ေက်ာက္မဲခရိုင္အတြင္း နမၼတူၿမိဳ႕နယ္မွ စစ္ႀကိဳေရွာင္သူမ်ား သီေပါၿမိဳ႕နယ္တြင္ ခိုလံႈေနရ

ေက်ာက္မဲခရိုင္အတြင္း နမၼတူၿမိဳ႕နယ္မွ စစ္ႀကိဳေရွာင္သူမ်ား သီေပါၿမိဳ႕နယ္တြင္ ခိုလံႈေနရ
ဇူလိုင် 17, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေက်ာက္မဲခရိုင္ နမၼတူၿမိဳ႕နယ္  ပန္လံုေက်းရြာႏွင့္ မန္ဆာေက်းရြာမ်ားမွ ေဒသခံမ်ားသည္ ေဒသတြင္း တုိက္ပြဲျဖစ္ႏိုင္ေၾကာင္း ယူဆသျဖင့္ ၂၀၁၈ ခုႏွစ္၊ ဇူလုိင္လ (၁၆)ရက္န႔မွစ၍ သီေပါၿမိဳ႕နယ္ မိုးေတေက်းရြာသို႔ တိမ္းေရွာင္လာေနေၾကာင္း သိရသည္။

နမၼတူၿမိဳ႕နယ္အတြင္းမွ စစ္ႀကိဳေရွာင္သူမ်ားသည္ သီေပါၿမိဳ႕နယ္ မိုးေတေက်းရြာ ဘုန္းႀကီးေက်ာင္းတြင္ ( ၄၀၀)ဦးခန္႔ ၊ ဘိုးေတာ္ေက်ာင္း တြင္ (၅၂) ဦး၊ ေရႊဂူေက်ာင္းတြင္ ( ၃၀) ဦးခန္႔ေရာက္ေနရာ စားနပ္ရိကၡာလိုအပ္ေနေၾကာင္း သိရသည္။

“ေရာက္ေရာက္ျခင္း အသုတ္ကေတာ့ အိမ္ေထာင္စု (၁၀၄) စု၊ လူဦးေရ (၃၃၅) ဦးရွိတယ္။ ဒီလိုပဲတိမ္းေရွာင္လာတာဆိုေတာ့ အေျခခံလိုအပ္ခ်က္ပစၥည္းေတြေတာ့ ပါလာတယ္။ အဓိကကေတာ့ စားနပ္ရိကၡာ ေလာေလာဆယ္လိုတယ္။ ထပ္ေရာက္လာဖို႔လည္း ရွိေသးတယ္။ ပန္လံုေက်းရြာက လာတဲ့သူေတြကို မိုးေတေက်းရြာ ဘုန္းႀကီးေက်ာင္းမွာ လက္ရွိေနရာခ်ထားေပးပါတယ္” ဟု နယ္စည္းမျခားပရဟိတအသင္း(သီေပါ)မွ ကိုမ်ိဳးက တာခ်ီလိတ္သတင္းေအဂ်င္စီသုိ႔ ေျပာသည္။

နမၼတူၿမိဳ႕နယ္၊ ပန္လံုေက်းရြာႏွင့္ မန္စံေက်းရြာၾကားတြင္ တိုက္ပြဲျဖစ္ႏိုင္ေၾကာင္း ယူဆသျဖင့္ ေဒသခံမ်ား ယာယီ တိမ္းေရွာင္ေနၾကျခင္းျဖစ္ေၾကာင္း သိရသည္။

ပန္လံုေက်းရြာႏွင့္ (၃)မိုင္ခန္႔အကြာရိွ ေတာင္ေပၚရြာတစ္ခုျဖစ္သည့္ မန္ဆာေက်းရြာမွ လူဦးေရ (၂၀၀)ခန္႔မွာလည္း ပန္လံုေက်းရြာသို႔ ဇူလုိင္လ(၁၇)ရက္ေန႔တြင္ ဆင္းလာေနေၾကာင္း သိရသျဖင့္ အရပ္ဖက္လူမႈကူညီေရးအဖြဲ႕မ်ားက ၎တို႔အား မိုးေတေက်းရြာသို႔ ေခၚေဆာင္ရန္ စီစဥ္ေနေၾကာင္း သိရသည္။

