မင္းတုန္းၿမိဳ႕ေပၚရပ္ကြက္မ်ားတြင္ အခ်ိန္ျပည့္ေရေပးေဝမႈ ဇူလုိင္လအတြင္း စတင္ႏုိင္မည္

မင္းတုန္းၿမိဳ႕ေပၚရပ္ကြက္မ်ားတြင္ အခ်ိန္ျပည့္ေရေပးေဝမႈ ဇူလုိင္လအတြင္း စတင္ႏုိင္မည္
ဇူလိုင် 13, 2018
By 🌸
မေကြးတိုင္းေဒသႀကီး မင္းတုန္းၿမိဳ႕တြင္  ေသာက္သံုးေရျဖန္႔ျဖဴးေပးမႈကို အခ်ိန္ပိုင္းေပးေဝေနရာမွ ၂၀၁၈ ခုႏွစ္ ဇူလုိင္လအတြင္းမွစ၍ အခ်ိန္ျပည့္ေပးေဝသြားႏုိင္ေတာ့မည္ျဖစ္ေၾကာင္း မင္းတုန္းၿမိဳ႕နယ္ စည္ပင္သာယာေရးအဖြဲ႔ထံမွ သိရသည္။

"ဆယ္႔ႏွစ္ရာသီလံုး ခန္းေျခာက္မႈမရိွတဲ့ မင္းတုန္းေခ်ာင္းေရကို မင္းတုန္းၿမိဳ႕ ရပ္ကြက္(၄)ခုမွာ (၇၅)ရာခိုင္ႏႈန္္း ျဖန္႔ျဖဴးေပးလ်က္႐ွိပါတယ္။ မၾကာမီအခ်ိန္အတြင္းမွာ အသစ္၀ယ္ယူျဖည္႔တင္းမယ္႔ ပစၥည္းေတြ ျပည္႔စံုၿပီဆိုရင္ေတာ့ ရာႏႈန္းျပည္႔ ေရေပးေ၀ႏိုင္ေတာ႔မွာပါ"ဟု မင္းတုန္း ၿမိဳ႕နယ္စည္ပင္အမႈေဆာင္အရာ႐ွိ ဦးသိန္း၀င္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေရေပးေဝေရးအတြက္ ေမာ္တာႏွင့္ ပန္႔ႏွစ္လံုး ထပ္မံျဖည့္တင္းရန္ ၂၀၁၈ ခုႏွစ္ မီနီဘတ္ဂ်က္တြင္ ခြင့္ျပဳေပးထားသျဖင့္ လက္ရိွတြင္ တစ္ပတ္လ်င္ (၅)ရက္ ေရေပးေဝေနရာမွ အခ်ိန္ျပည့္ေရေပးေဝႏုိင္ေတာ့မည္ျဖစ္ေၾကာင္း သိရသည္။

အိမ္ေျခ(၁၃၀၅)ႏွင္႔ လူဦးေရ(၄၇၃၇) ေနထိုင္ေသာ မင္းတုန္းၿမိဳ႕ေပၚ႐ွိ ရပ္ကြက္(၄)ခု၌ စည္ပင္ေရတိုင္ (၇၉၅)ခုျဖင့္ မင္းတုန္းေခ်ာင္းေရကို ေပးေဝေနျခင္းျဖစ္သည္။

သတင္း #ဖီးနစ္
ဓာတ္ပံု #မင္းတုန္းစည္ပင္

~~~~~~~~⊰❂ unicode ~~~~~~~~
မင်းတုန်းမြို့ပေါ်ရပ်ကွက်များတွင် အချိန်ပြည့်ရေပေးဝေမှု ဇူလိုင်လအတွင်း စတင်နိုင်မည်
********
မကွေးတိုင်းဒေသကြီး မင်းတုန်းမြို့တွင်  သောက်သုံးရေဖြန့်ဖြူးပေးမှုကို အချိန်ပိုင်းပေးဝေနေရာမှ ၂၀၁၈ ခုနှစ် ဇူလိုင်လအတွင်းမှစ၍ အချိန်ပြည့်ပေးဝေသွားနိုင်တော့မည်ဖြစ်ကြောင်း မင်းတုန်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။

"ဆယ့်နှစ်ရာသီလုံး ခန်းခြောက်မှုမရှိတဲ့ မင်းတုန်းချောင်းရေကို မင်းတုန်းမြို့ ရပ်ကွက်(၄)ခုမှာ (၇၅)ရာခိုင်နှုန်း ဖြန့်ဖြူးပေးလျက်ရှိပါတယ်။ မကြာမီအချိန်အတွင်းမှာ အသစ်ဝယ်ယူဖြည့်တင်းမယ့် ပစ္စည်းတွေ ပြည့်စုံပြီဆိုရင်တော့ ရာနှုန်းပြည့် ရေပေးဝေနိုင်တော့မှာပါ"ဟု မင်းတုန်း မြို့နယ်စည်ပင်အမှုဆောင်အရာရှိ ဦးသိန်းဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ရေပေးဝေရေးအတွက် မော်တာနှင့် ပန့်နှစ်လုံး ထပ်မံဖြည့်တင်းရန် ၂၀၁၈ ခုနှစ် မီနီဘတ်ဂျက်တွင် ခွင့်ပြုပေးထားသဖြင့် လက်ရှိတွင် တစ်ပတ်လျင် (၅)ရက် ရေပေးဝေနေရာမှ အချိန်ပြည့်ရေပေးဝေနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

အိမ်ခြေ(၁၃၀၅)နှင့် လူဦးရေ(၄၇၃၇) နေထိုင်သော မင်းတုန်းမြို့ပေါ်ရှိ ရပ်ကွက်(၄)ခု၌ စည်ပင်ရေတိုင် (၇၉၅)ခုဖြင့် မင်းတုန်းချောင်းရေကို ပေးဝေနေခြင်းဖြစ်သည်။

သတင်း #ဖီးနစ်
ဓာတ်ပုံ #မင်းတုန်းစည်ပင်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~