သကၤန္းဝတ္မည့္ ေတာဝက္ေဘာလံုးအသင္းဝင္ ၁၂ ဦး မယ္ဆိုင္ ဓာတ္ေတာ္ေစတီတြင္ ဆံခ်

သကၤန္းဝတ္မည့္ ေတာဝက္ေဘာလံုးအသင္းဝင္ ၁၂ ဦး မယ္ဆိုင္ ဓာတ္ေတာ္ေစတီတြင္ ဆံခ်
ဇူလိုင် 24, 2018
By 🌸
သကၤန္းဝတ္မည့္ ေတာဝက္ေဘာလံုးအသင္းမွ ကေလး (၁၁)ဦးႏွင့္ နည္းျပတို႔သည္ ထိုင္းႏုိင္ငံ၊ မယ္ဆုိင္ၿမိဳ႕  ဒိြဳင္ေဝါင္းဘုန္းေတာ္ႀကီးေက်ာင္းအနီး ဓာတ္ေတာ္ေစတီရင္ျပင္တြင္  ၂၀၁၈ ခုႏွစ္ ဇူလိုင္လ (၂၄)ရက္ေန႔ ညေနပိုင္းက ဆံခ်ေနၿပီျဖစ္သည္။

မယ္ဆုိင္ဂူအတြင္း (၁၈)ရက္ၾကာ ကယ္ဆယ္ေရးအတြင္း ေသဆံုးခဲ့ရသည့္ ဆာမန္ခူနန္ အပါအဝင္ ကယ္ဆယ္ေရးတြင္ပါဝင္သူမ်ားအတြက္ ေကာင္းမႈကုသိုလ္ရေစရန္ ေတာဝက္ေဘာလံုးအသင္းမွ ကေလး(၁၁)ဦးႏွင့္ နည္းျပတို႔က ဗုဒၶဘာသာဓေလ့ထံုးတမ္းအရ သကၤန္းဝတ္ၾကျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါကေလး(၁)ဦးႏွင့္ နည္းျပတုိ႔က မယ္ဆုိင္ၿမိဳ႕ ဒိြဳင္ေဝါင္းဘုန္းေတာ္ႀကီးေက်ာင္းတြင္ သကၤန္းဝတ္ၾကမည္ျဖစ္ၿပီး  ကယ္ဆယ္ေရးအတြင္း ေသဆံုးခဲ့သည့္ ေရတပ္အဖြဲ႕ဝင္ေဟာင္း ဆာမန္ခူနန္အား ရည္စူး၍ စစ္သား(၉)ဦးကလည္း အဆုိပါ ဘုန္းႀကီးေက်ာင္းတြင္ပင္ သကၤန္းဝတ္ခဲ့ၾကျခင္းျဖစ္သည္။

ထုိင္းႏုိင္ငံ၏ ဗုဒၶဘာသာဝင္မ်ား ဓေလ့ထံုးစံအရ သကၤန္းမစည္းမီ တစ္ရက္ႀကိဳ၍ ဝတ္ျဖဴစင္ၾကယ္ ဝတ္ဆင္ကာ ဆံခ်ျခင္းကို ဇူလုိင္လ(၂၄)ရက္ေန႔ နံနက္မွစ၍ ဓာတ္ေတာ္ေစတီရင္ျပင္တြင္ ျပဳလုပ္ေနၾကျခင္းျဖစ္သည္။

ထုိင္းအစိုးရက ဂူအတြင္းမွ ကယ္ထုတ္လာသည့္ကေလးမ်ားအား မီဒီယာမ်ားႏွင့္ အင္တာဗ်ဴးျခင္းကို တားျမစ္ထားကာ ကေလးမ်ားအားေစာင့္ေရွာက္ရန္ ေကာ္မတီတစ္ရပ္ျဖင့္ အနီးကပ္ေစာင့္ၾကပ္ၾကည့္ရႈေနျခင္းျဖစ္ၿပီး ေတာဝက္အသင္း သကၤန္းစီးမည့္ အစီအစဥ္ကို သတင္းမီဒီယာမ်ားက သတင္းရယူေနၾကျခင္းျဖစ္သည္။

