တာခ်ီလိတ္တြင္ လက္နက္ဖမ္းဆီးရမိမႈႏွင့္ ဆက္စပ္သည့္ ဟိုမိန္းျပည္သူ႔စစ္ဌာေနတစ္ဦးအား မိုင္းျဖတ္၌ လက္နက္ႏွင့္အတူ ဖမ္းဆီးရမိ

တာခ်ီလိတ္တြင္ လက္နက္ဖမ္းဆီးရမိမႈႏွင့္ ဆက္စပ္သည့္ ဟိုမိန္းျပည္သူ႔စစ္ဌာေနတစ္ဦးအား မိုင္းျဖတ္၌ လက္နက္ႏွင့္အတူ ဖမ္းဆီးရမိ
ဇူလိုင် 15, 2018
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ ေဟြရဲပူးေပါင္းစစ္ေဆးေရးဂိတ္၌ ဖမ္းဆီးရရိွသည့္ လက္နက္မႈႏွင့္ ဆက္စပ္သည့္ ဟိုမိန္းျပည္သူ႔စစ္ဌာေန (SSS)တစ္ဦးအား မိုင္းျဖတ္ၿမိဳ႕နယ္အတြင္း လက္နက္ႏွင့္အတူ ဖမ္းဆီးရမိသျဖင့္ မုိင္းျဖတ္ၿမိဳ႕မရဲစခန္းတြင္ ၂၀၁၈ ခုႏွစ္၊ ဇူလုိင္လ (၁၄)ရက္ေန႔က အမႈဖြင့္စစ္ေဆးေနေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕ ေဟြရဲပူးေပါင္းစစ္ေဆးေရးဂိတ္တြင္ ဇူလိုင္လ (၁၂)ရက္ေန႔က လက္နက္၊ခဲယမ္းမ်ား ဖမ္းဆီးရမိမႈႏွင့္ ဆက္စပ္ၿပီး စစ္ေဆးရာ ဖမ္းဆီးရမိသည့္ ေမာ္ေတာ္ယာဥ္မွာ ဟိုမိန္းျပည္သူ႔စစ္ဌာေန (SSS)မွ က်ိဳင္းေနာင့္ (ခ) အံုးခုိင္(ခ) အုိက္က်ိဳင္း၏ ကားျဖစ္ေၾကာင္း သိရသျဖင့္ မိုင္းျဖတ္ၿမိဳ႕နယ္၊ မုိင္းဟဲေက်းရြာအုပ္စု၊ ဟိုခန္႔ေက်းရြာရိွ က်ိဳင္းေနာင့္(ခ) အံုးခုိင္(ခ)အိုက္က်ိဳင္း၏ ေနအိမ္အား  ဇူလုိင္လ(၁၃)ရက္ေန႔၌ ရဲတပ္ဖြဲ႕က ဝင္ေရာက္ရွာေဖြခဲ့ရာ ထူးျခားမႈမေတြ႔ရေၾကာင္း သိရသည္။

က်ိဳင္းေနာင့္(ခ) အုံုးခုိင္(ခ)အုိက္က်ိဳင္းႏွင့္ ဇနီး နန္းလာတို႔မွာ တာခ်ီလိတ္သို႔ ထြက္ခြာသြားေၾကာင္းသိရၿပီး ယင္းေန႔ ညေန(၄)နာရီ (၄၅)မိနစ္တြင္ ရဲတပ္ဖြဲ႕က နားဟိုင္းေက်းရြာအနီး၊ တာခ်ီလိတ္ - မုိင္းဆတ္ကားလမ္းတြင္ က်ိဳင္းေနာင့္(ခ) အုံုးခိုင္(ခ)အုိက္က်ိဳင္းေမာင္းနွင္လာသည့္ ေမာ္ေတာ္ယာဥ္အား ေတြ႔ရသျဖင့္ စစ္ေဆးရွာေဖြရာ ၾသစေတးလ်ႏုိင္ငံထုတ္ KPX GLOCK အမ်ိဳးအစား ၉ မမ ပစၥတိုေသနတ္ နံပါတ္ ၉၃၉ (၁)လက္ႏွင့္ က်ည္(၃၀)ေတာင့္၊ က်ည္ကဒ္(၂)ခုတို႔အား ရွာေဖြေတြ႔ရိွရျခင္းျဖစ္ေၾကာင္း သိရသည္။

