
ဇူလိုငျ 24, 2018
By 🌸




~~~~~~~~⊰❂ unicode ~~~~~~~~
တောဝက်ဘောလုံးအသင်းဝင် ၁၂ ဦး ဓာတ်တော်စေတီတော်တွင် ဝါဆိုသင်္ကန်းကပ်လှူ
**************
ထိုင်းနိုင်ငံ မယ်ဆိုင်ဂူအတွင်းမှ (၁၈)ရက်ကြာ ကယ်ထုတ်လာသည့် တောဝက်ဘောလုံးအသင်းမှ (၁၃)ဦးအနက် ဗုဒ္ဓဘာသာဝင် (၁၂)ဦးတို့ သင်္ကန်းဝတ်ရန်ဆံချမည့် ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၂၄)ရက်နေ့တွင် ထိုင်းဗုဒ္ဓဘာသာဝင်တို့ ဓလေ့ထုံးစံအတိုင်း အခမ်းအနားလုပ်ဆောင်နေပြီး ဒွိုင်ဝေါင်းဘုန်းတော်ကြီးကျောင်းရှိ ဓာတ်တော်စေတီတော်တွင် နံနက်ပိုင်းက ဝါဆိုသင်္ကန်းဆက်ကပ်ကြကာ စေတီတော်အား လက်ယာရစ်ပူဇော်ကြသည်။
ယနေ့တွင် တာချီလိတ်မြို့မှ နဂါးနှစ်ကောင်ကျောင်းတိုက် ဆရာတော်ကြီးက ကြွရောက်ဆံချပေးမည်ဖြစ်သည်။
မယ်ဆိုင်ဂူမှ ကယ်ဆယ်ခဲ့သည့် (၁၃)ဦးအနက် ခရစ်ယာန် (၁)ဦးမှာလည်း ခရစ်ယာန်ဘာသာအရ ဆုတောင်းခြင်းများကိုလည်း လုပ်ဆောင်ပေးနေခြင်းဖြစ်သည်။
သတင်း၊ဓါတ်ပုံ #ကိုဇောင်း
 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~