
ဇူလိုငျ 24, 2018
By 🌸


                          

~~~~~~~~⊰❂ unicode ~~~~~~~~
တောဝက်ဘောလုံးအသင်းဝင် ၁၂ ဦးတို့ သင်္ကန်းဝတ်ရန်ဆံချမည့်နေ့ ဓာတ်တော်စေတီတော်တွင် ဆီမီး၊ပန်းကပ်လှူ
**************
ထိုင်းနိုင်ငံ မယ်ဆိုင်ဂူအတွင်းမှ (၁၈)ရက်ကြာ ကယ်ထုတ်လာသည့် တောဝက်ဘောလုံးအသင်းမှ (၁၃)ဦးအနက် ဗုဒ္ဓဘာသာဝင် (၁၂)ဦးတို့ သင်္ကန်းဝတ်ရန်ဆံချမည့် ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၂၄)ရက်နေ့တွင် ထိုင်းဗုဒ္ဓဘာသာဝင်တို့ ဓလေ့ထုံးစံအတိုင်း အခမ်းအနားလုပ်ဆောင်နေရာ နံနက် (၉)နာရီမှစ၍ ဒွိုင်ဝေါင်းဘုန်းတော်ကြီးကျောင်းရှိ ဓာတ်တော်စေတီတော်တွင် ဆီမီး၊ပန်းတို့ ဆက်ကပ်လှူဒါန်းနေကြခြင်းဖြစ်သည်။
ယနေ့တွင် တာချီလိတ်မြို့မှ နဂါးနှစ်ကောင်ကျောင်းတိုက် ဆရာတော်ကြီးက ကြွရောက်ဆံချပေးမည်ဖြစ်သည်။
သတင်း၊ဓါတ်ပုံ #ကိုဇောင်း
 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~