မယ္ဆုိင္ဂူကယ္ဆယ္ေရးစခန္းတြင္ သတင္းရယူခြင့္ကန္႔သတ္လုိက္ၿပီး မီဒီယာစင္တာကို ပံုဖာေက်းရြာ အုပ္ခ်ဳပ္ေရးမွဴးရံုးသို႔ ေျပာင္းေရႊ႕

မယ္ဆုိင္ဂူကယ္ဆယ္ေရးစခန္းတြင္ သတင္းရယူခြင့္ကန္႔သတ္လုိက္ၿပီး မီဒီယာစင္တာကို ပံုဖာေက်းရြာ အုပ္ခ်ဳပ္ေရးမွဴးရံုးသို႔ ေျပာင္းေရႊ႕
ဇူလိုင် 8, 2018
By 🌸
�Update: 9:19 AM ၊ 8/7/2018�
::::::::::::::::::::::::::::::::::::::::::::
မယ္ဆုိင္ဂူကယ္ဆယ္ေရးႏွင့္ပတ္သက္၍ သတင္းထုတ္ျပန္မႈမ်ားကို ဇူလုိင္လ(၈)ရက္ေန႔ နံနက္တြင္ မယ္ဆုိင္ - ခ်င္းရိုင္းသြားလမ္းေဘးရိွ ပံုဖာေက်းရြာအုပ္ခ်ဳပ္ေရးမွဴးရံုးတြင္ ျပဳလုပ္သြားေတာ့မည္ျဖစ္ေၾကာင္း သိရသည္။

ကယ္ဆယ္ေရးစခန္းဝန္းက်င္တြင္ သတင္းမီဒီယာမ်ားအေနျဖင့္ သတင္းဓါတ္ပံုရိုက္ကူးခြင့္၊ သတင္းရယူခြင့္မရိွေတာ့ဘဲ ပံုဖာေက်းရြာအုပ္ခ်ဳပ္ေရးမွဴးရံုးတြင္ ထုတ္ျပန္လာမည့္သတင္းကို ေစာင့္ဆုိင္းရယူၾကရမည္ျဖစ္ရာ ႏုိင္ငံတကာမီဒီယာမ်ားအပါအဝင္ ရာႏွင့္ခ်ီီသည့္ သတင္းမီဒီယာသမားမ်ား ပံုဖာေက်းရြာအုပ္ခ်ဳပ္ေရးမွဴးရံုးတြင္ ေရာက္ရိွေနၿပီျဖစ္သည္။

ကယ္ဆယ္ေရးလုပ္ေဆာင္ေနသည့္ (၁၅)ရက္ေန႔ေျမာက္ေန႔ ဇူလိုင္လ(၇)ရက္ေန႔ညကတည္းက ကယ္ဆယ္ေရးစခန္းဝန္းက်င္တြင္ ကန္႔သတ္မႈမ်ားစတင္လုပ္ေဆာင္လာၿပီး ဇူလုိင္လ(၈)ရက္ေန႔ နံနက္(၇)နာရီတြင္ ကယ္ဆယ္ေရးစခန္းအတြင္း ကယ္ဆယ္ေရးႏွင့္မသက္ဆုိင္သူအားလံုး ရွင္းလင္းဖယ္ရွားရန္ႏွင့္ သတင္းမီဒီယာမ်ားကို ပံုဖာေက်းရြာအုပ္ခ်ဳပ္ေရးမွဴးရံုးတြင္ ေျပာင္းေရႊ႕ေနရာယူၾကရန္ မယ္ဆုိင္ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွဴးက ေၾကညာခဲ့ျခင္းျဖစ္သည္။

သတင္း၊ဓါတ္ပံု #ကိုေဇာင္း

~~~~~~~~⊰❂ unicode ~~~~~~~~
မယ်ဆိုင်ဂူကယ်ဆယ်ရေးစခန်းတွင် သတင်းရယူခွင့်ကန့်သတ်လိုက်ပြီး မီဒီယာစင်တာကို ပုံဖာကျေးရွာ အုပ်ချုပ်ရေးမှူးရုံးသို့ ပြောင်းရွှေ့
�Update: 9:19 AM ၊ 8/7/2018�
::::::::::::::::::::::::::::::::::::::::::::
မယ်ဆိုင်ဂူကယ်ဆယ်ရေးနှင့်ပတ်သက်၍ သတင်းထုတ်ပြန်မှုများကို ဇူလိုင်လ(၈)ရက်နေ့ နံနက်တွင် မယ်ဆိုင် - ချင်းရိုင်းသွားလမ်းဘေးရှိ ပုံဖာကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ပြုလုပ်သွားတော့မည်ဖြစ်ကြောင်း သိရသည်။

ကယ်ဆယ်ရေးစခန်းဝန်းကျင်တွင် သတင်းမီဒီယာများအနေဖြင့် သတင်းဓါတ်ပုံရိုက်ကူးခွင့်၊ သတင်းရယူခွင့်မရှိတော့ဘဲ ပုံဖာကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ထုတ်ပြန်လာမည့်သတင်းကို စောင့်ဆိုင်းရယူကြရမည်ဖြစ်ရာ နိုင်ငံတကာမီဒီယာများအပါအဝင် ရာနှင့်ချီသည့် သတင်းမီဒီယာသမားများ ပုံဖာကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ရောက်ရှိနေပြီဖြစ်သည်။

ကယ်ဆယ်ရေးလုပ်ဆောင်နေသည့် (၁၅)ရက်နေ့မြောက်နေ့ ဇူလိုင်လ(၇)ရက်နေ့ညကတည်းက ကယ်ဆယ်ရေးစခန်းဝန်းကျင်တွင် ကန့်သတ်မှုများစတင်လုပ်ဆောင်လာပြီး ဇူလိုင်လ(၈)ရက်နေ့ နံနက်(၇)နာရီတွင် ကယ်ဆယ်ရေးစခန်းအတွင်း ကယ်ဆယ်ရေးနှင့်မသက်ဆိုင်သူအားလုံး ရှင်းလင်းဖယ်ရှားရန်နှင့် သတင်းမီဒီယာများကို ပုံဖာကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ပြောင်းရွှေ့နေရာယူကြရန် မယ်ဆိုင်မြို့နယ်ရဲတပ်ဖွဲ့မှူးက ကြေညာခဲ့ခြင်းဖြစ်သည်။

သတင်း၊ဓါတ်ပုံ #ကိုဇောင်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~