ေတာဝက္အသင္းကို ေဆးရံုပို႔ရန္ ရဟတ္ယာဥ္မ်ားအသင့္ေစာင့္ဆုိင္းေန

ေတာဝက္အသင္းကို ေဆးရံုပို႔ရန္ ရဟတ္ယာဥ္မ်ားအသင့္ေစာင့္ဆုိင္းေန
ဇူလိုင် 8, 2018
By 🌸
�Update: 3:30 PM ၊ 8/7/2018�
::::::::::::::::::::::::::::::::::::::::::::
မယ္ဆိုင္ဂူအတြင္း (၁၅)ရက္ၾကာပိတ္မိေနခဲ့သည့္ ေတာဝက္ေဘာလံုးအသင္းမွ (၁၂)ဦးႏွင့္ နည္းျပတို႔ကို ခ်င္းရိုင္းေဆးရံုသို႔ ေခၚေဆာင္ေပးသြားရန္ ရဟတ္ယာဥ္မ်ား အသင့္အေနအထားျဖင့္ ေစာင့္ဆုိင္းေနၾကသည္ကို ဇူလုိင္လ(၈)ရက္ေန႔ ေန႔လယ္ပိုင္းက ေတြ႔ရသည္။
အဆုိပါေဆးရံုမွာ မယ္ဆုိင္ရိွ ကယ္ဆယ္ေရးလုပ္ေနသည့္ ထမ့္လြမ္ဂူႏွင့္ (၃၅)မိုင္ကြာေဝးေၾကာင္း သိရသည္။
မယ္ဆုိင္ဂူအတြင္းမွ ထြက္လာမည့္ကေလးမ်ားကို ပို႔ေဆာင္ကုသမႈေပးမည့္ ခ်င္းရိုင္း ပရာခ်ာႏူခြန္ေဆးရံု အနီးဝန္းက်င္လမ္းမ်ားတြင္ ဇူလိုင္လ(၈)ရက္ေန႔က ယာဥ္ေၾကာရွင္းလင္းထားကာ လမ္းပိုင္းအခ်ိဳ႕ကို ယာဥ္သြားလာခြင့္ပိတ္ထားေၾကာင္းသိရသည္။
အဆိုပါေဆးရံုတြင္ ဂူအတြင္းပိတ္မိေနသည့္ကေလး(၁၃)ဦးအတြက္ အထူးၾကပ္မတ္ကုသေဆာင္ကို ျပင္ဆင္ထားၿပီး လုိအပ္မည့္ကုသမႈမ်ားအတြက္ အဆင္သင့္ျပင္ဆင္ေစာင့္ဆိုင္းေနၾကျခင္း ျဖစ္ေၾကာင္းသိရသည္။
မယ္ဆုိင္ဂူအတြင္းမွ ကေလး(၁၃)ဦးအား ေရတပ္အထူးအဖြဲ႔ႏွင့္ ႏုိင္ငံတကာမွ ေရငုပ္ကၽြမ္းက်င္သူမ်ားပါဝင္သည့္အဖြဲ႔တုိ႔က ကယ္ထုတ္ျခင္းကို ထုိင္းစံေတာ္ခ်ိန္ နံနက္(၁၀)နာရီကတည္းက စတင္ေဆာင္ရြက္ေနၾကျခင္းျဖစ္ၿပီး ယေန႔ည(၉)နာရီတြင္ ပထမဆံုးတစ္ေယာက္ အျပင္သို႔ေရာက္လာႏုိင္သည္ဟု ခန္႔မွန္းထားသည္။
ႏိုင္ငံတကာက ပူးေပါင္းေဆာင္ရြက္သည့္ ျမန္မာႏုိင္ငံႏွင့္နယ္စပ္ ထုိင္းနိုင္ငံအတြင္း ကယ္ဆယ္ေရးလုပ္ငန္းအား ႏိုင္ငံတကာမွ စိတ္ဝင္စားမႈျမင့္ေနရာ ႏို္င္ငံတကာ မီဒီယာသမား (၁၀၀၀)ဝန္းက်င္က ကယ္ဆယ္ေရးစခန္းအနီးတြင္ သတင္းရယူထုတ္ျပန္ေနၾကျခင္းျဖစ္သည္။
လက္ရိွတြင္ မယ္ဆုိင္ဂူဝန္းက်င္တြင္ မိုးအနည္းငယ္ရြာသြန္းေနေၾကာင္း သိရသည္။
Photo: MGROnline
