ေတာဝက္အသင္းဝင္ ကေလး ၁၁ ဦးနွင့္ နည္းျပတုိ႔ သကၤန္းဝတ္ရန္ ဆံခ်မည့္ ဓာတ္ေတာ္ေစတီကုန္းတြင္ အခမ္းအနားျပင္ဆင္ေန

ေတာဝက္အသင္းဝင္ ကေလး ၁၁ ဦးနွင့္ နည္းျပတုိ႔ သကၤန္းဝတ္ရန္ ဆံခ်မည့္ ဓာတ္ေတာ္ေစတီကုန္းတြင္ အခမ္းအနားျပင္ဆင္ေန
ဇူလိုင် 24, 2018
By 🌸
ေတာဝက္အသင္းဝင္ကေလး(၁၁)ဦးႏွင့္နည္းျပတို႔ သကၤန္းဝတ္ရန္ ဆံခ်မည့္ ဇူလုိင္လ(၂၄)ရက္ေန႔ နံနက္ပိုင္းတြင္ ထုိင္းနုိင္ငံ၊ မယ္ဆုိင္ၿမိဳ႕ ဒြိြဳင္ေဝါင္းဘုန္းႀကီးေက်ာင္း ဓာတ္ေတာ္ေစတီကုန္းတြင္ ျပင္ဆင္ထားမႈမ်ားျဖစ္ပါသည္။

ေတာဝက္အသင္းဝင္ကေလး(၁၁)ဦးႏွင့္နည္းျပတို႔ကို နံနက္ (၉)နာရီတြင္ ထိုင္းႏိုင္ငံရိွ ဗုဒၶဘာသာဝင္မ်ား ဓေလ့ထံုးစံအရ သကၤန္းမဝတ္မီ လွည့္လည္နတ္ျပျခင္းကို အဆိုပါ ဘုန္းႀကီးေက်ာင္းတြင္ လုပ္ေဆာင္မည္ျဖစ္သည္။

မယ္ဆိုင္ဂူမွ (၁၈)ၾကာ ကယ္ထုတ္လာၿပီးေနာက္ ကယ္ဆယ္ေရးအတြင္း ေသဆံုးသြားသည့္ ေရတပ္အဖြဲ႕ဝင္ေဟာင္း ဆာမန္ခူနန္အပါအဝင္ ကယ္ဆယ္ေရးတြင္ ပါဝင္ခဲ့သူမ်ားအတြက္ ေကာင္းမႈကုသိုလ္ရေစရန္ ရည္ရြယ္၍ ဗုဒၶဘာသာဝင္ကေလးမ်ား သကၤန္းဝတ္ၾကၿပီး ခရစ္ယာန္ဘာသာဝင္ ကေလး(၁)ဦးကလည္း ၎တုိ႔ယံုၾကည္ကိုးကြယ္မႈအတုိင္း ဆုေတာင္းျခင္းမ်ားကို လုပ္ေဆာင္ခဲ့ျခင္းျဖစ္သည္။

သတင္း၊ဓါတ္ပံု #ကိုေဇာင္း

~~~~~~~~⊰❂ unicode ~~~~~~~~
တောဝက်အသင်းဝင် ကလေး ၁၁ ဦးနှင့် နည်းပြတို့ သင်္ကန်းဝတ်ရန် ဆံချမည့် ဓာတ်တော်စေတီကုန်းတွင် အခမ်းအနားပြင်ဆင်နေ
*****************
တောဝက်အသင်းဝင်ကလေး(၁၁)ဦးနှင့်နည်းပြတို့ သင်္ကန်းဝတ်ရန် ဆံချမည့် ဇူလိုင်လ(၂၄)ရက်နေ့ နံနက်ပိုင်းတွင် ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့ ဒွိုင်ဝေါင်းဘုန်းကြီးကျောင်း ဓာတ်တော်စေတီကုန်းတွင် ပြင်ဆင်ထားမှုများဖြစ်ပါသည်။

တောဝက်အသင်းဝင်ကလေး(၁၁)ဦးနှင့်နည်းပြတို့ကို နံနက် (၉)နာရီတွင် ထိုင်းနိုင်ငံရှိ ဗုဒ္ဓဘာသာဝင်များ ဓလေ့ထုံးစံအရ သင်္ကန်းမဝတ်မီ လှည့်လည်နတ်ပြခြင်းကို အဆိုပါ ဘုန်းကြီးကျောင်းတွင် လုပ်ဆောင်မည်ဖြစ်သည်။

မယ်ဆိုင်ဂူမှ (၁၈)ကြာ ကယ်ထုတ်လာပြီးနောက် ကယ်ဆယ်ရေးအတွင်း သေဆုံးသွားသည့် ရေတပ်အဖွဲ့ဝင်ဟောင်း ဆာမန်ခူနန်အပါအဝင် ကယ်ဆယ်ရေးတွင် ပါဝင်ခဲ့သူများအတွက် ကောင်းမှုကုသိုလ်ရစေရန် ရည်ရွယ်၍ ဗုဒ္ဓဘာသာဝင်ကလေးများ သင်္ကန်းဝတ်ကြပြီး ခရစ်ယာန်ဘာသာဝင် ကလေး(၁)ဦးကလည်း ၎င်းတို့ယုံကြည်ကိုးကွယ်မှုအတိုင်း ဆုတောင်းခြင်းများကို လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

သတင်း၊ဓါတ်ပုံ #ကိုဇောင်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~