မယ္ဆုိင္ဂူမွကယ္ခဲ့သည့္ ေတာဝက္ေဘာလံုးအသင္းဝင္ ၁၂ ဦး သကၤန္းဝတ္မည့္ အစီအစဥ္မ်ားကို မီဒီယာမ်ားသို႔ ရွင္းလင္း

မယ္ဆုိင္ဂူမွကယ္ခဲ့သည့္ ေတာဝက္ေဘာလံုးအသင္းဝင္ ၁၂ ဦး သကၤန္းဝတ္မည့္ အစီအစဥ္မ်ားကို မီဒီယာမ်ားသို႔ ရွင္းလင္း
ဇူလိုင် 22, 2018
By 🌸
မယ္ဆုိင္ဂူအတြင္းမွ ကယ္ဆယ္ခဲ့သည့္ ေတာဝက္ေဘာလံုးအသင္းဝင္မ်ားႏွင့္ နည္းျပတုိ႔ ဇူလိုင္လ(၂၄)ရက္ေန႔တြင္ သကၤန္းဝတ္မည့္အခ်ိန္၌ မီဒီယာမ်ား သတင္းရယူႏိုင္မည့္အစီအစဥ္မ်ားကို မယ္ဆိုင္အုပ္ခ်ဳပ္ေရးမွဴးရံုး၌ ဇူလုိင္လ (၂၂)ရက္ေန႔ ညေနက သတင္းစာရွင္းလင္းပြဲျဖင့္ ရွင္းလင္းေနျခင္းျဖစ္သည္။

မယ္ဆုိင္ဂူအတြင္းမွ ကယ္ဆယ္ခဲ့ရသည့္ ေတာဝက္ေဘာလံုးအသင္းမွ ကေလး(၁၂)ဦးႏွင့္ နည္းျပတို႔ အနက္ ဗုဒၶဘာသာဝင္ ကေလး(၁၁)ဦးႏွင့္ နည္းျပတို႔က ကယ္ဆယ္ေရးအတြင္း ေသဆံုးခဲ့ရသည့္ ဆာမန္ခူနန္ အပါအဝင္ ကယ္ဆယ္ေရးတြင္ပါဝင္သူမ်ားအတြက္ သကၤန္းဝတ္မည့္ ၂၀၁၈ ခုႏွစ္၊ ဇူလုိင္လ (၂၄)ရက္ေန႔၌ တာခ်ီလိတ္ၿမိဳ႕မွ နဂါးႏွစ္ေကာင္ဆရာေတာ္လည္း ၾကြေရာက္မည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါကေလး(၁၂)ဦးက မယ္ဆုိင္ၿမိဳ႕ လြယ္ေဝါင္းဘုန္းေတာ္ႀကီးေက်ာင္းတြင္ သကၤန္းဝတ္ၾကမည္ျဖစ္ၿပီး  ကယ္ဆယ္ေရးအတြင္း ေသဆံုးခဲ့သည့္ ေရတပ္အဖြဲ႕ဝင္ေဟာင္း ဆာမန္ခူနန္အား ရည္စူး၍ စစ္သား(၉)ဦးကလည္း အဆုိပါ ဘုန္းႀကီးေက်ာင္းတြင္ သကၤန္းဝတ္ခဲ့ၾကျခင္းျဖစ္သည္။

ထုိင္းႏုိင္ငံ၏ ဗုဒၶဘာသာဝင္မ်ား ဓေလ့ထံုးစံအရ သကၤန္းမစည္းမီ တစ္ရက္ႀကိဳ၍ ဝတ္ျဖဴစင္ၾကယ္ ဝတ္ဆင္ကာ ဆံခ်ျခင္း ျပဳလုပ္မည္ျဖစ္ရာ ဇူလုိင္လ(၂၄)ရက္ေန႔ နံနက္ (၈)နာရီ (၉)မိနစ္တြင္ မယ္ဆုိင္ၿမိဳ႕ လြယ္ေ၀ါင္းဘုန္းႀကီးေက်ာင္း၌ ဆံခ်ျခင္းကို တာခ်ီလိတ္ၿမိဳ႕မွ နဂါးႏွစ္ေကာင္ဆရာေတာ္က ၾကြေရာက္ ဆံခ်ေပးမည္ျဖစ္ေၾကာင္း သိရသည္။

