ဆံရစ္ဝိုင္းထားရိွသူ (၅၀၀)ဦး၀န္းက်င္ ရွိေနသည့္ ပြင့္ျဖဴၿမိဳ႕နယ္ ေရပုတ္ႀကီးေက်းရြာသို႔ လာေရာက္ လည္ပတ္သူမ်ားရိွေန

ဆံရစ္ဝိုင္းထားရိွသူ (၅၀၀)ဦး၀န္းက်င္ ရွိေနသည့္ ပြင့္ျဖဴၿမိဳ႕နယ္ ေရပုတ္ႀကီးေက်းရြာသို႔ လာေရာက္ လည္ပတ္သူမ်ားရိွေန
ဇူလိုင် 21, 2018
By Tachileik News Agency

မေကြးတိုင္းေဒသႀကီး ပြင့္ျဖဴၿမိဳ႕နယ္အတြင္းရိွ ေရပုတ္ႀကီးေက်းရြာတြင္ ဆံရစ္ဝိုင္းထားရိွသူ (၅၀၀)ဦး၀န္းက်င္ ရိွေန၍ ျပည္တြင္းႏွင့္ ျပည္ပမွ လာေရာက္ ေလ့လာေနၾကေၾကာင္း သိရသည္။

“ၿပီးခဲ႔တဲ႔ႏွစ္က မူလြန္အဆင့္ ပဲ႐ွိခဲ့ၿပီး အခုႏွစ္မွ အလယ္တန္းေက်ာင္းခြဲဖြင့္တာပါ။  ေက်ာင္းသားဦးေရ (၇၂၀)႐ွိၿပီး  အဲဒီအထဲက ေက်ာင္းသား၊ေက်ာင္းသူ(၃၀၀)ေက်ာ္ေလာက္က ဆံရစ္၀ိုင္းထားၾကတယ္ဗ်။ ၿပီးခဲ့တဲ့ မေကြးက လမ္းေလွ်ာက္သၾကၤန္မွာ ရြာက ဆံရစ္ဝိုင္းမိန္းမပ်ိဳ အေယာက္(၂၀)ကိုေခၚၿပီး ပဲြထုတ္ေပးခဲ႔ေသးတယ္။ အခုလည္း ေဟာင္ေကာင္ဓာတ္ပံုပညာရွင္အဖဲြ႔က လာေရာက္ဖို႔ စံုစမ္း ခ်ိတ္ဆက္မႈေတြလုပ္ေနတယ္လို႔ သိရပါတယ္”ဟု ေဒသခံ ဦးတင္ေအာင္က ေျပာသည္။

ဆံရစ္ဝိုင္းထားသူ ရွားပါးသြားၿပီျဖစ္ေသာ္လည္း မႏၱေလးတုိင္းေဒသႀကီး၊ ေညာင္ဦးၿမိဳ႕နယ္ႏွင့္ မေကြးတုိင္းေဒသႀကီး ပြင့္ျဖဴၿမိဳ႕နယ္ရိွ ေရပုတ္ႀကီးေက်းရြာတုိ႔တြင္ ေရွးယခင္ကအတုိင္း ဆံရစ္ဝိုင္းထားရိွသည့္ ဓေလ့ရိွေနဆဲ ျဖစ္သျဖင့္ ျပည္တြင္း၊ျပည္ပမွ လာေရာက္လည္ပတ္ေလ့လာသူမ်ား ရိွေနျခင္းျဖစ္ေၾကာင္း သိရသည္။

“မေကြး၊ ရန္ကုန္နဲ႔ မႏၱေလးၿမိဳ႕ေတြက ဧည့္သည္ေတြနဲ႔ ႏိုင္ငံျခားသားဧည့္သည္တစ္ခ်ိဳ႕ပါ လာေရာက္ လည္ပတ္ ေလ႔လာၾကတာရိွေပမဲ့ ေညာင္ဦးၿမိဳ႕နယ္က စက္စက္ယိုရြာေလာက္ေတာ့    မေက်ာ္ၾကားေသးဘူး။ ၂၀၁၄ခုႏွစ္ေလာက္ကစၿပီး ေတာ့မွ ဓါတ္ပံုဆရာေတြရဲ႕ အဆက္အသြယ္နဲ႔ ဧည့္သည္ေတြ လာေရာက္ လည္ပတ္မႈ ရိွလာတယ္လို႔ ေျပာရမယ္ဗ်” ဟု ေက်း႐ြာအုပ္ခ်ဳပ္ေရးမွဴး ဦးလူ၀င္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေရပုတ္ႀကီးေက်းရြာတြင္ အိမ္ေျခ(၆၅၀)၊ လူဦးေရ(၃၁၇၀)ဦး႐ွိကာ ယခုအခ်ိန္ထိ ဆံရစ္ဝိုင္းထားရိွသူ အမ်ိဳးသမီး၊ အမ်ိဳးသားဦးေရ(၅၀၀)၀န္းက်င္ ရိွေနဆဲျဖစ္ေၾကာင္း သိရသည္။

