မယ္ဆိုင္ဂူမွ ၁၈ ရက္ၾကာ ကယ္ထုတ္ခဲ့ရသည့္ လူငယ္ ၁၃ ဦးကို မိဘမ်ားထံ ျပန္လည္အပ္ႏွံ

မယ္ဆိုင္ဂူမွ ၁၈ ရက္ၾကာ ကယ္ထုတ္ခဲ့ရသည့္ လူငယ္ ၁၃ ဦးကို မိဘမ်ားထံ ျပန္လည္အပ္ႏွံ
ဇူလိုင် 18, 2018
By 🌸
မယ္ဆိုင္ဂူအတြင္း  (၁၀)ရက္ၾကာအစာမစားရဘဲ ဂူအမိုးမွက်သည့္ေရကိုသာေသာက္ေနခဲ့ရသည့္ ေတာဝက္ေဘာလံုးအသင္းမွ အသင္းသား(၁၂)ေယာက္ႏွင့္ နည္းျပတုိ႔အား ၂၀၁၈ ခုႏွစ္ ဇူလုိင္လ (၁၀)ရက္ေန႔တြင္ အားလံုးကို ကယ္ထုတ္ႏုိင္ခဲ့ၿပီးေနာက္ ဇူလုိင္လ (၁၈)ရက္ေန႔တြင္ က်န္းမာေရးေကာင္းမြန္ၿပီျဖစ္၍ မိဘမ်ားထံ ျပန္လည္မအပ္ႏွံမီ သတင္းစာရွင္းလင္းပြဲ ျပဳလုပ္ခဲ့သည္။

သတင္းစာရွင္းလင္းပြဲ က်င္းပရာသို႔ သတင္းရယူမည့္သတင္းမီဒီယာသမား (၃၀၀)အျပင္ လူငယ္(၁၃)ဦး၏ မိဘ၊အုပ္ထိန္းသူမ်ား၊ ေတာဝက္ေဘာလံုးအသင္းမွ အသင္းသားမ်ားလည္း လာေရာက္ေစာင့္ဆိုင္းေနခဲ့ၾကျခင္း ျဖစ္သည္။

(၁၈)ရက္ၾကာ ကယ္ဆယ္ေရးကာလအတြင္း အဆိုပါကယ္ဆယ္ေရးအား တာဝန္ယူႀကီးၾကပ္သည့္ ခ်င္းရိုင္းခရိုင္ ယခင္အုပ္ခ်ဳပ္ေရးမွဴးေဟာင္းက ကယ္ဆယ္ေရးလုပ္ငန္းအေျခအေနႏွင့္ လူငယ္မ်ားအား ေတြ႔ရခ်ိန္တြင္ ၎တို႔၏ဂူအတြင္းျဖတ္သန္းေနပံုအေျခအေနတုိ႔ကို ေန႔စဥ္သတင္းစာရွင္းလင္းပြဲမ်ားျဖင့္ သတင္းထုတ္ျပန္ခဲ့ေသာ္လည္း ယေန႔သတင္းစာရွင္းလင္းပြဲတြင္ လူငယ္(၁၃)ဦးက ဂူအတြင္းျဖတ္သန္းခဲ့သည့္ အေျခအေနမ်ားကို ရွင္းျပရာ၌ မတူညီသည့္အခ်က္အခ်ိဳ႕ကိုလည္း ေတြ႔ရသည္။

မူလက ဂူအတြင္းပိတ္မိေနသည့္လူငယ္မ်ားတြင္ စားစရာအခ်ိဳ႕ပါသြားသည္ဟု ဆိုေသာ္လည္း ၎တို႔ထံတြင္ စားစရာပါသြားျခင္းမရိွဘဲ အမိုးေပၚမွက်သည့္ေရကို ရွာေဖြေသာက္ခဲ့ေၾကာင္းႏွင့္ ဂူအတြင္းမွ လြတ္ေျမာက္ရန္လမ္းကိုလည္း ရွာေဖြခဲ့ၾကေၾကာင္း လူငယ္မ်ားက ဆိုသည္။

