သီဟတင္စိုးအား စြပ္စြဲထားသည့္မုဒိမ္းမႈမွာ အိမ္အကူႏွင့္ပြဲစားတုိ႔ လိမ္လည္တုိင္ၾကားျခင္းျဖစ္

သီဟတင္စိုးအား စြပ္စြဲထားသည့္မုဒိမ္းမႈမွာ အိမ္အကူႏွင့္ပြဲစားတုိ႔ လိမ္လည္တုိင္ၾကားျခင္းျဖစ္
ဇူလိုင် 18, 2018
By 🌸
သရုပ္ေဆာင္ သီဟတင္စုိးအား မုဒိမ္းမႈျဖင့္ အေရးယူရန္ တုိင္တန္းခ်က္မွာ မွန္ကန္မႈမရွိေၾကာင္း ရဲတပ္ဖြဲ႕က ေဖာ္ထုတ္ရရွိသျဖင့္ လိမ္လည္တုိင္တန္းသူမ်ားကို ဥပေဒႏွင့္အညီအေရးယူႏုိင္ေရး ဆက္လက္ေဆာင္ရြက္ေနေၾကာင္း ရန္ကုန္တိုင္းေဒသႀကီးရဲတပ္ဖြဲ႕၏ သတင္းထုတ္ျပန္ခ်က္အရ သိရသည္။

ရုပ္ရွင္သရုပ္ေဆာင္ သီဟတင္စုိးအား အိမ္အကူျဖစ္သူ တရားလုိ ခင္မာျမင့္(ခ) ညိဳညိဳ(ခ) ဇင္မာျမင့္ႏွင့္ အိမ္အကူပြဲစားျဖစ္သူ ေဒၚညိဳတုိ႔ပူးေပါင္း၍ လီဆယ္တုိင္တန္းျခင္းျဖစ္ေၾကာင္း ရန္ကုန္တုိင္းေဒသႀကီး ရဲတပ္ဖြဲ႕မွ မႈခင္းေဖာ္ထုတ္ေရးရဲတပ္ဖြဲ႕ဝင္မ်ားက စစ္ေဆးေတြ႔ရိွထားေၾကာင္း သတင္းထုတ္ျပန္လုိက္ျခင္းျဖစ္သည္။

ရုပ္ရွင္သရုပ္ေဆာင္ သီဟတင္စုိးက အိမ္အကူျဖစ္သူ ခင္မာျမင့္ဆိုသူအား ၂၀၁၈ ခုႏွစ္၊ ဇူလုိင္လ (၁၃)ရက္ေန႔က အဓမၼျပဳက်င့္သည္ဟုဆိုကာ သုဝဏၰနယ္ေျမရဲစခန္းတြင္ (ပ)၃၈၆/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၃၇၆ ျဖင့္ အမႈဖြင့္ခဲ့ျခင္းျဖစ္သည္။

အဆိုပါ အမႈအားေဖာ္ထုတ္ရန္ ရန္ကုန္တုိင္းေဒသႀကီးရဲတပ္ဖြဲ႔မွဴးကုိယ္တုိင္ အနီးကပ္ႀကီးၾကပ္္၍ အေရွ႕ပုိင္းခရုိင္ရဲတပ္ဖြဲ႕မွဴးႏွင့္ မႈခင္းႏွိမ္နင္းေရးဌာနစုမွ ရဲတပ္ဖြဲ႕ဝင္မ်ား၊ သဃၤန္းကၽြန္းၿမိဳ႕နယ္ ရဲတပ္ဖြဲ႕မွ ရဲတပ္ဖြဲ႕ဝင္မ်ားပါဝင္ေသာ အထူးအမႈစစ္အဖြဲ႕ ဖြဲ႕စည္း စံုစမ္းေဆာင္ရြက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

တရားလုိ ခင္မာျမင့္(ခ)ညိဳညိဳ(ခ)ဇင္မာျမင့္သည္ လြန္ခဲ့ေသာ (၄)ႏွစ္ခန္႔က ခင္ပြန္းျဖစ္သူ ေလျဖတ္ၿပီးေနာက္ အိမ္အကူလုပ္ရန္ ေဒၚညိဳႏွင့္ ဆက္သြယ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

