ပင္ေလာင္းမွ ဖယ္ခံုဘက္သို႔ စိတ္ၾကြေဆးျပား (၁၆၀၀) သယ္လာသည့္ အမ်ဳိးသား တစ္ဦးကို ဖမ္းမိ

ပင္ေလာင္းမွ ဖယ္ခံုဘက္သို႔ စိတ္ၾကြေဆးျပား (၁၆၀၀) သယ္လာသည့္ အမ်ဳိးသား တစ္ဦးကို ဖမ္းမိ
သြဂုတ် 13, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(ေတာင္ပိုင္း) ပင္ေလာင္းၿမိဳ႕နယ္၊ ပင္ကာလေက်းရြာအနီးတြင္ ပင္ေလာင္းဘက္မွ ဖယ္ခံုဘက္သို႔ စိတ္ၾကြေဆးျပား (၁၆၀၀)ျပားကို သယ္ေဆာင္လာသည့္ လူငယ္တစ္ဦးကို ဖမ္းဆီးရမိေၾကာင္း သိရသည္။

မူးယစ္တပ္ဖြဲ႕စု(၂၆)ပင္ေလာင္းမွတပ္ဖြဲ႕ဝင္မ်ားသည္ သက္ေသမ်ားႏွင့္အတူ ၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လ(၁၂)ရက္ေန႔ ည(၇)နာရီ အခ်ိန္တြင္ ပင္ေလာင္း - ဖယ္ခံုကားလမ္း၌ စစ္ေဆးေနစဥ္ ပင္ေလာင္းဘက္မွ ဖယ္ခံုဘက္သို႔ ဆုိင္ကယ္ေမာင္းႏွင္လာသည့္ ခြန္ထြန္းေဝဆိုသူအား စစ္ေဆးရာ ၎၏ အက်ႌအိတ္ကပ္ အတြင္းမွ စိတ္ၾကြေဆးျပား (၂၀၀)စီပါသည့္ အထုပ္(၈)ထုပ္ စုစုေပါင္း စိတ္ၾကြေဆးျပား (၁၆၀၀)ျပားကို ေတြ႔ရွိ ဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း သိရသည္။

စိတ္ၾကြေဆးျပားမ်ားႏွင့္အတူ ဖမ္းဆီးရမိသည့္ ခြန္ထြန္းေဝကို ပင္ေလာင္းၿမိဳ႕မရဲစခန္းတြင္ မယ(ပ) ၃၁/၂၀၁၈၊ မူး/စိတ္ပုဒ္မ ၁၉(က)ျဖင့္ အမႈဖြင့္စစ္ေဆးေနေၾကာင္း သိရသည္။

သတင္း -  ၿငိမ္းခ်မ္း(ျပည္)
ဓါတ္ပံု - ရဲတပ္ဖြဲ႕


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(တောင်ပိုင်း) ပင်လောင်းမြို့နယ်၊ ပင်ကာလကျေးရွာအနီးတွင် ပင်လောင်းဘက်မှ ဖယ်ခုံဘက်သို့ စိတ်ကြွဆေးပြား (၁၆၀၀)ပြားကို သယ်ဆောင်လာသည့် လူငယ်တစ်ဦးကို ဖမ်းဆီးရမိကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု(၂၆)ပင်လောင်းမှတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ ၂၀၁၈ ခုနှစ်၊ သြဂုတ်လ(၁၂)ရက်နေ့ ည(၇)နာရီ အချိန်တွင် ပင်လောင်း - ဖယ်ခုံကားလမ်း၌ စစ်ဆေးနေစဉ် ပင်လောင်းဘက်မှ ဖယ်ခုံဘက်သို့ ဆိုင်ကယ်မောင်းနှင်လာသည့် ခွန်ထွန်းဝေဆိုသူအား စစ်ဆေးရာ၎င်း၏ အင်္ကျီအိတ်ကပ် အတွင်းမှ စိတ်ကြွဆေးပြား (၂၀၀)စီပါသည့် အထုပ်(၈)ထုပ် စုစုပေါင်း စိတ်ကြွဆေးပြား (၁၆၀၀)ပြားကို တွေ့ရှိ ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်းဆီးရမိသည့် ခွန်ထွန်းဝေကို ပင်လောင်းမြို့မရဲစခန်းတွင် မယ(ပ) ၃၁/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၉(က)ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

သတင်း - ငြိမ်းချမ်း(ပြည်)
ဓာတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~