လူငယ္(၁၃)ဦး၏စိတ္ပိုင္းဆုိင္ရာ ထိခို္က္မႈမရိွေစရန္ သတင္းမီဒီယာမ်ားက ေမးျမန္းမႈအခ်ိဳ႕ကို တာဝန္ရိွသူမ်ားက ကန္႔သတ္ခဲ့ၾကသည္။

လူငယ္မ်ားအား မိဘမ်ားထံျပန္အပ္ၿပီး ေနအိမ္တြင္ ျပန္လည္ေနထုိင္ခြင့္ျပဳလုိက္ေသာ္လည္း ၎တို႔၏ ခႏၶာကိုယ္ က်န္းမာေရးႏွင့္ စိတ္ပိုင္းဆိုင္ရာ ထိခိုက္ခံစားရမႈမရိွေစေရးအတြက္ လိုအပ္သည့္ ကုသမႈမ်ား ဆက္လက္လုပ္ေဆာင္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

သတင္းစာရွင္းလင္းပြဲတြင္ ထုိင္းႏွင့္ ႏုိင္ငံတကာမွ သတင္းမီဒီယာသမား (၃၀၀)ေက်ာ္တက္ေရာက္ သတင္းရယူခဲ့ေသာ္လည္း ကေလးမ်ား၏ စိတ္ပိုင္းဆုိင္ရာထိခိုက္ေစမည့္ ေမးခြန္းမ်ားမေမးရန္ တာဝန္ရိွသူမ်ားက ကန္႔သတ္ခဲ့သည္။

ဂူအတြင္း ဇြန္လ(၂၃)ရက္ေန႔ေန႔လယ္ပိုင္း ေဘာလံုးေလ့က်င့္အၿပီး ဝင္ေရာက္သြားသည့္ လူငယ္(၁၃)ဦးမွာ ျပန္အထြက္တြင္ ဂူအတြင္းေရမ်ားဝင္လာသျဖင့္ ေရလြတ္ရာ ဂူအတြင္းပိုင္း ကုန္းအျမင့္ရိွရာကို ရွာေဖြခိုေအာင္းေနၾကျခင္းျဖစ္ရာ ႏုိင္ငံေတာ္အဆင့္ ကယ္ဆယ္ေရးသတ္မွတ္ကာ ႏုိင္ငံတကာမွ ကယ္ဆယ္ေရး ကၽြမ္းက်င္သူမ်ားအကူအညီျဖင့္ ကယ္ဆယ္ေရးကို ခက္ခက္ခဲခဲ ေဆာင္ရြက္ခဲ့ၾကရျခင္းျဖစ္သည္။

