ကျောက်မဲခရိုင်အတွင်း တိုက်ပွဲရှောင်တိမ်းလာသူ (၁၉၀၀)နီးပါး ရှိနေ၍ စားနပ်ရိက္ခာများ လိုအပ်နေ

ကျောက်မဲခရိုင်အတွင်း တိုက်ပွဲရှောင်တိမ်းလာသူ (၁၉၀၀)နီးပါး ရှိနေ၍ စားနပ်ရိက္ခာများ လိုအပ်နေ
ဇူလိုငျ 19, 2018
By Tachileik News Agency



နမ္မတူမြို့နယ်တွင်  ဒေသတွင်းတိုက်ပွဲများ ဖြစ်လာနိုင်သည်ဟုယူဆသဖြင့် ဒေသခံများက ဇူလိုင်လ (၁၆) ရက်နေ့မှစ၍ စစ်ကြိုရှောင်နေကြခြင်းဖြစ်ရာ ပန်လုံကျေးရွာ မှ အိမ်ထောင်စု (၁၀၄)စု၊ လူဦးရေ (၃၃၅)ဦးတို့က သီပေါမြို့နယ် မိုးတေကျေးရွာရှိ ကျေးရွာဘုန်းကြီးကျောင်းတွင် လည်းကောင်း ဇူလိုင်လ (၁၇ / ရက်နှင့် (၁၈) ရက်နေ့များတွင် နမ္မတူမြို့နယ် ပန်လုံကျေးရွာအနီးရှိ ကျေးရွာပေါင်း (၅) ခုမှ ဒေသခံ ၆၄၈ ဦးတို့က နမ္မတူမြို့နယ်နှင့် သီပေါမြို့ နယ်အစပ် မိုးတေတံတားအနီးရှိ မန်လီကျေးရွာ ဘုန်းကြီးကျောင်းတွင် လည်းကောင်း၊ ဇူလိုင်လ (၁၆) ရက်နေ့မှစ၍ နမ္မတူမြို့နယ်အတွင်းရှိ မန်စံကျေးရွာအုပ်စု၊ မိုင်းငု ကျေးရွာအုပ်စုတို့ရှိ လုံမိတ်ကျေးရွာ၊ ဆန်ခါကျေးရွာ၊ မန်မိုင်ကျေးရွာ၊ကောင်းဟုန်းကျေးရွာ၊ နမ့်မိုင်ကျေးရွာတို့မှ စုစုပေါင်း အိမ်ထောင်စု (၁၄၉) စုတို့မှ လူဦးရေ (၇၀၀) ခန့် တို့သည် မန်စံကျေးရွာရှိ ရွှေစကားဝါ(မြောက်ကျောင်း) နှင့် TEC ဘော်ဒါဆောင်တို့တွင် အသီးသီးခိုလှုံနေကြခြင်းဖြစ်ကြောင်း သိရသည်။

သီပေါမြို့နယ် မိုးတေကျေးရွာဘုန်းကြီးကျောင်းနှင့် ဘိုးတော်ကျောင်း၊ ရတနာရွှေဂူကျောင်းတို့တွင် ခိုလှုံနေသည့် စုစုပေါင်း တိုက်ပွဲရှောင်ဦးရေ (၅၀၀) နီးပါးရောက်ရှိနေကြပြီး ဇူလိုင်လ (၁၇) ရက်နေ့က သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှု ဦးစီးဌာန (ကျောက်မဲမြို့) မှ အခြေခံပစ္စည်း (၉)မျိုးကို လာရောက်ထောက်ပံ့မှုရှိထားကြောင်း သိရှိရသည်။

