ဖားကန္႔တြင္ ဇူလုိင္လအတြင္း ဒုတိယအႀကိမ္ ေျမစာပံုၿပိဳက် ကယ္ဆယ္ေရးအခက္ေတြ႔ေနဆဲ

ဖားကန္႔တြင္ ဇူလုိင္လအတြင္း ဒုတိယအႀကိမ္ ေျမစာပံုၿပိဳက် ကယ္ဆယ္ေရးအခက္ေတြ႔ေနဆဲ
ဇူလိုင် 24, 2018
By 🌸
ကခ်င္ျပည္နယ္ ဖားကန္႔ၿမိဳ႕နယ္တြင္ ဇူလိုင္လအတြင္း ဒုတိယအႀကိမ္ လုပ္ကြက္ေျမစာပံုၿပိဳက်မႈ ၂၀၁၈ ခုႏွစ္၊ ဇူလုိင္လ(၂၄)ရက္ေန႔ နံနက္ (၅)နာရီဝန္းက်င္ကျဖစ္ပြားရာ လက္ရိွအခ်ိန္ထိ ေပ်ာက္ဆံုးသူမ်ား ရွာေဖြကယ္ဆယ္ေရးအတြက္ အခက္အခဲေတြ႔ေနရဆဲျဖစ္ေၾကာင္း သိရသည္။

ဖားကန္႔ၿမိဳ႕နယ္ ဆပ္မူေက်းရြာအုပ္စု၊ မက္မံေက်းရြာအပိုင္၊ ေအာက္မက္လင္ေခ်ာင္ေက်းရြာအနီးရိွ ဧရာရတနာကုမၸဏီ၏ သက္တမ္းကုန္လုပ္ကြက္မွ ကမ္းပါးနံရံၿပိဳက်သြားျခင္းျဖစ္ၿပီး ေန႔လယ္(၁)နာရီခြဲအခ်ိန္ထိ ဖားကန္႔ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးမွဴးႏွင့္ ဖားကန္႔ၿမိဳ႕နယ္ NLD ပါတီမွ ျပန္ၾကားေရးတာဝန္ခံ ေဒၚမုိးမုိးတို႔ ရရိွထားသည္ ေပ်ာက္ဆံုးသူအမည္စာရင္းမ်ားအရ (၁၀)ဦးကို အတည္ျပဳ၍ ရထားေၾကာင္း သိရသည္။

ေရမေဆးေက်ာက္ရွာေဖြသူ (၄၀)ခန္႔ပါသြားသည္ဟု အရပ္သတင္းမ်ားကဆိုေသာ္လည္း အတည္ျပဳႏုိင္ျခင္းမရိွေသးဘဲ လက္ရိွအခ်ိန္ထိ အတည္ျပဳႏုိင္သူမ်ားမွာ ခ်န္းဗီတာ၊ အဝိဝမ္ဒီးဆားရ္၊ ဆာရ္ဝမ္ဖုန္ဆန္း၊ မေလာင္ဘန္ဆားရ္၊ ဒခြမ္ဆင္ေဗးဆားရ္၊ ေက်ာ္ဆန္း၊ နန္ဇရက္၊ ရမုိင္ဇုန္၊ မ်ိဳးဝင္းထြန္းႏွင့္ ခ်င္ေလ အြမ္းဆားရ္တို႔ ပါသြားေၾကာင္း မ်က္ျမင္မ်ား ေျပာၾကားခ်က္အရ သိရသည္။

လက္ရိွတြင္ ကယ္ဆယ္ေရးလုပ္ေဆာင္ရန္ အခက္အခဲျဖစ္ေနၿပီး ေပ်ာက္ဆံုး၊ ေသဆံုးအေရအတြက္ကို အတည္မျပဳႏိုင္ေသးေၾကာငး္ သိရသည္။

