
ဇူလိုငျ 18, 2018
By 🌸

သတင်းစာရှင်းလင်းပွဲတွင် လူငယ်များ ဘောလုံးကန်ပြနိုင်ရန်အတွက် စီစဉ်ထားရှိပြီး ဆေးရုံမှဆင်းလာသည့် လူငယ်များကို စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ ရှောင်ရှားနိုင်ရန်အတွက် ၄င်းတို့အား မေးမြန်းလိုသည့် မေးခွန်းများကို မီဒီယာများက ဇူလိုင်လ(၁၆)ရက်နေ့ ညနေပိုင်းကတည်းက သက်ဆိုင်ရာများထံ ကြိုတင်ပေးပို့ထားရခြင်းဖြစ်သည်။


~~~~~~~~⊰❂ unicode ~~~~~~~~
မယ်ဆိုင်ဂူမှ ကယ်ဆယ်ခဲ့သည့်လူငယ် ၁၃ ဦးသတင်းစာရှင်းလင်းပွဲတွင် သတင်းမီဒီယာများ၏ ကြိုတင်မေးခွန်းများ ဖြေကြားနေ
************
မယ်ဆိုင်ဂူတွင်းမှ ကယ်ဆယ်ခဲ့သည့် တောဝက်ဘောလုံးအသင်းမှ လူငယ်(၁၂)ဦး၊ နည်းပြ(၁)ဦးတို့နှင့် တာဝန်ရှိသူများ၏ သတင်းစာရှင်းလင်းပွဲကို ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၁၈)ရက်နေ့တွင် ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင်အုပ်ချုပ်ရေးရုံးခန်းမ၌ ကျင်းပနေရာ ထိုင်းနှင့် နိုင်ငံတကာမှ သတင်းမီဒီယာ စုစုပေါင်း(၃၀၀)ကျော် သတင်းရယူနေခြင်းဖြစ်ပါသည်။

သတင်းစာရှင်းလင်းပွဲတွင် လူငယ်များ ဘောလုံးကန်ပြနိုင်ရန်အတွက် စီစဉ်ထားရှိပြီး ဆေးရုံမှဆင်းလာသည့် လူငယ်များကို စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ ရှောင်ရှားနိုင်ရန်အတွက် ၎င်းတို့အား မေးမြန်းလိုသည့် မေးခွန်းများကို မီဒီယာများက ဇူလိုင်လ(၁၆)ရက်နေ့ ညနေပိုင်းကတည်းက သက်ဆိုင်ရာများထံ ကြိုတင်ပေးပို့ထားရခြင်းဖြစ်သည်။

သတင်း #Tachileik News Agency
ဓါတ်ပုံ #ကိုဇောင်း၊ နန်းကြာဖြူ

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~