မယ္ဆုိင္ဂူမွ ကေလး ၉ ေယာက္ကို ထပ္မံကယ္ထုတ္ေနရာသို႔ ထုိင္းဝန္ႀကီးခ်ဳပ္ လာေရာက္ဖြယ္ရိွ

မယ္ဆုိင္ဂူမွ ကေလး ၉ ေယာက္ကို ထပ္မံကယ္ထုတ္ေနရာသို႔ ထုိင္းဝန္ႀကီးခ်ဳပ္ လာေရာက္ဖြယ္ရိွ
ဇူလိုင် 9, 2018
By 🌸
�Update: 3:32 PM ၊ 9/7/2018�
:::::::::::::::::::::::::::::::::::::::::::
မယ္ဆုိင္ဂူအတြင္းမွ ကေလး(၉)ေယာက္ကို ကယ္ထုတ္ရန္ ဒုတိယအႀကိမ္ ကယ္ဆယ္ေရးစတင္ေနသည့္ ဇူလုိင္လ(၉)ရက္ေန႔တြင္ ထုိင္းဝန္ႀကီးခ်ဳပ္ ပရာယြတ္ေခ်ာင္အိုခ်ာ မယ္ဆုိင္ကယ္ဆယ္ေရးစခန္းသို႔ လာေရာက္ဖြယ္ရိွသျဖင့္ လံုၿခံဳေရးအဖြဲ႕မ်ား လံုၿခံဳေရးစစ္ေဆးမႈမ်ား ေဆာင္ရြက္ေနၾကသည္ကို ေတြ႔ရသည္။

ဝန္ႀကီးခ်ဳပ္သည္ ဇူလိုင္လ(၉)ရက္ေန႔ ေန႔လယ္ပိုင္းတြင္ ခ်င္းရိုင္းေလဆိပ္သို႔ ေရာက္ရိွမည္ျဖစ္ၿပီး မယ္ဆုိင္ကယ္ဆယ္ေရးစခန္းသို႔ လာေရာက္ဖြယ္ရိွသျဖင့္ ျပင္ဆင္ေနၾကျခင္းျဖစ္ေၾကာင္း သိရသည္။

မယ္ဆုိင္ကယ္ဆယ္ေရးစခန္းအနီး ပံုဖာေက်းရြာအုပ္ခ်ဳပ္ေရးမွဴးရံုးတြင္ ေနရာခ်ထားေပးသည့္ မီဒီယာစင္တာတြင္ ဝန္ႀကီးခ်ဳပ္ခရီးစဥ္အတြက္ လံုၿခံဳေရးအရစစ္ေဆးမႈမ်ားကို ေန႔လယ္ (၃)နာရီခြဲဝန္းက်င္က ေဆာင္ရြက္ေနၾကသည္ကို ေတြ႔ရသည္။

ႏိုင္ငံေတာ္အဆင့္သတ္မွတ္ထားသည့္ ကယ္ဆယ္ေရးလုပ္ငန္းသို႔ ကေလးမ်ားရွာမေတြ႔မီက ဝန္ႀကီးခ်ဳပ္တစ္ႀကိမ္လာေရာက္ခဲ့ၿပီး ကေလးမိဘမ်ားအား အားေပးႏွစ္သိမ့္မႈမ်ား လုပ္ေဆာင္ေပးခဲ့ျခင္းျဖစ္သည္။

ဇူလုိင္လ(၈)ရက္ေန႔တြင္ မယ္ဆုိင္ဂူအတြင္းမွ ကေလး(၄)ေယာက္ကို ေအာင္ျမင္စြာ ကယ္ထုတ္လာႏုိင္ၿပီး ၎တုိ႔အား ခ်င္းရိုင္းေဆးရံု အထူးၾကပ္မတ္ေဆာင္တြင္ ကုသမႈေပးေနကာ က်န္ေနသည့္ ကေလး(၉)ေယာက္ကို နံနက္(၁၁)နာရီက စတင္ကယ္ထုတ္ေနၾကၿပီျဖစ္ေၾကာင္း သိရသည္။

သတင္း၊ဓါတ္ပံု #ကိုေဇာင္း၊ Tachileik News Agency

~~~~~~~~⊰❂ unicode ~~~~~~~~
မယ်ဆိုင်ဂူမှ ကလေး ၉ ယောက်ကို ထပ်မံကယ်ထုတ်နေရာသို့ ထိုင်းဝန်ကြီးချုပ် လာရောက်ဖွယ်ရှိ
�Update: 3:32 PM ၊ 9/7/2018�
:::::::::::::::::::::::::::::::::::::::::::
မယ်ဆိုင်ဂူအတွင်းမှ ကလေး(၉)ယောက်ကို ကယ်ထုတ်ရန် ဒုတိယအကြိမ် ကယ်ဆယ်ရေးစတင်နေသည့် ဇူလိုင်လ(၉)ရက်နေ့တွင် ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချောင်အိုချာ မယ်ဆိုင်ကယ်ဆယ်ရေးစခန်းသို့ လာရောက်ဖွယ်ရှိသဖြင့် လုံခြုံရေးအဖွဲ့များ လုံခြုံရေးစစ်ဆေးမှုများ ဆောင်ရွက်နေကြသည်ကို တွေ့ရသည်။

ဝန်ကြီးချုပ်သည် ဇူလိုင်လ(၉)ရက်နေ့ နေ့လယ်ပိုင်းတွင် ချင်းရိုင်းလေဆိပ်သို့ ရောက်ရှိမည်ဖြစ်ပြီး မယ်ဆိုင်ကယ်ဆယ်ရေးစခန်းသို့ လာရောက်ဖွယ်ရှိသဖြင့် ပြင်ဆင်နေကြခြင်းဖြစ်ကြောင်း သိရသည်။

မယ်ဆိုင်ကယ်ဆယ်ရေးစခန်းအနီး ပုံဖာကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် နေရာချထားပေးသည့် မီဒီယာစင်တာတွင် ဝန်ကြီးချုပ်ခရီးစဉ်အတွက် လုံခြုံရေးအရစစ်ဆေးမှုများကို နေ့လယ် (၃)နာရီခွဲဝန်းကျင်က ဆောင်ရွက်နေကြသည်ကို တွေ့ရသည်။

နိုင်ငံတော်အဆင့်သတ်မှတ်ထားသည့် ကယ်ဆယ်ရေးလုပ်ငန်းသို့ ကလေးများရှာမတွေ့မီက ဝန်ကြီးချုပ်တစ်ကြိမ်လာရောက်ခဲ့ပြီး ကလေးမိဘများအား အားပေးနှစ်သိမ့်မှုများ လုပ်ဆောင်ပေးခဲ့ခြင်းဖြစ်သည်။

ဇူလိုင်လ(၈)ရက်နေ့တွင် မယ်ဆိုင်ဂူအတွင်းမှ ကလေး(၄)ယောက်ကို အောင်မြင်စွာ ကယ်ထုတ်လာနိုင်ပြီး ၎င်းတို့အား ချင်းရိုင်းဆေးရုံ အထူးကြပ်မတ်ဆောင်တွင် ကုသမှုပေးနေကာ ကျန်နေသည့် ကလေး(၉)ယောက်ကို နံနက်(၁၁)နာရီက စတင်ကယ်ထုတ်နေကြပြီဖြစ်ကြောင်း သိရသည်။

သတင်း၊ဓါတ်ပုံ #ကိုဇောင်း၊ Tachileik News Agency

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~