မယ္ဆုိင္ဂူကယ္ဆယ္ေရးစခန္းဝန္းက်င္တြင္ သတင္းမီဒီယာမ်ား ဒရုန္းပ်ံသန္း၍ သတင္းယူျခင္း မျပဳရန္ သတိေပး

မယ္ဆုိင္ဂူကယ္ဆယ္ေရးစခန္းဝန္းက်င္တြင္ သတင္းမီဒီယာမ်ား ဒရုန္းပ်ံသန္း၍ သတင္းယူျခင္း မျပဳရန္ သတိေပး
ဇူလိုင် 9, 2018
By 🌸
မယ္ဆုိင္ဂူကယ္ဆယ္ေရးစခန္းဝန္းက်င္တြင္ သတင္းမီဒီယာမ်ား ဒရုန္းပ်ံသန္း၍ သတင္းရယူျခင္းမျပဳရန္ ဇူလုိင္လ(၉)ရက္ေန႔တြင္ တာဝန္ရိွသူမ်ားက တားျမစ္လိုက္သည္။

ကယ္ဆယ္ေရးတြင္ ရဟတ္ယာဥ္ပ်ံသန္းရန္အၿမဲတမ္းအဆင္သင့္ျပင္ဆင္ထားရျခင္းျဖစ္သျဖင့္ ယမန္ေန႔က သတင္းမီဒီယာအခ်ိဳ႕က ဒရုန္းပ်ံသန္း၍ သတင္းရယူျခင္းေၾကာင့္ အေႏွာင့္အယွက္ျဖစ္ေစႏုိင္သျဖင့္ ထပ္မံလုပ္ေဆာင္ျခင္းမျပဳရန္ အသိေပးေျပာၾကားျခင္းျဖစ္ေၾကာင္း သိရသည္။

ကယ္ဆယ္ေရးလုပ္ေဆာင္မႈမ်ားႏွင့္ပတ္သက္၍ ဇူလုိင္လ(၇)ရက္ေန႔အထိ ကယ္ဆယ္ေရးစခနး္ဝန္းက်င္တြင္ မီဒီယာစင္တာထားရိွၿပီး သတင္းရယူခြင့္ျပဳခဲ့ေသာ္လည္း ဂူအတြင္းမွ ကေလးမ်ားအား ေခၚထုတ္မည့္ ဇူလုိင္လ(၈)ရက္ေန႔တြင္ သတင္းမီဒီယာမ်ားႏွင့္ လူမႈကူညီေရးအဖြဲ႕မ်ားအား ပံုဖာေက်းရြာအုပ္ခ်ဳပ္ေရးမွဴးရံုးသို႔ ေျပာင္းေရႊ႕ေနရာခ်ထားလုိက္ျခင္းျဖစ္သည္။

အဆုိပါကယ္ဆယ္ေရးလုပ္ငန္းအား ႏုိင္ငံတကာမွ လာေရာက္သတင္းရယူေနသည့္ မီဒီယာသမား (၁၀၀၀)ဝန္းက်င္မွာ ပံုဖာအုပ္ခ်ဳပ္ေရးမွဴးရံုးခန္းတြင္ သတင္းထုတ္ျပန္ခ်က္ကို ေစာင့္ဆုိင္းရယူရမည့္ အေနအထားျဖစ္ေနရာ ကယ္ဆယ္ေရးစခန္းဝင္ေပါက္အနီးဝန္းက်င္ရိွ ေတာအုပ္မ်ားအထိ တိုးသြားကာ သစ္ပင္ၿခံဳပင္မ်ားၾကား စခန္းခ်၍ သတင္းရယူႏုိင္ရန္ႀကိဳးစားလာၾကျခင္းျဖစ္ၿပီး သတင္းမီဒီယာအခ်ိဳ႕က ကယ္ဆယ္ေရးစခန္းျမင္ကြင္းရရန္ ဒရုန္းအသံုးျပဳခဲ့ၾကျခင္းျဖစ္ေၾကာင္း သိရသည္။

ဇူလုိင္လ(၈)ရက္ေန႔က ကေလးမ်ား ဂူအျပင္သို႔ ညေန (၅)နာရီေက်ာ္တြင္ စတင္ေရာက္ရိွေသာ္လည္း သတင္းမီဒီယာမ်ားမွာ သတင္းအတည္ျပဳခ်က္ရယူႏုိင္ျခင္းမရိွသျဖင့္ ကယ္ဆယ္ေရးစခန္းမွ လူနာတင္ယာဥ္မ်ား၊ ရဟတ္ယာဥ္မ်ား လႈပ္ရွားမႈ၊ ကယ္ဆယ္ေရးစခန္းအတြင္းမွ အရာရိွအခ်ိဳ႕၏ေျပာၾကားမႈတို႔ျဖင့္ ကနဦးသတင္းမ်ား ထုတ္ျပန္ခဲ့ၾကရၿပီး တာဝန္ရိွသူမ်ားက သတင္းမီဒီယာမ်ားသို႔ ည(၉)နာရီမွ အတည္ျပဳထုတ္ျပန္ရွင္းလင္းခဲ့ျခင္းျဖစ္သည္။