ယင္းေနာက္ ဇူလုိင္လ(၂၅)ရက္ေန႔ နံနက္ (၇)နာရီအခ်ိန္တြင္ လိြဳင္တုန္းရိွ ေတာရေက်ာင္း၌ သကၤန္း သြားဝတ္ၾကမည္ျဖစ္ၿပီး လြယ္ေဝါင္းဘုန္းႀကီးေက်ာင္းတြင္ သီတင္းသံုးၾကမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း၊ဓါတ္ပံု #ကိုေဇာင္း

~~~~~~~~⊰❂ unicode ~~~~~~~~
မယ်ဆိုင်ဂူမှကယ်ခဲ့သည့် တောဝက်ဘောလုံးအသင်းဝင် ၁၂ ဦး သင်္ကန်းဝတ်မည့် အစီအစဉ်များကို မီဒီယာများသို့ ရှင်းလင်း
***********
မယ်ဆိုင်ဂူအတွင်းမှ ကယ်ဆယ်ခဲ့သည့် တောဝက်ဘောလုံးအသင်းဝင်များနှင့် နည်းပြတို့ ဇူလိုင်လ(၂၄)ရက်နေ့တွင် သင်္ကန်းဝတ်မည့်အချိန်၌ မီဒီယာများ သတင်းရယူနိုင်မည့်အစီအစဉ်များကို မယ်ဆိုင်အုပ်ချုပ်ရေးမှူးရုံး၌ ဇူလိုင်လ (၂၂)ရက်နေ့ ညနေက သတင်းစာရှင်းလင်းပွဲဖြင့် ရှင်းလင်းနေခြင်းဖြစ်သည်။

မယ်ဆိုင်ဂူအတွင်းမှ ကယ်ဆယ်ခဲ့ရသည့် တောဝက်ဘောလုံးအသင်းမှ ကလေး(၁၂)ဦးနှင့် နည်းပြတို့ အနက် ဗုဒ္ဓဘာသာဝင် ကလေး(၁၁)ဦးနှင့် နည်းပြတို့က ကယ်ဆယ်ရေးအတွင်း သေဆုံးခဲ့ရသည့် ဆာမန်ခူနန် အပါအဝင် ကယ်ဆယ်ရေးတွင်ပါဝင်သူများအတွက် သင်္ကန်းဝတ်မည့် ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၂၄)ရက်နေ့၌ တာချီလိတ်မြို့မှ နဂါးနှစ်ကောင်ဆရာတော်လည်း ကြွရောက်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါကလေး(၁၂)ဦးက မယ်ဆိုင်မြို့ လွယ်ဝေါင်းဘုန်းတော်ကြီးကျောင်းတွင် သင်္ကန်းဝတ်ကြမည်ဖြစ်ပြီး  ကယ်ဆယ်ရေးအတွင်း သေဆုံးခဲ့သည့် ရေတပ်အဖွဲ့ဝင်ဟောင်း ဆာမန်ခူနန်အား ရည်စူး၍ စစ်သား(၉)ဦးကလည်း အဆိုပါ ဘုန်းကြီးကျောင်းတွင် သင်္ကန်းဝတ်ခဲ့ကြခြင်းဖြစ်သည်။

ထိုင်းနိုင်ငံ၏ ဗုဒ္ဓဘာသာဝင်များ ဓလေ့ထုံးစံအရ သင်္ကန်းမစည်းမီ တစ်ရက်ကြို၍ ဝတ်ဖြူစင်ကြယ် ဝတ်ဆင်ကာ ဆံချခြင်း ပြုလုပ်မည်ဖြစ်ရာ ဇူလိုင်လ(၂၄)ရက်နေ့ နံနက် (၈)နာရီ (၉)မိနစ်တွင် မယ်ဆိုင်မြို့ လွယ်ဝေါင်းဘုန်းကြီးကျောင်း၌ ဆံချခြင်းကို တာချီလိတ်မြို့မှ နဂါးနှစ်ကောင်ဆရာတော်က ကြွရောက် ဆံချပေးမည်ဖြစ်ကြောင်း သိရသည်။

ယင်းနောက် ဇူလိုင်လ(၂၅)ရက်နေ့ နံနက် (၇)နာရီအချိန်တွင် လွိုင်တုန်းရှိ တောရကျောင်း၌ သင်္ကန်း သွားဝတ်ကြမည်ဖြစ်ပြီး လွယ်ဝေါင်းဘုန်းကြီးကျောင်းတွင် သီတင်းသုံးကြမည်ဖြစ်ကြောင်း သိရသည်။

သတင်း၊ဓါတ်ပုံ #ကိုဇောင်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~