လက္နက္ႏွင့္ဖမ္းဆီးရမိသည့္ က်ိဳင္းေနာင့္(ခ) အံုးခုိင္(ခ) အိုက္က်ိဳင္းအား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ စစ္ေဆးၿပီးေနာက္ ၎အား မိုင္းျဖတ္ၿမိဳ႕မရဲစခန္းတြင္  (ပ) ၁၃ / ၂၀၁၈  ရွမ္းလက္နက္  ၁၂(က)ျဖင့္ အမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။

သတင္း #ၿငိမ္းခ်မ္း(ျပည္)
ဓါတ္ပံု #ရဲတပ္ဖြဲ႕

~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ်တွင် လက်နက်ဖမ်းဆီးရမိမှုနှင့် ဆက်စပ်သည့် ဟိုမိန်းပြည်သူ့စစ်ဌာနေတစ်ဦးအား မိုင်းဖြတ်၌ လက်နက်နှင့်အတူ ဖမ်းဆီးရမိ
**********
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ဟွေရဲပူးပေါင်းစစ်ဆေးရေးဂိတ်၌ ဖမ်းဆီးရရှိသည့် လက်နက်မှုနှင့် ဆက်စပ်သည့် ဟိုမိန်းပြည်သူ့စစ်ဌာနေ (SSS)တစ်ဦးအား မိုင်းဖြတ်မြို့နယ်အတွင်း လက်နက်နှင့်အတူ ဖမ်းဆီးရမိသဖြင့် မိုင်းဖြတ်မြို့မရဲစခန်းတွင် ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၁၄)ရက်နေ့က အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

တာချီလိတ်မြို့ ဟွေရဲပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ဇူလိုင်လ (၁၂)ရက်နေ့က လက်နက်၊ခဲယမ်းများ ဖမ်းဆီးရမိမှုနှင့် ဆက်စပ်ပြီး စစ်ဆေးရာ ဖမ်းဆီးရမိသည့် မော်တော်ယာဉ်မှာ ဟိုမိန်းပြည်သူ့စစ်ဌာနေ (SSS)မှ ကျိုင်းနောင့် (ခ) အုံးခိုင်(ခ) အိုက်ကျိုင်း၏ ကားဖြစ်ကြောင်း သိရသဖြင့် မိုင်းဖြတ်မြို့နယ်၊ မိုင်းဟဲကျေးရွာအုပ်စု၊ ဟိုခန့်ကျေးရွာရှိ ကျိုင်းနောင့်(ခ) အုံးခိုင်(ခ)အိုက်ကျိုင်း၏ နေအိမ်အား  ဇူလိုင်လ(၁၃)ရက်နေ့၌ ရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေခဲ့ရာ ထူးခြားမှုမတွေ့ရကြောင်း သိရသည်။

ကျိုင်းနောင့်(ခ) အုံးခိုင်(ခ)အိုက်ကျိုင်းနှင့် ဇနီး နန်းလာတို့မှာ တာချီလိတ်သို့ ထွက်ခွာသွားကြောင်းသိရပြီး ယင်းနေ့ ညနေ(၄)နာရီ (၄၅)မိနစ်တွင် ရဲတပ်ဖွဲ့က နားဟိုင်းကျေးရွာအနီး၊ တာချီလိတ် - မိုင်းဆတ်ကားလမ်းတွင် ကျိုင်းနောင့်(ခ) အုံးခိုင်(ခ)အိုက်ကျိုင်းမောင်းနှင်လာသည့် မော်တော်ယာဉ်အား တွေ့ရသဖြင့် စစ်ဆေးရှာဖွေရာ သြစတေးလျနိုင်ငံထုတ် KPX GLOCK အမျိုးအစား ၉ မမ ပစ္စတိုသေနတ် နံပါတ် ၉၃၉ (၁)လက်နှင့် ကျည်(၃၀)တောင့်၊ ကျည်ကဒ်(၂)ခုတို့အား ရှာဖွေတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

လက်နက်နှင့်ဖမ်းဆီးရမိသည့် ကျိုင်းနောင့်(ခ) အုံးခိုင်(ခ) အိုက်ကျိုင်းအား တာချီလိတ်မြို့မရဲစခန်းတွင် စစ်ဆေးပြီးနောက် ၎င်းအား မိုင်းဖြတ်မြို့မရဲစခန်းတွင်  (ပ) ၁၃ / ၂၀၁၈  ရှမ်းလက်နက်  ၁၂(က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

သတင်း #ငြိမ်းချမ်း(ပြည်)
ဓါတ်ပုံ #ရဲတပ်ဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~