အဆိုပါေဒသတြင္ တပ္မေတာ္၊ RCSS/SSA ႏွင့္ TNLA တို႔ ရိွေနျခင္းျဖစ္ၿပီး တိမ္းေရွာင္လာသူမ်ားကို မိုးေတေက်းရြာ ဘုန္းေတာ္ႀကီးေက်ာင္တြင္ ေနရာခ်ထားၿပီး လက္ရိွတြင္  ပန္လံုေက်းရြာမွ ေဒသခံမ်ားေရာက္ေနၿပီျဖစ္ေၾကာင္း သိရသည္။

ရွမ္းျပည္နယ္တြင္ ျဖစ္ပြားခဲ့ေသာ ပဋိပကၡမ်ားေၾကာင့္ ၂၀၁၈ ခုႏွစ္၊ ဇူလိုင္လ (၉) ရက္ေန႔မွစတင္ၿပီး လူဦးေရ (၆၂ဝ)ေက်ာ္ ယာယီတိမ္းေရွာင္ခဲ့ရေၾကာင္း ကုလသမဂၢ လူသားခ်င္းစာနာ ကူညီေရး ညိႇႏိႈင္းေရးမႈးရံုး UN OCHA က ဇူလုိင္လ (၁၆)ရက္ေန႔ သတင္းထုတ္ျပန္ခ်က္အရ သိရသည္။

အရပ္ဘက္ လူမႈအဖြဲ႔အစည္းမ်ားႏွင့္ လူသားခ်င္းစာနာမႈဆိုင္ရာ ညွႇိႏႈိင္းေရးရံုးတို႔၏ အခ်က္အလက္မ်ားကို ကိုးကား၍ ထုတ္ျပန္ခ်က္အရ ရွမ္းျပည္နယ္၊ မိုင္းကိုင္ၿမိဳ႕နယ္ရိွ ေက်းရြာ(၁၀)ရြာမွ လူဦးေရ (၅၀၀)ေက်ာ္မွာ တပ္မေတာ္ႏွင့္ RCSS/SSA တို႔အၾကား တုိက္ပြဲမ်ားေၾကာင့္ တိမ္းေရွာင္ခဲ့ၾကရၿပီး နမၼတူၿမိဳ႕နယ္တြင္ လည္း RCSS/SSA ႏွင့္ TNLA တို႔အၾကား တိုက္ပြဲမ်ားေၾကာင့္ လူဦးေရ (၁၂ဝ) ေနရပ္စြန္႔ခြာ တိမ္းေရွာင္ ခဲ့ရေၾကာင္း ဇူလုိင္လ(၁၆)ရက္ေန႔တြင္ ထုတ္ျပန္ထားျခင္းျဖစ္သည္။

အဆိုပါ ေနရပ္စြန္႔ခြာ သူမ်ားသည္ လက္ရိွတြင္ ေနရပ္ျပန္သြားႏုိင္ခဲ့ၿပီျဖစ္ေၾကာင္း သိရၿပီး ၂ဝ၁၈ခုႏွစ္ ဇန္နဝါရီလမွ စတင္၍ ရွမ္းျပည္နယ္တြင္ လူဦးေရ (၆,၅ဝဝ) ေက်ာ္ ယာယီ ေနရပ္စြန္႔ခြာ တိမ္းေရွာင္ခဲ့ရေၾကာင္း သိရသည္။