ဓါတ္ပံု #ကိုေဇာင္း

~~~~~~~~⊰❂ unicode ~~~~~~~~
မယ်ဆိုင်ဂူမှ ၁၈ ရက်ကြာ ကယ်ထုတ်ခဲ့ရသည့် လူငယ် ၁၃ ဦးကို မိဘများထံ ပြန်လည်အပ်နှံ
*****************
မယ်ဆိုင်ဂူအတွင်း  (၁၀)ရက်ကြာအစာမစားရဘဲ ဂူအမိုးမှကျသည့်ရေကိုသာသောက်နေခဲ့ရသည့် တောဝက်ဘောလုံးအသင်းမှ အသင်းသား(၁၂)ယောက်နှင့် နည်းပြတို့အား ၂၀၁၈ ခုနှစ် ဇူလိုင်လ (၁၀)ရက်နေ့တွင် အားလုံးကို ကယ်ထုတ်နိုင်ခဲ့ပြီးနောက် ဇူလိုင်လ (၁၈)ရက်နေ့တွင် ကျန်းမာရေးကောင်းမွန်ပြီဖြစ်၍ မိဘများထံ ပြန်လည်မအပ်နှံမီ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

သတင်းစာရှင်းလင်းပွဲ ကျင်းပရာသို့ သတင်းရယူမည့်သတင်းမီဒီယာသမား (၃၀၀)အပြင် လူငယ်(၁၃)ဦး၏ မိဘ၊အုပ်ထိန်းသူများ၊ တောဝက်ဘောလုံးအသင်းမှ အသင်းသားများလည်း လာရောက်စောင့်ဆိုင်းနေခဲ့ကြခြင်း ဖြစ်သည်။

(၁၈)ရက်ကြာ ကယ်ဆယ်ရေးကာလအတွင်း အဆိုပါကယ်ဆယ်ရေးအား တာဝန်ယူကြီးကြပ်သည့် ချင်းရိုင်းခရိုင် ယခင်အုပ်ချုပ်ရေးမှူးဟောင်းက ကယ်ဆယ်ရေးလုပ်ငန်းအခြေအနေနှင့် လူငယ်များအား တွေ့ရချိန်တွင် ၎င်းတို့၏ဂူအတွင်းဖြတ်သန်းနေပုံအခြေအနေတို့ကို နေ့စဉ်သတင်းစာရှင်းလင်းပွဲများဖြင့် သတင်းထုတ်ပြန်ခဲ့သော်လည်း ယနေ့သတင်းစာရှင်းလင်းပွဲတွင် လူငယ်(၁၃)ဦးက ဂူအတွင်းဖြတ်သန်းခဲ့သည့် အခြေအနေများကို ရှင်းပြရာ၌ မတူညီသည့်အချက်အချို့ကိုလည်း တွေ့ရသည်။

မူလက ဂူအတွင်းပိတ်မိနေသည့်လူငယ်များတွင် စားစရာအချို့ပါသွားသည်ဟု ဆိုသော်လည်း ၎င်းတို့ထံတွင် စားစရာပါသွားခြင်းမရှိဘဲ အမိုးပေါ်မှကျသည့်ရေကို ရှာဖွေသောက်ခဲ့ကြောင်းနှင့် ဂူအတွင်းမှ လွတ်မြောက်ရန်လမ်းကိုလည်း ရှာဖွေခဲ့ကြကြောင်း လူငယ်များက ဆိုသည်။

လူငယ်(၁၃)ဦး၏စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုမရှိစေရန် သတင်းမီဒီယာများက မေးမြန်းမှုအချို့ကို တာဝန်ရှိသူများက ကန့်သတ်ခဲ့ကြသည်။

လူငယ်များအား မိဘများထံပြန်အပ်ပြီး နေအိမ်တွင် ပြန်လည်နေထိုင်ခွင့်ပြုလိုက်သော်လည်း ၎င်းတို့၏ ခန္ဓာကိုယ် ကျန်းမာရေးနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားရမှုမရှိစေရေးအတွက် လိုအပ်သည့် ကုသမှုများ ဆက်လက်လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစာရှင်းလင်းပွဲတွင် ထိုင်းနှင့် နိုင်ငံတကာမှ သတင်းမီဒီယာသမား (၃၀၀)ကျော်တက်ရောက် သတင်းရယူခဲ့သော်လည်း ကလေးများ၏ စိတ်ပိုင်းဆိုင်ရာထိခိုက်စေမည့် မေးခွန်းများမမေးရန် တာဝန်ရှိသူများက ကန့်သတ်ခဲ့သည်။

ဂူအတွင်း ဇွန်လ(၂၃)ရက်နေ့နေ့လယ်ပိုင်း ဘောလုံးလေ့ကျင့်အပြီး ဝင်ရောက်သွားသည့် လူငယ်(၁၃)ဦးမှာ ပြန်အထွက်တွင် ဂူအတွင်းရေများဝင်လာသဖြင့် ရေလွတ်ရာ ဂူအတွင်းပိုင်း ကုန်းအမြင့်ရှိရာကို ရှာဖွေခိုအောင်းနေကြခြင်းဖြစ်ရာ နိုင်ငံတော်အဆင့် ကယ်ဆယ်ရေးသတ်မှတ်ကာ နိုင်ငံတကာမှ ကယ်ဆယ်ရေး ကျွမ်းကျင်သူများအကူအညီဖြင့် ကယ်ဆယ်ရေးကို ခက်ခက်ခဲခဲ ဆောင်ရွက်ခဲ့ကြရခြင်းဖြစ်သည်။

ဓါတ်ပုံ #ကိုဇောင်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~