ဂူအတြင္း လူငယ္ ၁၃ ဦးႏွင့္အတူ ဆရာဝန္၊သူနာျပဳ ၈ ဦး အနီးကပ္ေစာင့္ေရွာက္ေနၿပီး မိသားစုႏွင့္ ဆက္သြယ္ႏုိင္ေတာ့မည္

ဂူအတြင္း လူငယ္ ၁၃ ဦးႏွင့္အတူ ဆရာဝန္၊သူနာျပဳ ၈ ဦး အနီးကပ္ေစာင့္ေရွာက္ေနၿပီး မိသားစုႏွင့္ ဆက္သြယ္ႏုိင္ေတာ့မည္
ဇူလိုင် 4, 2018
By 🌸
ဂူအတြင္းရိွ ကေလးမ်ား၏ က်န္းမာေရးအေျခအေနေကာင္းမြန္ေနၿပီး ေရတပ္မွဆရာဝန္၊သူနာျပဳ (၈)ဦးလည္း အတူရိွေနကာ ေရငုပ္ေလ့က်င့္ရန္လည္း ျပင္ဆင္ေနၿပီျဖစ္ေၾကာင္း  ဇူလုိင္လ (၄)ရက္ေန႔မွာ ခ်င္းရို္င္းသတင္းျပန္ၾကားေရး တာဝန္ရိွသူက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာၾကားလိုက္သည္။

"ကေလးေတြ က်န္းက်န္းမာမာရိွေနပါတယ္။ အခုဆိုရင္ သူတို႔နဲ႔အတူ ဆရာဝန္၊ သူနာျပဳ (၈)ေယာက္လည္း အတူရိွေနပါတယ္။ ေဘာလံုးအသင္းက(ဂူအတြင္းမွကေလးမ်ား) အခုဆိုရင္ ေရငုပ္တာလည္း ေလ့က်င့္ဖို႔ ျပင္ေနပါၿပီ။ ကေလးေတြ ျပန္ထြက္လာဖို႔ အေရးႀကီးတာက ေရက်သြားဖို႔ျဖစ္လုိ႔ ေရကိုစုပ္ထုတ္ေနပါတယ္။ ကေလးေတြ က်န္းမာေရးတုိးတက္မႈကိုလည္း အခ်ိန္နဲ႔တေျပးညီ ဂူထဲကေနအျပင္ကို တင္ျပေပးေနသလို လုိအပ္တာေတြကို ေဆာင္ရြက္ေပးေနပါတယ္။ တယ္လီဖုန္းလုိင္းလည္း ဆယ္သြယ္ထားၿပီးျဖစ္လုိ႔ သူတို႔မိသားစုေတြနဲ႔ မနက္ျဖန္ဆို စကားေျပာလုိ႔ရပါၿပီ" လို႔ PR Chaingrai ၏ တာဝန္ခံက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ဂူအတြင္း ပိတ္မိေနသည့္ ေဘာလံုးအသင္းမွ ကေလး (၁၂)ေယာက္ႏွင့္ နည္းျပတို႔မွာ ေတာေတာင္သဘာဝျဖတ္ေက်ာ္ စက္ဘီးစီးအဖြဲ႕ျဖစ္သည့္အျပင္ ေဘာလံုးအားကစားသမားမ်ား ျဖစ္သည့္အတြက္ က်န္းမာေရးႀကံ႕ခုိင္မႈေကာင္းမြန္ေနျခင္းေၾကာင့္ စိုးရိမ္ဖြယ္အေျခအေနမရိွေၾကာင္း သိရသည္။

ဂူအတြင္းပိတ္မိေနသည့္ကေလးမ်ားႏွင့္ပတ္သက္၍ ျမန္မာႏိုင္ငံဘက္မွ စိုးရိမ္ပူပန္မႈမ်ားအတြက္လည္း ျမန္မာႏုိင္ငံသားမ်ားကို ေက်းဇူးတင္ေၾကာင္း တာဝန္ခံက ေျပာၾကားသြားခဲ့သည္။

သတင္း #Tachileik News Agency
ဓါတ္ပံု #Tachileik News Agency, ThainavySEAL

~~~~~~~~⊰❂ unicode ~~~~~~~~
ဂူအတွင်း လူငယ် ၁၃ ဦးနှင့်အတူ ဆရာဝန်၊သူနာပြု ၈ ဦး အနီးကပ်စောင့်ရှောက်နေပြီး မိသားစုနှင့် ဆက်သွယ်နိုင်တော့မည်
::::::::::::::::::::::::::::::::::::::::::::

ဂူအတွင်းရှိ ကလေးများ၏ ကျန်းမာရေးအခြေအနေကောင်းမွန်နေပြီး ရေတပ်မှဆရာဝန်၊သူနာပြု (၈)ဦးလည်း အတူရှိနေကာ ရေငုပ်လေ့ကျင့်ရန်လည်း ပြင်ဆင်နေပြီဖြစ်ကြောင်း  ဇူလိုင်လ (၄)ရက်နေ့မှာ ချင်းရိုင်းသတင်းပြန်ကြားရေး တာဝန်ရှိသူက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောကြားလိုက်သည်။

"ကလေးတွေ ကျန်းကျန်းမာမာရှိနေပါတယ်။ အခုဆိုရင် သူတို့နဲ့အတူ ဆရာဝန်၊ သူနာပြု (၈)ယောက်လည်း အတူရှိနေပါတယ်။ ဘောလုံးအသင်းက(ဂူအတွင်းမှကလေးများ) အခုဆိုရင် ရေငုပ်တာလည်း လေ့ကျင့်ဖို့ ပြင်နေပါပြီ။ ကလေးတွေ ပြန်ထွက်လာဖို့ အရေးကြီးတာက ရေကျသွားဖို့ဖြစ်လို့ ရေကိုစုပ်ထုတ်နေပါတယ်။ ကလေးတွေ ကျန်းမာရေးတိုးတက်မှုကိုလည်း အချိန်နဲ့တပြေးညီ ဂူထဲကနေအပြင်ကို တင်ပြပေးနေသလို လိုအပ်တာတွေကို ဆောင်ရွက်ပေးနေပါတယ်။ တယ်လီဖုန်းလိုင်းလည်း ဆယ်သွယ်ထားပြီးဖြစ်လို့ သူတို့မိသားစုတွေနဲ့ မနက်ဖြန်ဆို စကားပြောလို့ရပါပြီ" လို့ PR Chaingrai ၏ တာဝန်ခံက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဂူအတွင်း ပိတ်မိနေသည့် ဘောလုံးအသင်းမှ ကလေး (၁၂)ယောက်နှင့် နည်းပြတို့မှာ တောတောင်သဘာဝဖြတ်ကျော် စက်ဘီးစီးအဖွဲ့ဖြစ်သည့်အပြင် ဘောလုံးအားကစားသမားများ ဖြစ်သည့်အတွက် ကျန်းမာရေးကြံ့ခိုင်မှုကောင်းမွန်နေခြင်းကြောင့် စိုးရိမ်ဖွယ်အခြေအနေမရှိကြောင်း သိရသည်။

ဂူအတွင်းပိတ်မိနေသည့်ကလေးများနှင့်ပတ်သက်၍ မြန်မာနိုင်ငံဘက်မှ စိုးရိမ်ပူပန်မှုများအတွက်လည်း မြန်မာနိုင်ငံသားများကို ကျေးဇူးတင်ကြောင်း တာဝန်ခံက ပြောကြားသွားခဲ့သည်။

သတင်း #Tachileik News Agency
ဓါတ်ပုံ#Tachileik News Agency, ThainavySEAL

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~