က်ိဳင္းတံုၿမိဳ႕နယ္ မုိင္းခြန္တပ္နယ္ရိွ အေျမာက္တပ္ရင္း၏ သက္သာဆုိင္ ေဖါက္ထြင္းခံရ

က်ိဳင္းတံုၿမိဳ႕နယ္ မုိင္းခြန္တပ္နယ္ရိွ အေျမာက္တပ္ရင္း၏ သက္သာဆုိင္ ေဖါက္ထြင္းခံရ
သြဂုတ် 30, 2018
By Tachileik News Agency

က်ဳိင္းတံုၿမိဳ႕နယ္၊ မုိင္းခြန္ေက်းရြာအုပ္စု၊ မုိင္းခြန္တပ္နယ္ အမွတ္(၄၁၀) အေျမာက္တပ္ရင္း သက္သာဆုိင္အား ေဖါက္ထြင္းသူႏွစ္ဦးကို အေရးယူေပးရန္ ဆုိင္ေဖါက္ထြင္းခံရၿပီး (၄)ရက္အၾကာတြင္ က်ိဳင္းတံုၿမိဳ႕မရဲစခန္း၌ အမႈဖြင့္တုိင္ၾကားလာေၾကာင္း သိရသည္။

တပ္ရင္းသက္သာဆုိင္ တာဝန္ခံျဖစ္သူက ဆိုင္တြင္အေႏြးထည္က်န္ခဲ့သျဖင့္ ၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လ (၂၅)ရက္ေန႔ နံနက္(၁)နာရီခြဲအခ်ိန္တြင္ သြားျပန္ယူရာ ဆုိင္ေရွ႕တံခါးမႀကီး ပြင့္ေနသည္ကို ေတြ႔ရၿပီး ဆုိင္အတြင္းမွ ကုန္ေျခာက္၊ အလွကုန္၊ စားေသာက္ကုန္ႏွင့္ ေဆးပစၥည္းမ်ား ေပ်ာက္ဆံုးေနသည္ကို စစ္ေဆးေတြ႔ရိွခဲ့ရျခင္းျဖစ္ေၾကာင္း သိရသည္။

ၾသဂုတ္လ(၂၆)ရက္ေန႔တြင္ ဆိုင္အနီးဝန္းက်င္ကို စံုစမ္းရာ ၾသဂုတ္လ(၂၅)ရက္ေန႔ နံနက္(၁)နာရီဝန္းက်င္က ဆိုင္အနီးတြင္ ေနထုိင္သည့္ ေနအိမ္တစ္အိမ္မွ ေခြးေဟာင္သံမ်ားၾကားရသျဖင့္ အိမ္ပတ္ဝန္းက်င္အား လက္ႏွိပ္ဓါတ္မီးျဖင့္ ထိုးၾကည့္ရာ တပ္နယ္အနီးတြင္ ေနထုိင္သည့္ ေက်ာ္ႏုိင္ႏွင့္ ဇနီးျဖစ္သူတုိ႔ကို အထုပ္တစ္ေယာက္တစ္ထုပ္စိီျဖင့္ ေတြ႔ရေၾကာင္း စံုစမ္းသိရိွရသည္ဟု သိရသည္။

အဆိုပါ ေဖါက္ထြင္းခံရမႈအား အေရးယူေပးရန္ က်ိဳင္းတံုၿမိဳ႕မရဲစခန္းတြင္ ၾသဂုတ္လ (၂၈)ရက္ေန႔က အမႈဖြင့္တုိင္ၾကားသျဖင့္ (ပ)၃၃၅/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၃၈၀ ျဖင့္ အမႈဖြင့္ထားၿပီး ေက်ာ္ႏုိင္ႏွင့္ ဇနီးအား ဖမ္းဆီးထားေၾကာင္း သိရသည္။

ဓါတ္ပံု - ရဲတပ္ဖြဲ႕



~~~~~~~~⊰❂ unicode ~~~~~~~~


ကျိုင်းတုံမြို့နယ်၊ မိုင်းခွန်ကျေးရွာအုပ်စု၊ မိုင်းခွန်တပ်နယ် အမှတ်(၄၁၀) အမြောက်တပ်ရင်း သက်သာဆိုင်အား ဖောက်ထွင်းသူနှစ်ဦးကို အရေးယူပေးရန် ဆိုင်ဖောက်ထွင်းခံရပြီး (၄)ရက်အကြာတွင် ကျိုင်းတုံမြို့မရဲစခန်း၌ အမှုဖွင့်တိုင်ကြားလာကြောင်း သိရသည်။

တပ်ရင်းသက်သာဆိုင် တာဝန်ခံဖြစ်သူက ဆိုင်တွင်အနွေးထည်ကျန်ခဲ့သဖြင့် ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၂၅)ရက်နေ့ နံနက်(၁)နာရီခွဲအချိန်တွင် သွားပြန်ယူရာ ဆိုင်ရှေ့တံခါးမကြီး ပွင့်နေသည်ကို တွေ့ရပြီး ဆိုင်အတွင်းမှ ကုန်ခြောက်၊ အလှကုန်၊ စားသောက်ကုန်နှင့် ဆေးပစ္စည်းများ ပျောက်ဆုံးနေသည်ကို စစ်ဆေးတွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

သြဂုတ်လ(၂၆)ရက်နေ့တွင် ဆိုင်အနီးဝန်းကျင်ကို စုံစမ်းရာ သြဂုတ်လ(၂၅)ရက်နေ့ နံနက်(၁)နာရီဝန်းကျင်က ဆိုင်အနီးတွင် နေထိုင်သည့် နေအိမ်တစ်အိမ်မှ ခွေးဟောင်သံများကြားရသဖြင့် အိမ်ပတ်ဝန်းကျင်အား လက်နှိပ်ဓာတ်မီးဖြင့် ထိုးကြည့်ရာ တပ်နယ်အနီးတွင် နေထိုင်သည့် ကျော်နိုင်နှင့် ဇနီးဖြစ်သူတို့ကို အထုပ်တစ်ယောက်တစ်ထုပ်စိီဖြင့် တွေ့ရကြောင်း စုံစမ်းသိရှိရသည်ဟု သိရသည်။

အဆိုပါ ဖောက်ထွင်းခံရမှုအား အရေးယူပေးရန် ကျိုင်းတုံမြို့မရဲစခန်းတွင် သြဂုတ်လ (၂၈)ရက်နေ့က အမှုဖွင့်တိုင်ကြားသဖြင့် (ပ)၃၃၅/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့်ထားပြီး ကျော်နိုင်နှင့် ဇနီးအား ဖမ်းဆီးထားကြောင်း သိရသည်။

ဓာတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~