ထိုင်းဝန်ကြီးချုပ်က ၎င်းကို မကြိုက်သူများ သတင်းစာ (၅)ရက် မဖတ်ဘဲ နေပါက ချစ်ခင်လာလိမ့်မည်ဟုပြော

ထိုင်းဝန်ကြီးချုပ်က ၎င်းကို မကြိုက်သူများ သတင်းစာ (၅)ရက် မဖတ်ဘဲ နေပါက ချစ်ခင်လာလိမ့်မည်ဟုပြော
ဇူလိုငျ 23, 2018
By Tachileik News Agency

ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ၎င်းအား မကြိုက်သူများ အနေဖြင့် သတင်းစာများကို (၅)ရက်ခန့် မဖတ်ဘဲ နေရန်နှင့် သတင်းစာ မဖတ်ဘဲနေပါက ၎င်းအား ချစ်ခင်လာကြလိမ့်မည်ဟု အကြံ ပေးလိုက်ကြောင်း Thai PBS သတင်းတွင် ဖေါ်ပြထားသည်။


“ကျုပ်ကို ဝေဖန်တဲ့သူဆိုတော့ ပါးစပ်ကိုဆွဲထိုးပစ်လိုက်မှာပေါ့”ဟု ပြောလိုက်ပြီးနောက် ၎င်းအနေဖြင့် တစ်ဦးတစ်ယောက်ကိုမှ ထိခိုက်နာကျင်စေရန် မပြုလုပ်ကြောင်းနှင့် ၎င်းအား ဝေဖန်မှုများမှ ကာကွယ်ခွင့် ရှိကြောင်း ဖြည့်စွက်ပြောကြားလိုက်ကြောင်းလည်း ဖေါ်ပြထားသည်။



Tachileik News Agency
Ref: Thai PBS



~~~~~~~~⊰❂ unicode ~~~~~~~~

ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက၎င်းအား မကြိုက်သူများ အနဖြေင့် သတင်းစာများကို (၅)ရက်ခန့် မဖတ်ဘဲ နေရန်နှင့် သတင်းစာ မဖတ်ဘဲနေပါက၎င်းအား ချစ်ခင်လာကြလိမ့်မည်ဟု အကြံ ပေးလိုက်ကြောင်း Thai PBS သတင်းတွင် ဖော်ပြထားသည်။

ဝန်ကြီးချုပ်က အူဘွန်ရတ်ချဌာနီ၌ ကျင်းပသည့် အစည်းအဝေးသို့ သွားရောက်စဉ် လူထုအား ယင်းကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး သူကိုယ်တိုင်လည်း သတင်းစာ မဖတ်တော့ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။

“ကျုပ်ကို ဝေဖန်တဲ့သူဆိုတော့ ပါးစပ်ကိုဆွဲထိုးပစ်လိုက်မှာပေါ့”ဟု ပြောလိုက်ပြီးနောက်၎င်းအနဖြေင့် တစ်ဦးတစ်ယောက်ကိုမှ ထိခိုက်နာကျင်စေရန် မပြုလုပ်ကြောင်းနှင့်၎င်းအား ဝေဖန်မှုများမှ ကာကွယ်ခွင့် ရှိကြောင်း ဖြည့်စွက်ပြောကြားလိုက်ကြောင်းလည်း ဖော်ပြထားသည်။

အူဘွန်ရတ်ချဌာနီတွင် ကျင်းပသည့် အစည်းအဝေးမှာ အဆိုပါဒေသရှိ လွှတ်တော် ကိုယ်စားလှယ်ဟောင်းများနှင့် တွေ့ဆုံပြီး၎င်းတို့ ပါတီများ၏ ထောက်ခံမှုရရှိရေး အတွက် ကြိုးပမ်းခြင်း ဖြစ်နိုင်သည်ဟု ခန့်မှန်းခြင်းများကို ဝန်ကြီးချုပ်က ငြင်းဆိုထားသော်လည်း အူဘွန်ရတ်ချဌာနီ တိရစ္ဆာန်ဥယျာဉ်သို့ အလည်အပတ် သွားရောက်ချိန်၌ လွှတ်တော်ကိုယ်စားလှယ်ဟောင်းများနှင့် တွေ့ဆုံခဲ့သည်ကို တွေ့ရကြောင်း သိရသည်။

ထိုင်းဝန်ကြီးချုပ် ပရာရွတ်ချန်အိုချာသည် မီဒီယာများကို မကြိုက်သူအဖြစ် လူသိများသူတစ်ဦးဖြစ်သည်။

Tachileik News Agency
Ref: Thai PBS

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~