မယ္ဆိုင္ဂူအတြင္း ပိတ္မိေနတဲ့ ၁၃ ဦးကို အျပင္ေခၚထုတ္ဖို႔ ႀကံဳေတြ႔ေနရတဲ့အခက္အခဲမ်ား

မယ္ဆိုင္ဂူအတြင္း ပိတ္မိေနတဲ့ ၁၃ ဦးကို အျပင္ေခၚထုတ္ဖို႔ ႀကံဳေတြ႔ေနရတဲ့အခက္အခဲမ်ား
ဇူလိုင် 5, 2018
By 🌸
မယ္ဆိုင္ဂူအတြင္းမွာ ဇူလုိင္လ (၂)ရက္ေန႔မွာ ျပန္လည္ရွာေဖြေတြ႔ရိွခဲ့တဲ့ ကေလး(၁၂)ဦးနဲ႔ နည္းျပတို႔ကို ဇူလိုင္လ(၅)ရက္ေန႔အထိ သူတို႔ကိုေတြ႔တဲ့ေနရာကေန ေခၚထုတ္လာႏုိင္ျခင္းမရိွေသးတဲ့အေၾကာင္းရင္းေတြကို ဇူလုိင္လ(၅)ရက္ေန႔ မနက္ပိုင္းက သတင္းစာရွင္းလင္းပြဲမွာ ခ်င္းရိုင္းခရို္င္အုပ္ခ်ဳပ္ေရးမွဴးက ရွင္းျပထားပါတယ္။

ဂူအမိုးကေနစိမ့္က်လာတဲ့ေရကလြဲလို႔ စားစရာဘာမွမရိွ ေမွာင္မဲေနတဲ့ေနရာမွာ (၁၀)ရက္ၾကာ အစာမစားရဘဲ ပိတ္မိေနတဲ့ (၁၃)ဦးကို ပံုမွန္အစားအစာေကၽြးလို႔မရခင္ ေရတပ္အထူးအဖြဲ႔ဆရာဝန္ေတြက အဟာရျဖည့္အစာေတြေကၽြးၿပီး က်န္းမာေရးေစာင့္ေရွာက္မႈေပးေနေပမဲ့ လက္ရိွအခ်ိန္ထိ ဂူထဲကေန ေရငုပ္ထြက္လာႏိုင္တဲ့အထိ က်န္းမာေရးအေျခအေန၊ ကိုယ္ခႏၶာႀကံ႕ခုိင္မႈမေကာင္းေသးဘူးလို႔ ေျပာပါတယ္။

အခုလက္ရိွေနရာကေန ဂူအဝင္ဝထိ (၄)ကီလိုမီတာအကြာအေဝးမွာ ေရတပ္အထူးအဖြဲ႕ဝင္ေတြေတာင္ တစ္ေခါက္ျဖတ္ဖို႔ (၆)နာရီေလာက္ အခ်ိန္ယူရတဲ့ ေရစီးသန္ၿပီး က်ဥ္းေျမာင္းတဲ့လမ္းေၾကာင္းေနရာေတြလည္း ရိွေနတယ္လုိ႔ သိရပါတယ္။ ဒါေၾကာင့္လည္း ဂူထဲကေရေတြကို နည္းလမ္းမ်ိဳးစံုသံုးၿပီး ထြက္သြားေအာင္ လုပ္ေနရတာလို႔ ဆိုပါတယ္။

ေနာက္တစ္ခ်က္ကေတာ့ ဂူထဲမွာ ေရငုပ္ျဖတ္ရမယ့္ေနရာေတြအတြက္ ေအာက္ဆီဂ်င္ဗူးေတြကို (၂၅)မီတာ အကြာတိုင္းမွာ ထားရိွထားေပမဲ့ သိပ္ေတာ့လံုေလာက္တဲ့အေျခအေနမဟုတ္ဘူးလုိ႔ သိရပါတယ္။
အျပင္ကဝင္ေနတဲ့ ေရစီးေၾကာင္းေတြ၊ ေခ်ာင္းေတြကို ရွာေဖြပိတ္ဆို႔မႈေတြ၊ ေရလမ္းေၾကာင္းလႊဲတာေတြ လုပ္ေနေပမဲ့ ဂူထဲကို ေရေတြဝင္ေနဆဲလုိ႔ သိရပါတယ္။