သတင္း၊ဓါတ္ပံု #ကိုေဇာင္း

~~~~~~~~⊰❂ unicode ~~~~~~~~
သင်္ကန်းဝတ်မည့် တောဝက်ဘောလုံးအသင်းဝင် ၁၂ ဦး မယ်ဆိုင် ဓာတ်တော်စေတီတွင် ဆံချ
**************
သင်္ကန်းဝတ်မည့် တောဝက်ဘောလုံးအသင်းမှ ကလေး (၁၁)ဦးနှင့် နည်းပြတို့သည် ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့  ဒွိုင်ဝေါင်းဘုန်းတော်ကြီးကျောင်းအနီး ဓာတ်တော်စေတီရင်ပြင်တွင်  ၂၀၁၈ ခုနှစ် ဇူလိုင်လ (၂၄)ရက်နေ့ ညနေပိုင်းက ဆံချနေပြီဖြစ်သည်။

မယ်ဆိုင်ဂူအတွင်း (၁၈)ရက်ကြာ ကယ်ဆယ်ရေးအတွင်း သေဆုံးခဲ့ရသည့် ဆာမန်ခူနန် အပါအဝင် ကယ်ဆယ်ရေးတွင်ပါဝင်သူများအတွက် ကောင်းမှုကုသိုလ်ရစေရန် တောဝက်ဘောလုံးအသင်းမှ ကလေး(၁၁)ဦးနှင့် နည်းပြတို့က ဗုဒ္ဓဘာသာဓလေ့ထုံးတမ်းအရ သင်္ကန်းဝတ်ကြခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါကလေး(၁)ဦးနှင့် နည်းပြတို့က မယ်ဆိုင်မြို့ ဒွိုင်ဝေါင်းဘုန်းတော်ကြီးကျောင်းတွင် သင်္ကန်းဝတ်ကြမည်ဖြစ်ပြီး  ကယ်ဆယ်ရေးအတွင်း သေဆုံးခဲ့သည့် ရေတပ်အဖွဲ့ဝင်ဟောင်း ဆာမန်ခူနန်အား ရည်စူး၍ စစ်သား(၉)ဦးကလည်း အဆိုပါ ဘုန်းကြီးကျောင်းတွင်ပင် သင်္ကန်းဝတ်ခဲ့ကြခြင်းဖြစ်သည်။

ထိုင်းနိုင်ငံ၏ ဗုဒ္ဓဘာသာဝင်များ ဓလေ့ထုံးစံအရ သင်္ကန်းမစည်းမီ တစ်ရက်ကြို၍ ဝတ်ဖြူစင်ကြယ် ဝတ်ဆင်ကာ ဆံချခြင်းကို ဇူလိုင်လ(၂၄)ရက်နေ့ နံနက်မှစ၍ ဓာတ်တော်စေတီရင်ပြင်တွင် ပြုလုပ်နေကြခြင်းဖြစ်သည်။

ထိုင်းအစိုးရက ဂူအတွင်းမှ ကယ်ထုတ်လာသည့်ကလေးများအား မီဒီယာများနှင့် အင်တာဗျူးခြင်းကို တားမြစ်ထားကာ ကလေးများအားစောင့်ရှောက်ရန် ကော်မတီတစ်ရပ်ဖြင့် အနီးကပ်စောင့်ကြပ်ကြည့်ရှုနေခြင်းဖြစ်ပြီး တောဝက်အသင်း သင်္ကန်းစီးမည့် အစီအစဉ်ကို သတင်းမီဒီယာများက သတင်းရယူနေကြခြင်းဖြစ်သည်။

သတင်း၊ဓါတ်ပုံ #ကိုဇောင်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~