတ်(၂)ကို လူဝင်ထွက်ဂိတ် အဖြစ် တိုးချဲ့အသုံးပြုရေး၊ နှစ်နိုင်ငံ နယ်စပ်ဒေသတစ်လျှောက် နှစ်နိုင်ငံကင်းလှည့်ရေး အစီအစဉ် အပါအဝင် လုံခြုံရေးကိစ္စများ၊ တာချီလိတ်နှင့် မယ်ဆိုင်ဘက်ခြမ်းများတွင် အသီးသီး ခိုလှုံနေကြသည့် နှစ်နိုင်ငံမှ တရားခံပြေးများ ဖမ်းဆီးလွှဲပြောင်းရေး အပါအဝင် တရားဥပဒေ စိုးမိုးရေးကိစ္စများ၊ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးကြကြောင်း သိရသည်။


မြန်မာ - ထိုင်း နှစ်နိုင်ငံမြို့နယ်အဆင့် နယ်ခြားကော်မတီ (TBC)အား (၃)လ တစ်ကြိမ် အလှည့်ကျ စနစ်ဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ်ရာ (၉၂)ကြိမ်မြောက် အစည်းအဝေးအား ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

Tachileik News Agency
Photo Crd: PR Chiang Rai



~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာ - ထိုင်း နှစ်နိုင်ငံမြို့နယ်အဆင့် နယ်ခြားကော်မတီ (TBC)၏ (၉၃)ကြိမ်မြောက်အစည်းအဝေးကို ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ ဇန်းမွန်(အာခါ)ဟိုတယ်တွင် ၂၀၁၈ ခုနှစ်၊ သြဂုတ်လ(၁၇)ရက်နေ့ နံနက်က ကျင်းပပြုလုပ်သည်။

အဆိုပါ အစည်းအဝေးတွင် ထိုင်း - မြန်မာ မြို့နယ်အဆင့်နယ်ခြားကော်မတီ(မယ်ဆိုင်) ဥက္ကဌ အမှတ်(၃) လှုပ်ရှားယန္တရားတပ်၏ ဗျူဟာမှူး ဗိုလ်မှူးကြီး ကီတာကွမ်း ကျန်းထရားဦးဆောင်သည့် အဖွဲ့နှင့် မြန်မာ - ထိုင်း မြို့နယ်အဆင့် နယ်ခြားကော်မတီ (တာချီလိတ်) ဥက္ကဌ ရှေ့တန်းအမှတ်(၃၂၈) ခြမြေန်တပ်ရင်း၏ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး မြတ်လင်းမောင် ဦးဆောင်သည့် အဖွဲ့တို့မှ တာဝန်ရှိသူများ တက်ရောက် ဆွေးနွေးနကြခြေင်း ဖြစ်သည်။

 အစည်းအဝေးတွင် တာချီလိတ်နှင့် မယ်ဆိုင်ကြား ချစ်ကြည်ရေးတံတားအမှတ်(၂)ကို လူဝင်ထွက်ဂိတ် အဖြစ် တိုးချဲ့အသုံးပြုရေး၊ နှစ်နိုင်ငံ နယ်စပ်ဒေသတစ်လျှောက် နှစ်နိုင်ငံကင်းလှည့်ရေး အစီအစဉ် အပါအဝင် လုံခြုံရေးကိစ္စများ၊ တာချီလိတ်နှင့် မယ်ဆိုင်ဘက်ခြမ်းများတွင် အသီးသီး ခိုလှုံနကြေသည့် နှစ်နိုင်ငံမှ တရားခံပြေးများ ဖမ်းဆီးလွှဲပြောင်းရေး အပါအဝင် တရားဥပဒေ စိုးမိုးရေးကိစ္စများ၊ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးကြကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးသို့ ထိုင်းနိုင်ငံ TBC ဘက်မှ ဆွေးနွေးသူ (၄၅)ဦး၊ လေ့လာသူ (၁၁)ဦးပါဝင်သည့် အဖွဲ့နှင့် မြန်မာနိုင်ငံ TBC ဘက်မှ ဆွေးနွေးသူ (၅)ဦး၊ လေ့လာသူ (၂၀)ဦးပါဝင်သည့် အဖွဲ့တို့ တက်ရောက်ကြခြင်းဖြစ်သည်။

မြန်မာ - ထိုင်း နှစ်နိုင်ငံမြို့နယ်အဆင့် နယ်ခြားကော်မတီ (TBC)အား (၃)လ တစ်ကြိမ် အလှည့်ကျ စနစ်ဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ်ရာ (၉၂)ကြိမ်မြောက် အစည်းအေဝးအား ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

Tachileik News Agency
Photo Crd: PR Chiang Rai 

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~