 ေဒၚညိဳက ၎အားအိမ္အကူလုပ္၍ အိမ္ရွင္ေယာက္်ားမ်ားအား ျမဴဆြယ္ကာ မုဒိမ္းမႈျဖစ္ေစရန္ လုပ္ေဆာင္ရန္ႏွင့္ အမႈျဖစ္ပါက ေငြေၾကးညွိႏိႈင္းသည့္ကိစၥကုိ ၄င္းမွ တာဝန္ ယူေဆာင္ရြက္မည္ျဖစ္ကာ ရရွိေသာေငြေၾကးကုိ ခြဲေဝသံုးစြဲမည္ဟု သင္ၾကားေပးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ခင္မာျမင့္(ခ)ညိဳညိဳ(ခ)ဇင္မာျမင့္သည္ လြန္ခဲ့ေသာ (၄)ႏွစ္ခန္႔မွစ၍ ေဒၚညိဳ၏ ဆက္သြယ္ေပးမႈျဖင့္ အိမ္အကူအျဖစ္ ေနအိမ္မ်ားတြင္ ဝင္ေရာက္လုပ္ကိုင္ရင္း အိမ္ရွင္အမ်ိဳးသားမ်ားအား မုဒိမ္းမႈျဖစ္ေစရန္ ႀကိဳးစားခဲ့ေသာ္လည္း မေအာင္ျမင္ဘဲ (၆)အိမ္ေျမာက္အျဖစ္ အလုပ္ဝင္ေရာက္လုပ္ကိုင္သည့္ ပဲခူးတုိင္းေဒသႀကီး၊ ပဲခူးေစ်းအနီးရွိ ေနအိမ္မွ အလုပ္လုပ္သူက ၎အားမုဒိမ္းက်င့္သည္ဟုဆိုကာ အိမ္ရွင္မိသားစုထံမွ ေလ်ာ္ေၾကးေတာင္းရာ အဆင္မေျပသျဖင့္ ေဒၚညိဳ၏ေစခုိင္းခ်က္အရ ပဲခူးအမွတ္ (၃)ရဲစခန္းတြင္ မုဒိမ္းမႈအျဖစ္ လီဆယ္တုိင္တန္းခဲ့ဖူးေၾကာင္း သိရသည္။

ယင္းေနာက္ ရုပ္ရွင္သရုပ္ေဆာင္ သီဟတင္စုိးေနအိမ္တြင္ အိမ္အကူလုပ္ရန္ ေဒၚညိဳ၏  ဆက္သြယ္ေပးမႈေၾကာင့္ ၂၀၁၈ ခုႏွစ္ ဇူလိုင္လ(၅)ရက္ေန႔တြင္ အလုပ္ဝင္ခဲ့ၿပီးေနာက္ ေဒၚညိဳ သင္ျပသည့္အတုိင္း လိမ္ညာေျပာဆုိ ႀကံစည္၍ သီဟတင္စိုးအား အမႈေရးဖြင့္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ခင္မာျမင့္အား အိမ္အကူလုပ္ရန္ ဆက္သြယ္ေပးသူ ေဒၚညိဳအားစစ္ေဆးခဲ့ရာ သီဟတင္စုိးအား မုဒိမ္းမႈျဖင့္ လိမ္ညာအမႈမဖြင့္မီ သီဟတင္စုိး၏ဇနီး ဇင္မာဦးထံ ေလ်ာ္ေၾကးက်ပ္သိန္း(၁၀၀)ေပးရန္ ေတာင္းခံရာ မရသျဖင့္ လိမ္ညာ၍ အမႈဖြင့္ခဲ့ျခင္းျဖစ္ေၾကာင္း အစစ္ခံသည္ဟု သိရသည္။

သီဟတင္စိုးအား မႈဒိမ္းမႈျဖင့္ အမႈဖြင့္လိုက္ေၾကာင္းသိရၿပီးေနာက္ လူမႈကြန္ယက္စာမ်က္ႏွာတြင္ အဆိုပါ အိမ္အကူအမ်ိဳးသမီးကို ငွားရမ္းဖူးသည့္အိမ္ရွင္မ်ားက အဆိုပါအိမ္အကူႏွင့္ ပြဲစားအမ်ိဳးသမီးတို႔၏ လိမ္လည္ခဲ့မႈမ်ားကို  ထုတ္ေဖၚေရးသားမႈမ်ားလည္း ထြက္ေပၚခဲ့ျခင္းျဖစ္သည္။

