
ဇူလိုငျ 24, 2018
By 🌸



~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ်တွင် ရဲတပ်ဖွဲ့ဦးဆောင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ညပိုင်း ရှောင်တခင်ပိတ်ဆို့စစ်ဆေး
***********
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ပေါ်ရပ်ကွက်များတွင် ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၂၄)ရက်နေ့ ညပိုင်းက ရှောင်တခင်ပိတ်ဆို့ရှာဖွေခြင်းများကို ခရိုင်ရဲတပ်ဖွဲ့မှူးဦးဆောင်သည့် အင်အား (၃၄)ဦးပါဝင်သည့်ပူးပေါင်းအဖွဲ့ဖြင့် ဆောင်ရွက်နေကြောင်း သိရသည်။

ယင်းကဲ့သို့ ရှောင်တခင်ပိတ်ဆို့စစ်ဆေးခြင်းများကို မကြာခဏလုပ်ဆောင်နေခြင်းဖြစ်ပြီး ယနေ့ညပိုင်းတွင် မော်တော်ယာဉ် (၇၅)စီး၊ ဆိုင်ကယ်အစီး(၈၀)နှင့် လူဦးရေစုစုပေါင်း (၁၈၀)ကို စစ်ဆေးခဲ့ကြောင်း သိရသည်။

ရှောင်တခင်ပိတ်ဆို့စစ်ဆေးခြင်းကို ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ပေါ်ထွန်း၊ ဒုမြို့နယ်မှူး ဒုရဲမှူးအောင်ဆန်းဦးတို့က ကြီးကြပ်ပြီး တာချီလိတ်မြို့စခန်း ဒုတိယစခန်းမှူး ရဲအုပ်စန်းညွန့်ဦး ဦးစီးအဖွဲ့၊ နယ်ထိန်းခေါင်းဆောင် ရဲအုပ်အေးလွင်ဦးစီးအဖွဲ့၊ ဟောင်လိတ်ရဲကင်းစခန်းမှ ရဲအုပ်အောင်ဆန်းဦး ဦးစီးအဖွဲ့ ပြည်နယ်(မှု/၊ကူ)မှ ရဲအုပ်နိုင်လင်းဦး ဦးစီးအဖွဲ့၊ ခရိုင်(မှု/နှိမ်)မှ ရဲအုပ်သောင်းရွှေဦးစီးအဖွဲ့၊ မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ကြပ် ဝဏ္ဏနှင့်အဖွဲ့၊ အမှတ်(၁၇၇)ယာဉ်ထိန်းတပ်ဖွဲ့စုမှ တပ်ကြပ်ကြီး ကျော်စွာအောင်နှင့်အဖွဲ့၊ ခမရ(၃၃၁)မှ ဗိုလ်မှူး သန်းထွဋ်ဦးနှင့်အဖွဲ့၊ ပြည်သူ့စစ် ဦးမြင့်ထွန်းနှင့်အဖွဲ့ စုစုပေါင်းအင်အား (၃၄)ဦးဖြင့် စစ်ဆေးခြင်းဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~