ပထမဆံုး စဥ္းစားခ်က္ျဖစ္တဲ့ ဂူတြင္းပိတ္မိေနသူေတြက ေရငုပ္ဝတ္စံုအကူအညီေတြနဲ႔ ေရငုပ္ရမယ့္ေနရာမွာ ကိုယ္တုိင္ေရငုပ္ၿပီး ဂူေပါက္ကေန ျပန္ထြက္ဖို႔ဆိုေပမဲ့ သူတို႔အားလံုးမွာ ေရငုပ္တာနဲ႔ပတ္သက္လို႔ အေျခခံသင္တန္းေတာင္ သင္ၾကားခဲ့ရတာမဟုတ္ဘဲ အခုမွ ေရငုပ္ဝတ္စံုအျပည့္အစံုဝတ္တာတို႔လို စတင္သင္ၾကားေပးေနရေတာ့ ေရျမဳပ္ေနတဲ့ ဂူအတြင္းက လမ္းေၾကာင္းတေလွ်ာက္ တစ္ေယာက္ထဲ ေရငုပ္ခိုင္းဖို႔က အဆင္မေျပဘူးလို႔ သိရပါတယ္။ ထုိင္းတပ္မေတာ္အထူးအဖြဲ႕က ေရငုပ္ကၽြမ္းက်င္ (၃၁)ေယာက္ကိုလည္း ေရတပ္အထူးအဖြဲ႕နဲ႔ ႏုိင္ငံျခားသားေရငုပ္ကၽြမ္းက်င္သူမ်ားအဖြဲ႕ဆီကို အင္အားျဖည့္ေပးထားၿပီးျဖစ္လို႔ ကေလးတစ္ေယာက္ကို ကၽြမ္းက်င္ေရငုပ္သမား(၂)ေယာက္ႏႈန္းနဲ႔ ဂူျပင္က်ယ္အမွတ္(၃)ဆီကို အတူေခၚထုတ္လာႏုိင္ဖို႔ေတာ့ စဥ္းစားေနတယ္လုိ႔ သိရပါတယ္။

မယ္ဆုိင္ဂူအတြင္းမွာ ဇြန္လ (၂၃)ရက္ေန႔ကတည္းက ပိတ္မိေနခဲ့တဲ့ ကေလး(၁၂)ေယာက္နဲ႔နည္းျပကို ကယ္ထုတ္ဖို႔အတြက္ ထုိင္းနိုင္ငံက ႏုိင္ငံေတာ္အဆင့္ ကယ္ဆယ္ေရးလုပ္ငန္းအျဖစ္ သတ္မွတ္ေဆာင္ရြက္ခဲ့သလို ႏုိင္ငံတကာကလည္း ပူးေပါင္းပါဝင္ကူညီေပးေနၾကတာျဖစ္ပါတယ္။

