
ဇူလိုငျ 8, 2018
By 🌸
အီလန်မတ်စ်၏ အင်ဂျင်နီယာတစ်ဦးမှာ မယ်ဆိုင်ဂူအတွင်း ကယ်ဆယ်ရေးလုပ်ငန်းများတွင် ယခင်ကတည်းက ပါဝင်နေကြောင်း ဝန်ကြီးချုပ်ရုံး၏ ပြောရေးဆိုခွင့်ရှိသူလက်ထောက်က အတည်ပြုပြောကြားကြောင်း ThaiTBS သတင်းဌာနက ဖေါ်ပြထားသည်။
Tachileik News Agency

~~~~~~~~⊰❂ unicode ~~~~~~~~

မယ်ဆိုင်ဂူကယ်ဆယ်ရေးတွင် ပူးပေါင်းကူညီမည့် SpaceXနှင့် ဘိုးရင်းကုမ္ပဏီမှ အင်ဂျင်နီယာနှစ်ဦးရောက်ရှိ
******************
မယ်ဆိုင်ဂူအတွင်းကယ်ဆယ်ရေးတွင် ပူးပေါင်းကူညီမည့် အမေရိကန်ဘီလျံနာအီလန်မတ်စ်၏ SpaceX နှင့် ဘိုးရင်းကုမ္ပဏီမှ အင်ဂျင်နီယာနှစ်ဦး ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၇)ရက်နေ့က ဘန်ကောက်သို့ရောက်ရှိလာပြီး ဇူလိုင်လ(၈)ရက်နေ့တွင် (၇)ယောက်ထပ်မံရောက်ရှိလာမည်ဖြစ်ကြောင်း သိရသည်။

အီလန်မတ်စ်၏ အင်ဂျင်နီယာတစ်ဦးမှာ မယ်ဆိုင်ဂူအတွင်း ကယ်ဆယ်ရေးလုပ်ငန်းများတွင် ယခင်ကတည်းက ပါဝင်နေကြောင်း ဝန်ကြီးချုပ်ရုံး၏ ပြောရေးဆိုခွင့်ရှိသူလက်ထောက်က အတည်ပြုပြောကြားသည်။

ဂူအတွင်းပိတ်မိနေသည့် ကလေး(၁၃)ဦးကို ရှာဖွေတွေ့ရှိပြီးနောက် ၎င်းတို့အား ကယ်ထုတ်ရန် အခက်အခဲဖြစ်နေစဉ် SpaceX မှအကူအညီရရှိရန် SpaceX ရှိ ၎င်း၏အသိမိတ်ဆွေတစ်ဦးထံမှ အကူအညီတောင်းခံခဲ့ခြင်းဖြစ်ကြောင်း ချင်းရိုင်းခရိုင်အုပ်ချုပ်ရေးမှူးက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားထားသည်။

Tachileik News Agency
 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~