
ဇူလိုငျ 24, 2018
By 🌸



~~~~~~~~⊰❂ unicode ~~~~~~~~
တောဝက်ဘောလုံးအသင်းဝင် ၁၂ ဦး ဆံချရန် မယ်ဆိုင် ဒွိုင်ဝေါင်း ဓာတ်တော်စေတီတွင် ပြင်ဆင်နေ
**************
ထိုင်းနိုင်ငံ၊ မယ်ဆိုင်ဂူအတွင်းမှ (၁၈)ရက်ကြာ ကယ်ထုတ်လာသည့် တောဝက်ဘောလုံးအသင်းမှ ဗုဒ္ဓဘာသာဝင်လူငယ် (၁၁)ဦးနှင့် နည်းပြတို့ သင်္ကန်းဝတ်ရန် မယ်ဆိုင်မြို့ ဒွိုင်ဝေါင်းဘုန်းတော်ကြီးကျောင်းအနီး ဓာတ်တော်စေတီရင်ပြင်တွင် ဆံချရန်အခမ်းအနား ၂၀၁၈ ခုနှစ် ဇူလိုင်လ (၂၄)ရက်နေ့ ညနေပိုင်းက ပြင်ဆင်နေကြခြင်းဖြစ်သည်။

အဆိုပါလူငယ်များ ဗုဒ္ဓဘာသာထုံးတမ်းစဉ်လာအရ သင်္ကန်းဝတ်ခြင်းကို သတင်းမီဒီယာများ လာရောက်သတင်းရယူနေသော်လည်း ထိုင်းအစိုးရက ၎င်းတို့အား သတင်းမီဒီယာများနှင့် အင်တာဗျူးပြုလုပ်ခွင့် တားမြစ်ထားဆဲဖြစ်ပြီး အဆိုပါလူငယ်များ၏ လုံခြုံရေးအပါအဝင် လိုအပ်သည်များ အနီးကပ်ဆောင်ရွက်ပေးမည့် ကော်မတီကိုလည်း ဖွဲ့စည်းတာဝန်ပေးထားခြင်းဖြစ်သည်။

သတင်း၊ဓါတ်ပုံ #ကိုဇောင်း

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~