~~~~~~~~⊰❂ unicode ~~~~~~~~
တောဝက်အသင်းကို ဆေးရုံပို့ရန် ရဟတ်ယာဉ်များအသင့်စောင့်ဆိုင်းနေ
�Update: 3:30 PM ၊ 8/7/2018�
::::::::::::::::::::::::::::::::::::::::::::
မယ်ဆိုင်ဂူအတွင်း (၁၅)ရက်ကြာပိတ်မိနေခဲ့သည့် တောဝက်ဘောလုံးအသင်းမှ (၁၂)ဦးနှင့် နည်းပြတို့ကို ချင်းရိုင်းဆေးရုံသို့ ခေါ်ဆောင်ပေးသွားရန် ရဟတ်ယာဉ်များ အသင့်အနေအထားဖြင့် စောင့်ဆိုင်းနေကြသည်ကို ဇူလိုင်လ(၈)ရက်နေ့ နေ့လယ်ပိုင်းက တွေ့ရကြောင်း တွေ့ရသည်။

အဆိုပါဆေးရုံမှာ မယ်ဆိုင်ရှိ ကယ်ဆယ်ရေးလုပ်နေသည့် ထမ့်လွမ်ဂူနှင့် (၃၅)မိုင်ကွာဝေးကြောင်း သိရသည်။

မယ်ဆိုင်ဂူအတွင်းမှ ထွက်လာမည့်ကလေးများကို ပို့ဆောင်ကုသမှုပေးမည့် ချင်းရိုင်း ပရာချာနူခွန်ဆေးရုံ အနီးဝန်းကျင်လမ်းများတွင် ဇူလိုင်လ(၈)ရက်နေ့က ယာဉ်ကြောရှင်းလင်းထားကာ လမ်းပိုင်းအချို့ကို ယာဉ်သွားလာခွင့်ပိတ်ထားကြောင်းသိရသည်။

အဆိုပါဆေးရုံတွင် ဂူအတွင်းပိတ်မိနေသည့်ကလေး(၁၃)ဦးအတွက် အထူးကြပ်မတ်ကုသဆောင်ကို ပြင်ဆင်ထားပြီး လိုအပ်မည့်ကုသမှုများအတွက် အဆင်သင့်ပြင်ဆင်စောင့်ဆိုင်းနေကြခြင်း ဖြစ်ကြောင်းသိရသည်။

မယ်ဆိုင်ဂူအတွင်းမှ ကလေး(၁၃)ဦးအား ရေတပ်အထူးအဖွဲ့နှင့် နိုင်ငံတကာမှ ရေငုပ်ကျွမ်းကျင်သူများပါဝင်သည့်အဖွဲ့တို့က ကယ်ထုတ်ခြင်းကို ထိုင်းစံတော်ချိန် နံနက်(၁၀)နာရီကတည်းက စတင်ဆောင်ရွက်နေကြခြင်းဖြစ်ပြီး ယနေ့ည(၉)နာရီတွင် ပထမဆုံးတစ်ယောက် အပြင်သို့ရောက်လာနိုင်သည်ဟု ခန့်မှန်းထားသည်။
နိုင်ငံတကာက ပူးပေါင်းဆောင်ရွက်သည့် မြန်မာနိုင်ငံနှင့်နယ်စပ် ထိုင်းနိုင်ငံအတွင်း ကယ်ဆယ်ရေးလုပ်ငန်းအား နိုင်ငံတကာမှ စိတ်ဝင်စားမှုမြင့်နေရာ နိုင်ငံတကာ မီဒီယာသမား (၁၀၀၀)ဝန်းကျင်က ကယ်ဆယ်ရေးစခန်းအနီးတွင် သတင်းရယူထုတ်ပြန်နေကြခြင်းဖြစ်သည်။

လက်ရှိတွင် မယ်ဆိုင်ဂူဝန်းကျင်တွင် မိုးအနည်းငယ်ရွာသွန်းနေကြောင်း သိရသည်။
Photo: MGROnline

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~