
ဇူလိုငျ 27, 2018
By 🌸

ပါပီး(၃)ရွာတွင် အမျိုးသား(၁)ဦးနေအိမ်တွင် ကြိုးဆွဲချသေဆုံးနေကြောင်း နံနက်(၁၀)နာရီအချိန်တွင် တာချီလိတ်မြို့မရဲတပ်ဖွဲ့သို့ အကြောင်းကြားသဖြင့် သွားရောက်စစ်ဆေးရာ အသက်(၂၂)နှစ်အရွယ် လီဟိုဆိုသူအား နေအိမ်အပေါ်ထပ်တွင် ကြိုးဆွဲချသေဆုံးနေသည်ကို စစ်ဆေးတွေ့ရှိရသဖြင့် အလောင်းအား ဆေးရုံသို့ ပို့စစ်ထားကြောင်း သိရသည်။

Tachileik News Agency

~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ်မြို့ ပါပီး(၃)ကျေးရွာတွင် လူငယ်တစ်ဦး နေအိမ်၌ ကြိုးဆွဲချသေဆုံး
*********
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၊ မိုင်းကိုးကျေးရွာအုပ်စု၊ ပါပီး(၃)ရွာတွင် ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၂၇)ရက်နေ့က အသက်(၂၂)နှစ်အရွယ် လူငယ်(၁)ဦး နေအိမ်တွင် ကြိုးဆွဲချသေဆုံးသွားကြောင်း သိရသည်။

ပါပီ(၃)ရွာတွင် အမျိုးသား(၁)ဦးနေအိမ်တွင် ကြိုးဆွဲချသေဆုံးနေကြောင်း နံနက်(၁၀)နာရီအချိန်တွင် တာချီလိတ်မြို့မရဲတပ်ဖွဲ့သို့ အကြောင်းကြားသဖြင့် သွားရောက်စစ်ဆေးရာ အသက်(၂၂)နှစ်အရွယ် လီဟိုဆိုသူအား နေအိမ်အပေါ်ထပ်တွင် ကြိုးဆွဲချသေဆုံးနေသည်ကို စစ်ဆေးတွေ့ရှိရသဖြင့် အလောင်းအား ဆေးရုံသို့ ပို့စစ်ထားကြောင်း သိရသည်။

အဆိုပါသေဆုံးမှုနှင့်ပတ်သက်၍ တာချီလိတ်မြို့မရဲစခန်းတွင် သေမှုသေခင်းအမှတ်စဉ် ၂၄/၂၀၁၈ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
Tachileik News Agency

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~