သတင်း - နေဖြိုးမြင့်




~~~~~~~~⊰❂ unicode ~~~~~~~~


ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင် နမ္မတူမြို့နယ်နှင့် သီပေါမြို့နယ်အတွင်း ၂၀၁၈ ခုနှစ် ဇူလိုင်လ (၁၆)ရက်နေ့မှ (၁၉)ရက်နေ့အထိ တိုက်ပွဲရှောင်တိမ်းလာသူ ဦးရေမှာ (၁,၉၀၀) နီးပါး အထိရှိပြီး စားနပ်ရိက္ခါ လိုအပ်နေကြောင်း တိုက်ပွဲရှောင်ဒေသခံများအား ကူညီပေးနေသည့် ပရဟိတအဖွဲ့ထံမှ သိရသည်။

“ပန်လုံနယ်တစ်ဝိုက်က ရွာ (၅)ရွာကနေလာကြတဲ့ လူဦးရေ (၆၄၈) ဦးကတော့ သီပေါနဲ့ နမ္မတူနယ်စပ်က မန်လီကျေးရွာဘုန်းကြီးကျောင်းမှာနေ နေတယ်။ စားသောက်ဖို့အတွက်က အလှူရှင်တွေနဲ့ ပေါင်းစပ်ပြီးတော့ အသင်းကနေ စီစဉ်ပေးထားပါတယ်။ စားနပ်ရိက္ခါပဲ လိုအပ်ချက်ရှိတယ်” ဟု တိုက်ပွဲရှောင်များကို ကူညီနေသည့် နယ်စည်းမခြားပရဟိတ အသင်းမှ ကိုမျိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

နမ္မတူမြို့နယ်တွင် ဒေသတွင်းတိုက်ပွဲများ ဖြစ်လာနိုင်သည်ဟုယူဆသဖြင့် ဒေသခံများက ဇူလိုင်လ (၁၆) ရက်နေ့မှစ၍ စစ်ကြိုရှောင်နကြခြေင်းဖြစ်ရာ ပန်လုံကျေးရွာ မှ အိမ်ထောင်စု (၁၀၄)စု၊ လူဦးရေ (၃၃၅)ဦးတို့က သီပေါမြို့နယ် မိုးတေကျေးရွာရှိ ကျေးရွာဘုန်းကြီးကျောင်းတွင် လည်းကောင်း ဇူလိုင်လ (၁၇ / ရက်နှင့် (၁၈) ရက်နေ့များတွင် နမ္မတူမြို့နယ် ပန်လုံကျေးရွာအနီးရှိ ကျေးရွာပေါင်း (၅) ခုမှ ဒေသခံ ၆၄၈ ဦးတို့က နမ္မတူမြို့နယ်နှင့် သီပေါမြို့ နယ်အစပ် မိုးတေတံတားအနီးရှိ မန်လီကျေးရွာ ဘုန်းကြီးကျောင်းတွင် လည်းကောင်း၊ ဇူလိုင်လ (၁၆) ရက်နေ့မှစ၍ နမ္မတူမြို့နယ်အတွင်းရှိ မန်စံကျေးရွာအုပ်စု၊ မိုင်းငု ကျေးရွာအုပ်စုတို့ရှိ လုံမိတ်ကျေးရွာ၊ ဆန်ခါကျေးရွာ၊ မန်မိုင်ကျေးရွာ၊ကောင်းဟုန်းကျေးရွာ၊ နမ့်မိုင်ကျေးရွာတို့မှ စုစုပေါင်း အိမ်ထောင်စု (၁၄၉) စုတို့မှ လူဦးရေ (၇၀၀) ခန့် တို့သည် မန်စံကျေးရွာရှိ ရွှေစကားဝါ(မြောက်ကျောင်း) နှင့် TEC ဘော်ဒါဆောင်တို့တွင် အသီးသီးခိုလှုံနကြခြေင်းဖြစ်ကြောငး် သိရသည်။

သီပေါမြို့နယ် မိုးတေကျေးရွာဘုန်းကြီးကျောင်းနှင့် ဘိုးတော်ကျောင်း၊ ရတနာရွှေဂူကျောင်းတို့တွင် ခိုလှုံနေသည့် စုစုပေါင်း တိုက်ပွဲရှောင်ဦးရေ (၅၀၀) နီးပါးရောက်ရှိနကြပြေီး ဇူလိုင်လ (၁၇) ရက်နေ့က သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှု ဦးစီးဌာန (ကျောက်မဲမြို့) မှ အခြေခံပစ္စည်း (၉)မျိုးကို လာရောက်ထောက်ပံ့မှုရှိထားကြောင်း သိရှိရသည်။

သတင်း - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~