သတင္း - ဖီးနစ္
ဓါတ္ပံု - ကိုေဇာ္ (မေကြး) [Zaw Min Latt]


~~~~~~~~⊰❂ unicode ~~~~~~~~

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်အတွင်းရှိ ရေပုတ်ကြီးကျေးရွာတွင် ဆံရစ်ဝိုင်းထားရှိသူ (၅၀၀)ဦးဝန်းကျင် ရှိနေ၍ ပြည်တွင်းနှင့် ပြည်ပမှ လာရောက် လေ့လာနကြေကြောင်း သိရသည်။

“ပြီးခဲ့တဲ့နှစ်က မူလွန်အဆင့် ပဲရှိခဲ့ပြီး အခုနှစ်မှ အလယ်တန်းကျောင်းခွဲဖွင့်တာပါ။ ကျောင်းသားဦးရေ (၇၂၀)ရှိပြီး အဲဒီအထဲက ကျောင်းသား၊ကျောင်းသူ(၃၀၀)ကျော်လောက်က ဆံရစ်ဝိုင်းထားကြတယ်ဗျ။ ပြီးခဲ့တဲ့ မကွေးက လမ်းလျှောက်သင်္ကြန်မှာ ရွာက ဆံရစ်ဝိုင်းမိန်းမပျို အယောက်(၂၀)ကိုခေါ်ပြီး ပွဲထုတ်ပေးခဲ့သေးတယ်။ အခုလည်း ဟောင်ကောင်ဓာတ်ပုံပညာရှင်အဖွဲ့က လာရောက်ဖို့ စုံစမ်း ချိတ်ဆက်မှုတွေလုပ်နေတယ်လို့ သိရပါတယ်”ဟု ဒေသခံ ဦးတင်အောင်က ပြောသည်။

ဆံရစ်ဝိုင်းထားသူ ရှားပါးသွားပြီဖြစ်သော်လည်း မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်ရှိ ရေပုတ်ကြီးကျေးရွာတို့တွင် ရှေးယခင်ကအတိုင်း ဆံရစ်ဝိုင်းထားရှိသည့် ဓလေ့ရှိနေဆဲ ဖြစ်သဖြင့် ပြည်တွင်း၊ပြည်ပမှ လာရောက်လည်ပတ်လေ့လာသူများ ရှိနခြေင်းဖြစ်ကြောင်း သိရသည်။

“မကွေး၊ ရန်ကုန်နဲ့ မန္တလေးမြို့တွေက ဧည့်သည်တွေနဲ့ နိုင်ငံခြားသားဧည့်သည်တစ်ချို့ပါ လာရောက် လည်ပတ် လေ့လာကြတာရှိပေမဲ့ ညောင်ဦးမြို့နယ်က စက်စက်ယိုရွာလောက်တော့ မကျော်ကြားသေးဘူး။ ၂၀၁၄ခုနှစ်လောက်ကစပြီး တော့မှ ဓာတ်ပုံဆရာတွေရဲ့ အဆက်အသွယ်နဲ့ ဧည့်သည်တွေ လာရောက် လည်ပတ်မှု ရှိလာတယ်လို့ ပြောရမယ်ဗျ” ဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးလူဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ရေပုတ်ကြီးကျေးရွာတွင် အိမ်ခြေ(၆၅၀)၊ လူဦးရေ(၃၁၇၀)ဦးရှိကာ ယခုအချိန်ထိ ဆံရစ်ဝိုင်းထားရှိသူ အမျိုးသမီး၊ အမျိုးသားဦးရေ(၅၀၀)ဝန်းကျင် ရှိနေဆဲဖြစ်ကြောင်း သိရသည်။

သတင်း - ဖီးနစ်
ဓာတ်ပုံ - ကိုဇော် (မကွေး) [Zaw Min Latt]

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~