ဓါတ္ပံု #ရန္ကုန္ရဲတပ္ဖြဲ႕

~~~~~~~~⊰❂ unicode ~~~~~~~~
သီဟတင်စိုးအား စွပ်စွဲထားသည့်မုဒိမ်းမှုမှာ အိမ်အကူနှင့်ပွဲစားတို့ လိမ်လည်တိုင်ကြားခြင်းဖြစ်
*************
သရုပ်ဆောင် သီဟတင်စိုးအား မုဒိမ်းမှုဖြင့် အရေးယူရန် တိုင်တန်းချက်မှာ မှန်ကန်မှုမရှိကြောင်း ရဲတပ်ဖွဲ့က ဖော်ထုတ်ရရှိသဖြင့် လိမ်လည်တိုင်တန်းသူများကို ဥပဒေနှင့်အညီအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ရုပ်ရှင်သရုပ်ဆောင် သီဟတင်စိုးအား အိမ်အကူဖြစ်သူ တရားလို ခင်မာမြင့်(ခ) ညိုညို(ခ) ဇင်မာမြင့်နှင့် အိမ်အကူပွဲစားဖြစ်သူ ဒေါ်ညိုတို့ပူးပေါင်း၍ လီဆယ်တိုင်တန်းခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ မှုခင်းဖော်ထုတ်ရေးရဲတပ်ဖွဲ့ဝင်များက စစ်ဆေးတွေ့ရှိထားကြောင်း သတင်းထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
ရုပ်ရှင်သရုပ်ဆောင် သီဟတင်စိုးက အိမ်အကူဖြစ်သူ ခင်မာမြင့်ဆိုသူအား ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၁၃)ရက်နေ့က အဓမ္မပြုကျင့်သည်ဟုဆိုကာ သုဝဏ္ဏနယ်မြေရဲစခန်းတွင် (ပ)၃၈၆/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ အမှုအားဖော်ထုတ်ရန် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးကိုယ်တိုင် အနီးကပ်ကြီးကြပ်၍ အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးနှင့် မှုခင်းနှိမ်နင်းရေးဌာနစုမှ ရဲတပ်ဖွဲ့ဝင်များ၊ သင်္ဃန်းကျွန်းမြို့နယ် ရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များပါဝင်သော အထူးအမှုစစ်အဖွဲ့ ဖွဲ့စည်း စုံစမ်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တရားလို ခင်မာမြင့်(ခ)ညိုညို(ခ)ဇင်မာမြင့်သည် လွန်ခဲ့သော (၄)နှစ်ခန့်က ခင်ပွန်းဖြစ်သူ လေဖြတ်ပြီးနောက် အိမ်အကူလုပ်ရန် ဒေါ်ညိုနှင့် ဆက်သွယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 ဒေါ်ညိုက ၎င်းအားအိမ်အကူလုပ်၍ အိမ်ရှင်ယောက်ျားများအား မြူဆွယ်ကာ မုဒိမ်းမှုဖြစ်စေရန် လုပ်ဆောင်ရန်နှင့် အမှုဖြစ်ပါက ငွေကြေးညှိနှိုင်းသည့်ကိစ္စကို ၎င်းမှ တာဝန် ယူဆောင်ရွက်မည်ဖြစ်ကာ ရရှိသောငွေကြေးကို ခွဲဝေသုံးစွဲမည်ဟု သင်ကြားပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ခင်မာမြင့်(ခ)ညိုညို(ခ)ဇင်မာမြင့်သည် လွန်ခဲ့သော (၄)နှစ်ခန့်မှစ၍ ဒေါ်ညို၏ ဆက်သွယ်ပေးမှုဖြင့် အိမ်အကူအဖြစ် နေအိမ်များတွင် ဝင်ရောက်လုပ်ကိုင်ရင်း အိမ်ရှင်အမျိုးသားများအား မုဒိမ်းမှုဖြစ်စေရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ဘဲ (၆)အိမ်မြောက်အဖြစ် အလုပ်ဝင်ရောက်လုပ်ကိုင်သည့် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးဈေးအနီးရှိ နေအိမ်မှ အလုပ်လုပ်သူက ၎င်းအားမုဒိမ်းကျင့်သည်ဟုဆိုကာ အိမ်ရှင်မိသားစုထံမှ လျော်ကြေးတောင်းရာ အဆင်မပြေသဖြင့် ဒေါ်ညို၏စေခိုင်းချက်အရ ပဲခူးအမှတ် (၃)ရဲစခန်းတွင် မုဒိမ်းမှုအဖြစ် လီဆယ်တိုင်တန်းခဲ့ဖူးကြောင်း သိရသည်။

ယင်းနောက် ရုပ်ရှင်သရုပ်ဆောင် သီဟတင်စိုးနေအိမ်တွင် အိမ်အကူလုပ်ရန် ဒေါ်ညို၏  ဆက်သွယ်ပေးမှုကြောင့် ၂၀၁၈ ခုနှစ် ဇူလိုင်လ(၅)ရက်နေ့တွင် အလုပ်ဝင်ခဲ့ပြီးနောက် ဒေါ်ညို သင်ပြသည့်အတိုင်း လိမ်ညာပြောဆို ကြံစည်၍ သီဟတင်စိုးအား အမှုရေးဖွင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ခင်မာမြင့်အား အိမ်အကူလုပ်ရန် ဆက်သွယ်ပေးသူ ဒေါ်ညိုအားစစ်ဆေးခဲ့ရာ သီဟတင်စိုးအား မုဒိမ်းမှုဖြင့် လိမ်ညာအမှုမဖွင့်မီ သီဟတင်စိုး၏ဇနီး ဇင်မာဦးထံ လျော်ကြေးကျပ်သိန်း(၁၀၀)ပေးရန် တောင်းခံရာ မရသဖြင့် လိမ်ညာ၍ အမှုဖွင့်ခဲ့ခြင်းဖြစ်ကြောင်း အစစ်ခံသည်ဟု သိရသည်။

သီဟတင်စိုးအား မှုဒိမ်းမှုဖြင့် အမှုဖွင့်လိုက်ကြောင်းသိရပြီးနောက် လူမှုကွန်ယက်စာမျက်နှာတွင် အဆိုပါ အိမ်အကူအမျိုးသမီးကို ငှားရမ်းဖူးသည့်အိမ်ရှင်များက အဆိုပါအိမ်အကူနှင့် ပွဲစားအမျိုးသမီးတို့၏ လိမ်လည်ခဲ့မှုများကို  ထုတ်ဖေါ်ရေးသားမှုများလည်း ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။
ဓါတ်ပုံ #ရန်ကုန်ရဲတပ်ဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~