၂၀၁၈ ခုႏွစ္ ဇူလုိင္လ (၁၄)ရက္ေန႔ ေန႔လယ္ (၂)နာရီဝန္းက်င္ကလည္း ဖားကန္႔ၿမိဳ႕နယ္ လုံးခင္းေက်းရြာအုပ္စု၊ ဆန္ခါေက်းရြာအနီး မဟာအစပထမေက်ာက္စိမ္းတူးေဖာ္ေရးကုမၼဏီ၏ ေက်ာက္စိမ္းလုပ္ကြက္တြင္ ကမ္းပါးနံရံၿပိဳက်မႈေၾကာင့္ လူအစုလုိက္အၿပဳံလုိက္ေသဆံုးမႈျဖစ္ခဲ့သျဖင့္ ကခ်င္ျပည္နယ္အစိုးရအဖြဲ႕၊ သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီး ဦး Hလေအာင္က ေက်ာက္စိမ္းတြင္းေဒသတြင္ (၂)ရက္တာ ကြင္းဆင္းေလ့လာၿပီး ျပန္သြားသည့္ (၂၄)နာရီမျပည့္မီ ေျမၿပိဳမႈထပ္မံျဖစ္ပြားျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း #ေဇာ္မိုးထက္ (ဖားကန္႔)
ဓါတ္ပံု#မိုးမိုး

~~~~~~~~⊰❂ unicode ~~~~~~~~
ဖားကန့်တွင် ဇူလိုင်လအတွင်း ဒုတိယအကြိမ် မြေစာပုံပြိုကျ ကယ်ဆယ်ရေးအခက်တွေ့နေဆဲ
************
ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် ဇူလိုင်လအတွင်း ဒုတိယအကြိမ် လုပ်ကွက်မြေစာပုံပြိုကျမှု ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ(၂၄)ရက်နေ့ နံနက် (၅)နာရီဝန်းကျင်ကဖြစ်ပွားရာ လက်ရှိအချိန်ထိ ပျောက်ဆုံးသူများ ရှာဖွေကယ်ဆယ်ရေးအတွက် အခက်အခဲတွေ့နေရဆဲဖြစ်ကြောင်း သိရသည်။

ဖားကန့်မြို့နယ် ဆပ်မူကျေးရွာအုပ်စု၊ မက်မံကျေးရွာအပိုင်၊ အောက်မက်လင်ချောင်ကျေးရွာအနီးရှိ ဧရာရတနာကုမ္ပဏီ၏ သက်တမ်းကုန်လုပ်ကွက်မှ ကမ်းပါးနံရံပြိုကျသွားခြင်းဖြစ်ပြီး နေ့လယ်(၁)နာရီခွဲအချိန်ထိ ဖားကန့်မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးနှင့် ဖားကန့်မြို့နယ် NLD ပါတီမှ ပြန်ကြားရေးတာဝန်ခံ ဒေါ်မိုးမိုးတို့ ရရှိထားသည် ပျောက်ဆုံးသူအမည်စာရင်းများအရ (၁၀)ဦးကို အတည်ပြု၍ ရထားကြောင်း သိရသည်။

ရေမဆေးကျောက်ရှာဖွေသူ (၄၀)ခန့်ပါသွားသည်ဟု အရပ်သတင်းများကဆိုသော်လည်း အတည်ပြုနိုင်ခြင်းမရှိသေးဘဲ လက်ရှိအချိန်ထိ အတည်ပြုနိုင်သူများမှာ ချန်းဗီတာ၊ အဝိဝမ်ဒီးဆားရ်၊ ဆာရ်ဝမ်ဖုန်ဆန်း၊ မလောင်ဘန်ဆားရ်၊ ဒခွမ်ဆင်ဗေးဆားရ်၊ ကျော်ဆန်း၊ နန်ဇရက်၊ ရမိုင်ဇုန်၊ မျိုးဝင်းထွန်းနှင့် ချင်လေ အွမ်းဆားရ်တို့ ပါသွားကြောင်း မျက်မြင်များ ပြောကြားချက်အရ သိရသည်။

လက်ရှိတွင် ကယ်ဆယ်ရေးလုပ်ဆောင်ရန် အခက်အခဲဖြစ်နေပြီး ပျောက်ဆုံး၊ သေဆုံးအရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

၂၀၁၈ ခုနှစ် ဇူလိုင်လ (၁၄)ရက်နေ့ နေ့လယ် (၂)နာရီဝန်းကျင်ကလည်း ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု၊ ဆန်ခါကျေးရွာအနီး မဟာအစပထမကျောက်စိမ်းတူးဖော်ရေးကုမ္မဏီ၏ ကျောက်စိမ်းလုပ်ကွက်တွင် ကမ်းပါးနံရံပြိုကျမှုကြောင့် လူအစုလိုက်အပြုံလိုက်သေဆုံးမှုဖြစ်ခဲ့သဖြင့် ကချင်ပြည်နယ်အစိုးရအဖွဲ့၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦး Hလအောင်က ကျောက်စိမ်းတွင်းဒေသတွင် (၂)ရက်တာ ကွင်းဆင်းလေ့လာပြီး ပြန်သွားသည့် (၂၄)နာရီမပြည့်မီ မြေပြိုမှုထပ်မံဖြစ်ပွားခြင်းဖြစ်ကြောင်း သိရသည်။

သတင်း #ဇော်မိုးထက် (ဖားကန့်)
ဓါတ်ပုံ#မိုးမိုး

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~