သတင္း - ေနၿဖိဳးျမင့္
ဓါတ္ပံု -  Shar Htat Paing - နယ္စည္းမျခားပရဟိတ(သီေပါ)


~~~~~~~~⊰❂ unicode ~~~~~~~~


ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင် နမ္မတူမြို့နယ် ပန်လုံကျေးရွာနှင့် မန်ဆာကျေးရွာများမှ ဒေသခံများသည် ဒေသတွင်း တိုက်ပွဲဖြစ်နိုင်ကြောင်း ယူဆသဖြင့် ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၁၆)ရက်န့မှစ၍ သီပေါမြို့နယ် မိုးတေကျေးရွာသို့ တိမ်းရှောင်လာနေကြောင်း သိရသည်။

နမ္မတူမြို့နယ်အတွင်းမှ စစ်ကြိုရှောင်သူများသည် သီပေါမြို့နယ် မိုးတေကျေးရွာ ဘုန်းကြီးကျောင်းတွင် ( ၄၀၀)ဦးခန့်၊ ဘိုးတော်ကျောင်း တွင် (၅၂) ဦး၊ ရွှေဂူကျောင်းတွင် ( ၃၀) ဦးခန့်ရောက်နေရာ စားနပ်ရိက္ခါလိုအပ်နေကြောင်း သိရသည်။

“ရောက်ရောက်ခြင်း အသုတ်ကတော့ အိမ်ထောင်စု (၁၀၄) စု၊ လူဦးရေ (၃၃၅) ဦးရှိတယ်။ ဒီလိုပဲတိမ်းရှောင်လာတာဆိုတော့ အခြေခံလိုအပ်ချက်ပစ္စည်းတွေတော့ ပါလာတယ်။ အဓိကကတော့ စားနပ်ရိက္ခါ လောလောဆယ်လိုတယ်။ ထပ်ရောက်လာဖို့လည်း ရှိသေးတယ်။ ပန်လုံကျေးရွာက လာတဲ့သူတွေကို မိုးတေကျေးရွာ ဘုန်းကြီးကျောင်းမှာ လက်ရှိနေရာချထားပေးပါတယ်” ဟု နယ်စည်းမခြားပရဟိတအသင်း(သီပေါ)မှ ကိုမျိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

နမ္မတူမြို့နယ်၊ ပန်လုံကျေးရွာနှင့် မန်စံကျေးရွာကြားတွင် တိုက်ပွဲဖြစ်နိုင်ကြောင်း ယူဆသဖြင့် ဒေသခံများ ယာယီ တိမ်းရှောင်နကြခြေင်းဖြစ်ကြောင်း သိရသည်။

ပန်လုံကျေးရွာနှင့် (၃)မိုင်ခန့်အကွာရှိ တောင်ပေါ်ရွာတစ်ခုဖြစ်သည့် မန်ဆာကျေးရွာမှ လူဦးရေ (၂၀၀)ခန့်မှာလည်း ပန်လုံကျေးရွာသို့ ဇူလိုင်လ(၁၇)ရက်နေ့တွင် ဆင်းလာနေကြောင်း သိရသဖြင့် အရပ်ဖက်လူမှုကူညီရေးအဖွဲ့များက၎င်းတို့အား မိုးတေကျေးရွာသို့ ခေါ်ဆောင်ရန် စီစဉ်နေကြောင်း သိရသည်။

အဆိုပါဒေသတွင် တပ်မတော်၊ RCSS/SSA နှင့် TNLA တို့ ရှိနခြေင်းဖြစ်ပြီး တိမ်းရှောင်လာသူများကို မိုးတေကျေးရွာ ဘုန်းတော်ကြီးကျောင်တွင် နေရာချထားပြီး လက်ရှိတွင် ပန်လုံကျေးရွာမှ ဒေသခံများရောက်နပြေီဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၉) ရက်နေ့မှစတင်ပြီး လူဦးရေ (၆၂ဝ)ကျော် ယာယီတိမ်းရှောင်ခဲ့ရကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာ ကူညီရေး ညှိနှိုင်းရေးမှုးရုံး UN OCHA က ဇူလိုင်လ (၁၆)ရက်နေ့ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံးတို့၏ အချက်အလက်များကို ကိုးကား၍ ထုတ်ပြန်ချက်အရ ရှမ်းပြည်နယ်၊ မိုင်းကိုင်မြို့နယ်ရှိ ကျေးရွာ(၁၀)ရွာမှ လူဦးရေ (၅၀၀)ကျော်မှာ တပ်မတော်နှင့် RCSS/SSA တို့အကြား တိုက်ပွဲများကြောင့် တိမ်းရှောင်ခဲ့ကြရပြီး နမ္မတူမြို့နယ်တွင် လည်း RCSS/SSA နှင့် TNLA တို့အကြား တိုက်ပွဲများကြောင့် လူဦးရေ (၁၂ဝ) နေရပ်စွန့်ခွာ တိမ်းရှောင် ခဲ့ရကြောင်း ဇူလိုင်လ(၁၆)ရက်နေ့တွင် ထုတ်ပြန်ထားခြင်းဖြစ်သည်။

အဆိုပါ နေရပ်စွန့်ခွာ သူများသည် လက်ရှိတွင် နေရပ်ပြန်သွားနိုင်ခဲ့ပြီဖြစ်ကြောင်း သိရပြီး ၂ဝ၁၈ခုနှစ် ဇန်နဝါရီလမှ စတင်၍ ရှမ်းပြည်နယ်တွင် လူဦးရေ (၆,၅ဝဝ) ကျော် ယာယီ နေရပ်စွန့်ခွာ တိမ်းရှောင်ခဲ့ရကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ - Shar Htat Paing - နယ်စည်းမခြားပရဟိတ(သီပေါ)

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~