သတင္း၊ဓါတ္ပံု #Tachileik News Agency

~~~~~~~~⊰❂ unicode ~~~~~~~~
မယ်ဆိုင်ဂူအတွင်း ပိတ်မိနေတဲ့ ၁၃ ဦးကို အပြင်ခေါ်ထုတ်ဖို့ ကြုံတွေ့နေရတဲ့အခက်အခဲများ
***************
မယ်ဆိုင်ဂူအတွင်းမှာ ဇူလိုင်လ (၂)ရက်နေ့မှာ ပြန်လည်ရှာဖွေတွေ့ရှိခဲ့တဲ့ ကလေး(၁၂)ဦးနဲ့ နည်းပြတို့ကို ဇူလိုင်လ(၅)ရက်နေ့အထိ သူတို့ကိုတွေ့တဲ့နေရာကနေ ခေါ်ထုတ်လာနိုင်ခြင်းမရှိသေးတဲ့အကြောင်းရင်းတွေကို ဇူလိုင်လ(၅)ရက်နေ့ မနက်ပိုင်းက သတင်းစာရှင်းလင်းပွဲမှာ ချင်းရိုင်းခရိုင်အုပ်ချုပ်ရေးမှူးက ရှင်းပြထားပါတယ်။

ဂူအမိုးကနေစိမ့်ကျလာတဲ့ရေကလွဲလို့ စားစရာဘာမှမရှိ မှောင်မဲနေတဲ့နေရာမှာ (၁၀)ရက်ကြာ အစာမစားရဘဲ ပိတ်မိနေတဲ့ (၁၃)ဦးကို ပုံမှန်အစားအစာကျွေးလို့မရခင် ရေတပ်အထူးအဖွဲ့ဆရာဝန်တွေက အဟာရဖြည့်အစာတွေကျွေးပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးနေပေမဲ့ လက်ရှိအချိန်ထိ ဂူထဲကနေ ရေငုပ်ထွက်လာနိုင်တဲ့အထိ ကျန်းမာရေးအခြေအနေ၊ ကိုယ်ခန္ဓာကြံ့ခိုင်မှုမကောင်းသေးဘူးလို့ ပြောပါတယ်။

အခုလက်ရှိနေရာကနေ ဂူအဝင်ဝထိ (၄)ကီလိုမီတာအကွာအဝေးမှာ ရေတပ်အထူးအဖွဲ့ဝင်တွေတောင် တစ်ခေါက်ဖြတ်ဖို့ (၆)နာရီလောက် အချိန်ယူရတဲ့ ရေစီးသန်ပြီး ကျဉ်းမြောင်းတဲ့လမ်းကြောင်းနေရာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။ ဒါကြောင့်လည်း ဂူထဲကရေတွေကို နည်းလမ်းမျိုးစုံသုံးပြီး ထွက်သွားအောင် လုပ်နေရတာလို့ ဆိုပါတယ်။

နောက်တစ်ချက်ကတော့ ဂူထဲမှာ ရေငုပ်ဖြတ်ရမယ့်နေရာတွေအတွက် အောက်ဆီဂျင်ဗူးတွေကို (၂၅)မီတာ အကွာတိုင်းမှာ ထားရှိထားပေမဲ့ သိပ်တော့လုံလောက်တဲ့အခြေအနေမဟုတ်ဘူးလို့ သိရပါတယ်။
အပြင်ကဝင်နေတဲ့ ရေစီးကြောင်းတွေ၊ ချောင်းတွေကို ရှာဖွေပိတ်ဆို့မှုတွေ၊ ရေလမ်းကြောင်းလွှဲတာတွေ လုပ်နေပေမဲ့ ဂူထဲကို ရေတွေဝင်နေဆဲလို့ သိရပါတယ်။

ပထမဆုံး စဉ်းစားချက်ဖြစ်တဲ့ ဂူတွင်းပိတ်မိနေသူတွေက ရေငုပ်ဝတ်စုံအကူအညီတွေနဲ့ ရေငုပ်ရမယ့်နေရာမှာ ကိုယ်တိုင်ရေငုပ်ပြီး ဂူပေါက်ကနေ ပြန်ထွက်ဖို့ဆိုပေမဲ့ သူတို့အားလုံးမှာ ရေငုပ်တာနဲ့ပတ်သက်လို့ အခြေခံသင်တန်းတောင် သင်ကြားခဲ့ရတာမဟုတ်ဘဲ အခုမှ ရေငုပ်ဝတ်စုံအပြည့်အစုံဝတ်တာတို့လို စတင်သင်ကြားပေးနေရတော့ ရေမြုပ်နေတဲ့ ဂူအတွင်းက လမ်းကြောင်းတလျှောက် တစ်ယောက်ထဲ ရေငုပ်ခိုင်းဖို့က အဆင်မပြေဘူးလို့ သိရပါတယ်။ ထိုင်းတပ်မတော်အထူးအဖွဲ့က ရေငုပ်ကျွမ်းကျင် (၃၁)ယောက်ကိုလည်း ရေတပ်အထူးအဖွဲ့နဲ့ နိုင်ငံခြားသားရေငုပ်ကျွမ်းကျင်သူများအဖွဲ့ဆီကို အင်အားဖြည့်ပေးထားပြီးဖြစ်လို့ ကလေးတစ်ယောက်ကို ကျွမ်းကျင်ရေငုပ်သမား(၂)ယောက်နှုန်းနဲ့ ဂူပြင်ကျယ်အမှတ်(၃)ဆီကို အတူခေါ်ထုတ်လာနိုင်ဖို့တော့ စဉ်းစားနေတယ်လို့ သိရပါတယ်။

မယ်ဆိုင်ဂူအတွင်းမှာ ဇွန်လ (၂၃)ရက်နေ့ကတည်းက ပိတ်မိနေခဲ့တဲ့ ကလေး(၁၂)ယောက်နဲ့နည်းပြကို ကယ်ထုတ်ဖို့အတွက် ထိုင်းနိုင်ငံက နိုင်ငံတော်အဆင့် ကယ်ဆယ်ရေးလုပ်ငန်းအဖြစ် သတ်မှတ်ဆောင်ရွက်ခဲ့သလို နိုင်ငံတကာကလည်း ပူးပေါင်းပါဝင်ကူညီပေးနေကြတာဖြစ်ပါတယ်။

သတင်း၊ဓါတ်ပုံ #Tachileik News Agency

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~