ေရႊေညာင္တြင္ ညီအစ္မႏွစ္ဦးႏွင့္ အမ်ဳိးသားတစ္ဦးတို႔ စကားမ်ားရန္ျဖစ္ရာက ညီအစ္မႏွစ္ဦးအနက္ တစ္ဦးမွာ ဓါးဒဏ္ရာျဖင့္ ေသဆံုး

ေရႊေညာင္တြင္ ညီအစ္မႏွစ္ဦးႏွင့္ အမ်ဳိးသားတစ္ဦးတို႔ စကားမ်ားရန္ျဖစ္ရာက ညီအစ္မႏွစ္ဦးအနက္ တစ္ဦးမွာ ဓါးဒဏ္ရာျဖင့္ ေသဆံုး
သြဂုတ် 21, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(ေတာင္ပိုင္း) ေရႊေညာင္ၿမိဳ႕တြင္ ညီအစ္မႏွစ္ဦးႏွင့္ အမ်ဳိးသားတစ္ဦးတို႔ စကားမ်ား ရန္ျဖစ္ရာက ညီအစ္မ ႏွစ္ဦးအနက္ တစ္ဦးမွာ ဓါးဒဏ္ရာျဖင့္ ေဆးရံုတြင္ ေသဆံုးသြားၿပီး ဓါးျဖင့္ ထိုးသူအား ဖမ္းဆီးအေရးယူ ထားေၾကာင္း သိရသည္။

ေရႊေညာင္ၿမိဳ႕၊ နယ္ေျမ(၁)၊ ေရႊဘံုသာရပ္ကြက္၊ သေျပလမ္းဆံုတြင္ ၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လ (၂၀)ရက္ေန႔ ည(၇)နာရီ မိနစ္(၅၀)အခ်ိန္က မရီရီသန္႔ႏွင့္ မေအးေအးသန္႔တို႔ ညီအစ္မ(၂)ဦးႏွင့္ စကားမ်ား ရန္ျဖစ္သည့္ သိန္းေဇာ္လတ္ဆိုသူက ဓါးျဖင့္ထိုး၍ ထြက္ေျပးသြားသျဖင့္ မရီရီသန္႔မွာ ၀ဲႏုိ႔အုံေအာက္တြင္ ဓါးျဖင့္ ထိုးသြင္း ဒဏ္ရာ(၁)ခ်က္ ရရွိၿပီး ပလက္အေနအထားျဖင့္ လဲက်သြားကာ မေအးေအးသန္႔မွာ ၀ဲဘက္ဗိုက္ေအာက္ ခါးေစာင္းေနရာတြင္ ဓါးျဖင့္ ထိုးသြင္းဒဏ္ရာ(၁)ခ်က္သို႔ ရရွိသြားသည့္ အတြက္  ေတာင္ႀကီး စဝ္စံထြန္း ေဆးရံုသို႔ ပို႔ေဆာင္ေပးလိုက္ရေၾကာင္း သိရသည္။

အဆိုပါ ျဖစ္စဥ္ႏွင့္ ပတ္သက္ၿပီး ဓါးျဖင့္ ထိုး၍ ထြက္ေျပးသူ သိန္းေဇာ္လတ္ အား ဖမ္းဆီးရမိ၍   ေရႊေညာင္နယ္ေျမရဲစခန္းက (ပ) ၉၅/၂၀၁၈၊ ရာဇသတ္ႀကီး ၃၂၆ ျဖင့္ အမႈဖြင့္ ထားရာမွ ယင္း ည(၉)နာရီအခ်ိန္တြင္ အေရးေပၚခန္း၌ ကုသမႈ ခံယူေနသည့္ ညီအစ္မႏွစ္ဦးအနက္ ႏို႔အံုေအာက္တြင္ ဒဏ္ရာ ရရွိထားသည့္ မရီရီသန္႔မွာ ေသဆံုးသြားသျဖင့္ ရာဇသတ္ႀကီး ၃၂၆ မွ ၃၀၂/၃၂၆ သို႔ ေျပာင္းလဲလုိက္ၿပီး သိန္းေဇာ္လတ္အား  စစ္ေဆးေနေၾကာင္း သိရသည္။

သတင္း -  ၿငိမ္းခ်မ္း(ျပည္)


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(တောင်ပိုင်း) ရွှေညောင်မြို့တွင် ညီအစ်မနှစ်ဦးနှင့် အမျိုးသားတစ်ဦးတို့ စကားများ ရန်ဖြစ်ရာက ညီအစ်မ နှစ်ဦးအနက် တစ်ဦးမှာ ဓားဒဏ်ရာဖြင့် ဆေးရုံတွင် သေဆုံးသွားပြီး ဓားဖြင့် ထိုးသူအား ဖမ်းဆီးအရေးယူ ထားကြောင်း သိရသည်။

ရွှေညောင်မြို့၊ နယ်မြေ(၁)၊ ရွှေဘုံသာရပ်ကွက်၊ သပြေလမ်းဆုံတွင် ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၂၀)ရက်နေ့ ည(၇)နာရီ မိနစ်(၅၀)အချိန်က မရီရီသန့်နှင့် မအေးအေးသန့်တို့ ညီအစ်မ(၂)ဦးနှင့် စကားများ ရန်ဖြစ်သည့် သိန်းဇော်လတ်ဆိုသူက ဓားဖြင့်ထိုး၍ ထွက်ပြေးသွားသဖြင့် မရီရီသန့်မှာ ဝဲနို့အုံအောက်တွင် ဓားဖြင့် ထိုးသွင်း ဒဏ်ရာ(၁)ချက် ရရှိပြီး ပလက်အနေအထားဖြင့် လဲကျသွားကာ မအေးအေးသန့်မှာ ဝဲဘက်ဗိုက်အောက် ခါးစောင်းနေရာတွင် ဓားဖြင့် ထိုးသွင်းဒဏ်ရာ(၁)ချက်သို့ ရရှိသွားသည့် အတွက် တောင်ကြီး စဝ်စံထွန်း ဆေးရုံသို့ ပို့ဆောင်ပေးလိုက်ရကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ဓားဖြင့် ထိုး၍ ထွက်ပြေးသူ သိန်းဇော်လတ် အား ဖမ်းဆီးရမိ၍ ရွှေညောင်နယ်မြေရဲစခန်းက (ပ) ၉၅/၂၀၁၈၊ ရာဇသတ်ကြီး ၃၂၆ ဖြင့် အမှုဖွင့် ထားရာမှ ယင်း ည(၉)နာရီအချိန်တွင် အရေးပေါ်ခန်း၌ ကုသမှု ခံယူနေသည့် ညီအစ်မနှစ်ဦးအနက် နို့အုံအောက်တွင် ဒဏ်ရာ ရရှိထားသည့် မရီရီသန့်မှာ သေဆုံးသွားသဖြင့် ရာဇသတ်ကြီး ၃၂၆ မှ ၃၀၂/၃၂၆ သို့ ပြောင်းလဲလိုက်ပြီး သိန်းဇော်လတ်အား စစ်ဆေးနေကြောင်း သိရသည်။

သတင်း - ငြိမ်းချမ်း(ပြည်)

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~