Update News

နိုင်ငံခြားသား တစ်ဦး ကျန်ခဲ့သည် ငွေများအား ပြန်လည်အပ်နှံလိုက်သည့် ထိုင်းနိုင်ငံမှ ဟိုတယ်ဝန်ထမ်း မြန်မာအမျိုးသမီးအား ဆူရတ်ဌာနီအုပ်ချုပ်ရေးမှူးက ဂုဏ်ပြုချီးမြှင့်


ထိုင်းနိုင်ငံ ကော့စမွေဒေသသို့ အလည်အပတ်လာသည့် ဒတ်ခ်ျနိုင်ငံသား၏ ဘတ်ငွေ (၂၈၀,၀၀၀)ကို ပြန်ပေးခဲ့သည့် ဟိုတယ်ဝန်ထမ်း မြန်မာအမျိုးသမီးကို ဆူရတ်ဌာနီအုပ်ချုပ်ရေးမှူးက ၂၀၁၈ ခုနှစ် ဇူလိုင်လ(၂၂)ရက်နေ့တွင် ဂုဏ်ပြုမှတ်တမ်း ချီးမြှင့်လိုက်ကြောင်း ဘန်ကောက်ပို့စ်သတင်းအရ သိရသည်။


အဆိုပါ ကောက်ရငွေများကို ဟိုတယ်၏ ဧည့်ကြိုကောင်တာသို့ အပ်နှံလိုက်သဖြင့် ပိုင်ရှင်ကို ဆက်သွယ် နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


ဟိုတယ်မန်နေဂျာက မြန်မာအမျိုးသမီးဝန်ထမ်းအပ်ထားသည့် ငွေများကို အဆိုပါ ဧည့်သည်အား ပြန်လည်ပေးအပ်ရာ ငွေသားလျော့နေခြင်း မရှိကြောင်း ဧည့်သည်က အတည်ပြုခဲ့ပြီး ဒေါ်လာ(၁၀၀) ပြန်လည်ချီးမြှင့်ကြောင်း သိရသည်။


Ref; Bangkok Post




~~~~~~~~⊰❂ unicode ~~~~~~~~


ထိုင်းနိုင်ငံ ကော့စမွေဒေသသို့ အလည်အပတ်လာသည့် ဒတ်ချ်နိုင်ငံသား၏ ဘတ်ငွေ (၂၈၀,ဝဝဝ)ကို ပြန်ပေးခဲ့သည့် ဟိုတယ်ဝန်ထမ်း မြန်မာအမျိုးသမီးကို ဆူရတ်ဌာနီအုပ်ချုပ်ရေးမှူးက ၂၀၁၈ ခုနှစ် ဇူလိုင်လ(၂၂)ရက်နေ့တွင် ဂုဏ်ပြုမှတ်တမ်း ချီးမြှင့်လိုက်ကြောင်း ဘန်ကောက်ပို့စ်သတင်းအရ သိရသည်။

Ark Bar Beach Hotel၏ လှေကားတွင် ဇူလိုင်လ(၁၉)ရက်နေ့က သန့်ရှင်းရေးပြုလုပ်စဉ် ဘတ်ငွေ (၂၈၀,ဝဝဝ) (အမေရိကန်ဒေါ်လာ ၁၁,ဝဝဝ)ကို မြန်မာအမျိုးသမီးဝန်ထမ်းက တွေ့ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ကောက်ရငွေများကို ဟိုတယ်၏ ဧည့်ကြိုကောင်တာသို့ အပ်နှံလိုက်သဖြင့် ပိုင်ရှင်ကို ဆက်သွယ် နို်င်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လုံခြုံရေးကင်မရာ မှတ်တမ်းများအား ပြန်လည် စစ်ဆေးကြည့်ရာ အဆိုပါ နေရာတွင် နယ်သာလန်နိုင်ငံမှ ဧည့်သည်တစ်ဦး ဆေးလိပ်သောက်ပြီး အခန်းပြန်သွားချိန်တွင် ပိုက်ဆံထည့်ထားသည့် သေတ္တာ ကျန်နေခဲ့သည်ကို စစ်ဆေး တွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

ဟိုတယ်မန်နေဂျာက မြန်မာအမျိုးသမီးဝန်ထမ်းအပ်ထားသည့် ငွေများကို အဆိုပါ ဧည့်သည်အား ပြန်လည်ပေးအပ်ရာ ငွေသားလျော့နခြေင်း မရှိကြောင်း ဧည့်သည်က အတည်ပြုခဲ့ပြီး ဒေါ်လာ(၁၀၀) ပြန်လည်ချီးမြှင့်ကြောင်း သိရသည်။

မြန်မာအမျိုးသမီးဝန်ထမ်းသည် အဆိုပါဒေသ၏ ပုံရိပ်ကိုမြှင့်တင်ပေးသူအဖြစ် အုပ်ချုပ်ရေးမှူးက ချီးကျူးဂုဏ်ပြုခဲ့ကြောင်းသိရသည်။

Ref; Bangkok Post
 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~


« PREV
NEXT »

No comments

Post a Comment

:::::::::: လှိုက်လှဲစွာ ကျေးဇုးတင်ရှိပါသည် ::::::::::