မယ္ဆုိင္ဂူမွထြက္လာသည့္ ေတာဝက္ေဘာလံုးအသင္း၏ ပထမဆံုး သတင္းစာရွင္းလင္းပြဲ ခ်င္းရို္င္းတြင္ က်င္းပ

မယ္ဆုိင္ဂူမွထြက္လာသည့္ ေတာဝက္ေဘာလံုးအသင္း၏ ပထမဆံုး သတင္းစာရွင္းလင္းပြဲ ခ်င္းရို္င္းတြင္ က်င္းပ
ဇူလိုင် 18, 2018
By 🌸
ထုိင္း - ျမန္မာနယ္စပ္ ခ်င္းရုိင္းခရိုင္ မယ္ဆုိင္ၿမိဳ႕ရိွ ထမ့္လြမ္ဂူအတြင္းပိတ္မိေနရာမွ (၁၈)ရက္ေျမာက္ေန႔တြင္ ကယ္ဆယ္ႏုိင္ခဲ့သည့္ ေတာဝက္ေဘာလံုးအသင္းမွ ကေလး (၁၂)ဦးႏွင့္ နည္းျပတို႔ ေဆးရံုမွဆင္းၿပီး ပထမဆံုးအႀကိမ္ သတင္းစာရွင္းလင္းပြဲကို ၂၀၁၈ ခုႏွစ္၊ ဇူလုိင္လ (၁၈)ရက္ေန႔ ညေန(၆)နာရီ၌ ခ်င္းရိုင္းခရိုင္ အုပ္ခ်ဳပ္ေရးရံုးခန္းမတြင္  က်င္းပမည္ျဖစ္သည္။

ေဆးရံုမွဆင္းလာၿပီျဖစ္သည့္ ေတာဝက္ေဘာလံုးအသင္းက သတင္းစာရွင္းလင္းပြဲတြင္ ေဘာလံုးကစားျပသရန္ ျပင္ဆင္ထားသည္ကိုလည္းေတြ႔ရၿပီး သတင္းစာရွင္းလင္းပြဲသို႔ ထိုင္းႏွင့္ ႏုိင္ငံတကာက သတင္းမီဒီယာမ်ား လာေရာက္သတင္းရယူေနေၾကာင္း သိရသည္။

အဆိုပါကေလးမ်ားမွာ ထမ့္လြမ္ဂူအတြင္း ၂၀၁၈ ခုႏွစ္ ဇြန္လ(၂၃)ရက္ေန႔က ဝင္သြားၿပီးေနာက္ ေရႀကီးမႈေၾကာင့္ ပိတ္မိေနခဲ့ၾကျခင္းျဖစ္ရာ ႏုိင္ငံေတာ္အဆင့္ကယ္ဆယ္ေရးအျဖစ္ ထုိင္းႏွင့္ ႏုိင္ငံတကာ ကယ္ဆယ္ေရးသမားမ်ားက ပူးေပါင္းကယ္ဆယ္ခဲ့ၾကရာ ဇူလုိင္လ (၁၀)ရက္ေန႔တြင္ အားလံုးကို ကယ္ထုတ္ႏုိင္ခဲ့ျခင္းျဖစ္ည္။

အဆိုပါ ကယ္ဆယ္ေရးအတြင္း ေရတပ္အထူးအဖြဲ႕ဝင္ေဟာင္း ေရငုပ္အဖြဲ႕ဝင္တစ္ဦးေသဆံုးမႈလည္း ျဖစ္ပြားခဲ့သည္။

သတင္း၊ဓါတ္ပံု #Tachileik News Agency
~~~~~~~~⊰❂ unicode ~~~~~~~~
မယ်ဆိုင်ဂူမှထွက်လာသည့် တောဝက်ဘောလုံးအသင်း၏ ပထမဆုံး သတင်းစာရှင်းလင်းပွဲ ချင်းရိုင်းတွင် ကျင်းပ
***********
ထိုင်း - မြန်မာနယ်စပ် ချင်းရိုင်းခရိုင် မယ်ဆိုင်မြို့ရှိ ထမ့်လွမ်ဂူအတွင်းပိတ်မိနေရာမှ (၁၈)ရက်မြောက်နေ့တွင် ကယ်ဆယ်နိုင်ခဲ့သည့် တောဝက်ဘောလုံးအသင်းမှ ကလေး (၁၂)ဦးနှင့် နည်းပြတို့ ဆေးရုံမှဆင်းပြီး ပထမဆုံးအကြိမ် သတင်းစာရှင်းလင်းပွဲကို ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၁၈)ရက်နေ့ ညနေ(၆)နာရီ၌ ချင်းရိုင်းခရိုင် အုပ်ချုပ်ရေးရုံးခန်းမတွင်  ကျင်းပမည်ဖြစ်သည်။

ဆေးရုံမှဆင်းလာပြီဖြစ်သည့် တောဝက်ဘောလုံးအသင်းက သတင်းစာရှင်းလင်းပွဲတွင် ဘောလုံးကစားပြသရန် ပြင်ဆင်ထားသည်ကိုလည်းတွေ့ရပြီး သတင်းစာရှင်းလင်းပွဲသို့ ထိုင်းနှင့် နိုင်ငံတကာက သတင်းမီဒီယာများ လာရောက်သတင်းရယူနေကြောင်း သိရသည်။

အဆိုပါကလေးများမှာ ထမ့်လွမ်ဂူအတွင်း ၂၀၁၈ ခုနှစ် ဇွန်လ(၂၃)ရက်နေ့က ဝင်သွားပြီးနောက် ရေကြီးမှုကြောင့် ပိတ်မိနေခဲ့ကြခြင်းဖြစ်ရာ နိုင်ငံတော်အဆင့်ကယ်ဆယ်ရေးအဖြစ် ထိုင်းနှင့် နိုင်ငံတကာ ကယ်ဆယ်ရေးသမားများက ပူးပေါင်းကယ်ဆယ်ခဲ့ကြရာ ဇူလိုင်လ (၁၀)ရက်နေ့တွင် အားလုံးကို ကယ်ထုတ်နိုင်ခဲ့ခြင်းဖြစ်ည်။

အဆိုပါ ကယ်ဆယ်ရေးအတွင်း ရေတပ်အထူးအဖွဲ့ဝင်ဟောင်း ရေငုပ်အဖွဲ့ဝင်တစ်ဦးသေဆုံးမှုလည်း ဖြစ်ပွားခဲ့သည်။

သတင်း၊ဓါတ်ပုံ #Tachileik News Agency

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~