သတင္း - Tachileik News Agency
ဓါတ္ပံု #ကိုေဇာင္း

~~~~~~~~⊰❂ unicode ~~~~~~~~
မယ်ဆိုင်ဂူကယ်ဆယ်ရေးစခန်းဝန်းကျင်တွင် သတင်းမီဒီယာများ ဒရုန်းပျံသန်း၍ သတင်းယူခြင်း မပြုရန် သတိပေး
**************
မယ်ဆိုင်ဂူကယ်ဆယ်ရေးစခန်းဝန်းကျင်တွင် သတင်းမီဒီယာများ ဒရုန်းပျံသန်း၍ သတင်းရယူခြင်းမပြုရန် ဇူလိုင်လ(၉)ရက်နေ့တွင် တာဝန်ရှိသူများက တားမြစ်လိုက်သည်။

ကယ်ဆယ်ရေးတွင် ရဟတ်ယာဉ်ပျံသန်းရန်အမြဲတမ်းအဆင်သင့်ပြင်ဆင်ထားရခြင်းဖြစ်သဖြင့် ယမန်နေ့က သတင်းမီဒီယာအချို့က ဒရုန်းပျံသန်း၍ သတင်းရယူခြင်းကြောင့် အနှောင့်အယှက်ဖြစ်စေနိုင်သဖြင့် ထပ်မံလုပ်ဆောင်ခြင်းမပြုရန် အသိပေးပြောကြားခြင်းဖြစ်ကြောင်း သိရသည်။

ကယ်ဆယ်ရေးလုပ်ဆောင်မှုများနှင့်ပတ်သက်၍ ဇူလိုင်လ(၇)ရက်နေ့အထိ ကယ်ဆယ်ရေးစခန်းဝန်းကျင်တွင် မီဒီယာစင်တာထားရှိပြီး သတင်းရယူခွင့်ပြုခဲ့သော်လည်း ဂူအတွင်းမှ ကလေးများအား ခေါ်ထုတ်မည့် ဇူလိုင်လ(၈)ရက်နေ့တွင် သတင်းမီဒီယာများနှင့် လူမှုကူညီရေးအဖွဲ့များအား ပုံဖာကျေးရွာအုပ်ချုပ်ရေးမှူးရုံးသို့ ပြောင်းရွှေ့နေရာချထားလိုက်ခြင်းဖြစ်သည်။

အဆိုပါကယ်ဆယ်ရေးလုပ်ငန်းအား နိုင်ငံတကာမှ လာရောက်သတင်းရယူနေသည့် မီဒီယာသမား (၁၀၀၀)ဝန်းကျင်မှာ ပုံဖာအုပ်ချုပ်ရေးမှူးရုံးခန်းတွင် သတင်းထုတ်ပြန်ချက်ကို စောင့်ဆိုင်းရယူရမည့် အနေအထားဖြစ်နေရာ ကယ်ဆယ်ရေးစခန်းဝင်ပေါက်အနီးဝန်းကျင်ရှိ တောအုပ်များအထိ တိုးသွားကာ သစ်ပင်ခြုံပင်များကြား စခန်းချ၍ သတင်းရယူနိုင်ရန်ကြိုးစားလာကြခြင်းဖြစ်ပြီး သတင်းမီဒီယာအချို့က ကယ်ဆယ်ရေးစခန်းမြင်ကွင်းရရန် ဒရုန်းအသုံးပြုခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ဇူလိုင်လ(၈)ရက်နေ့က ကလေးများ ဂူအပြင်သို့ ညနေ (၅)နာရီကျော်တွင် စတင်ရောက်ရှိသော်လည်း သတင်းမီဒီယာများမှာ သတင်းအတည်ပြုချက်ရယူနိုင်ခြင်းမရှိသဖြင့် ကယ်ဆယ်ရေးစခန်းမှ လူနာတင်ယာဉ်များ၊ ရဟတ်ယာဉ်များ လှုပ်ရှားမှု၊ ကယ်ဆယ်ရေးစခန်းအတွင်းမှ အရာရှိအချို့၏ပြောကြားမှုတို့ဖြင့် ကနဦးသတင်းများ ထုတ်ပြန်ခဲ့ကြရပြီး တာဝန်ရှိသူများက သတင်းမီဒီယာများသို့ ည(၉)နာရီမှ အတည်ပြုထုတ်ပြန်ရှင်းလင်းခဲ့ခြင်းဖြစ်သည်။

သတင်း - Tachileik News Agency
ဓါတ်ပုံ #ကိုဇောင်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~