ေနျပည္ေတာ္၌ မေကြးတိုင္းရိပ္သာေဆာက္လုပ္မည့္စီမံကိန္း တုိင္းေဒသႀကီးလႊတ္ေတာ္ကန္႔ကြက္၍ ျပန္ရုပ္သိမ္း

ေနျပည္ေတာ္၌ မေကြးတိုင္းရိပ္သာေဆာက္လုပ္မည့္စီမံကိန္း တုိင္းေဒသႀကီးလႊတ္ေတာ္ကန္႔ကြက္၍ ျပန္ရုပ္သိမ္း
ဇူလိုင် 24, 2018
By 🌸
မေကြးတုိင္းေဒသႀကီးအစိုးရက က်ပ္သိန္း (၅၀၀၀)ဝန္းက်င္အသံုးျပဳကာ ေနျပည္ေတာ္၌ တိုင္းရိပ္သာတည္ေဆာက္မည့္စီမံကိန္းကို တိုင္းေဒသႀကီးလႊတ္ေတာ္ နဝမပံုမွန္အစည္းအေဝး၌ ၂၀၁၈ ခုႏွစ္ ဇူလိုင္လ (၂၃)ရက္ေန႔တြင္ ကန္႔ကြက္သျဖင့္  စီမံကိန္း ျပည္လည္ရုပ္သိမ္းလိုက္ေၾကာင္း သိရသည္။

"အျခား တိုင္းနဲ႔ျပည္နယ္ေတြက ရိပ္သာေတြကို ထည္ထည္ဝါဝါ ခန္႔ခန္႔ျငားျငားေဆာက္ထားၾကတာရိွေပမဲ့ မေကြးတိုင္းက ရိပ္သာမရိွပါဘူး။ ေနျပည္ေတာ္ကို သြားေရာက္ရတဲ့အခါမ်ိဳးမွာ  နီးစပ္ရာမိတ္ေဆြမ်ားရဲ႕ ေနအိမ္မွာ ေသာ္လည္းေကာင္း၊ အခန္းငွား၍ေသာ္လည္းေကာင္း တည္းခိုေနထိုင္ရတာေၾကာင့္ မေကြးတိုင္းရိပ္သာ တည္ေဆာက္ဖို႔ စီမံခဲ့ျခင္းျဖစ္ေပမဲ့ လႊတ္ေတာ္ဥကၠဌႀကီးနဲ႔ ကိုယ္စားလွယ္ေတာ္ႀကီးမ်ားက ရိပ္သာေဆာက္ဖို႔အတြက္ ကုန္က်မယ့္ေငြကို တစ္ျခားဖံြ႔ၿဖိဳးေရးလုပ္ငန္းေတြမွာ သံုးစဲြသင့္တယ္ဆိုတာေၾကာင့္ တိုင္းရိပ္သာေဆာက္လုပ္မယ့္စီမံကိန္းကို ျပန္ရုတ္သိမ္းပါ တယ္"ဟု မေကြးတိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္ ေဒါက္တာေအာင္မိုးညိဳက လႊတ္ေတာ္တြင္ ေျပာၾကားခဲ့သည္။

တုိင္းေဒသႀကီးအစိုးရက ေနျပည္ေတာ္တြင္ က်ပ္သိန္း(၅၀၀) ျဖင့္ဝယ္ယူထားေသာ ေျမကြက္တြင္ က်ပ္သိန္း(၄၅၀၀)မွ (၅၀၀၀)ခန္႔အထိ ကုန္က်ႏိုင္မည့္ တုိင္းေဒသႀကီးရိပ္သာတည္ေဆာက္ရန္ စီမံကိန္းကို တင္သြင္းခဲ့ျခင္းျဖစ္သည္။

မေကြးတိုင္းေဒသႀကီးအစိုးရအဖဲြ႔ႏွင့္ ဌာနဆိုင္ရာမ်ား၏ ၂၀၁၈ ေအာက္တိုဘာလ (၁)ရက္မွ ၂၀၁၉ စက္တင္ဘာလ(၃၀) ဘတ္ဂ်က္တြင္ တင္ျပထားေသာ စီမံကိန္းလုပ္ငန္းမ်ားအနက္ ေနျပည္ေတာ္တြင္ တိုင္းရိပ္သာေဆာက္လုပ္မည့္စီမံကိန္းကို တုိင္းေဒသႀကီးအစိုးရက ရုပ္သိမ္းမည္ျဖစ္သည္။

သတင္း #ဖီးနစ္
ဓာတ္ပံု -လႊတ္ေတာ္

~~~~~~~~⊰❂ unicode ~~~~~~~~
နေပြည်တော်၌ မကွေးတိုင်းရိပ်သာဆောက်လုပ်မည့်စီမံကိန်း တိုင်းဒေသကြီးလွှတ်တော်ကန့်ကွက်၍ ပြန်ရုပ်သိမ်း
************
မကွေးတိုင်းဒေသကြီးအစိုးရက ကျပ်သိန်း (၅၀၀၀)ဝန်းကျင်အသုံးပြုကာ နေပြည်တော်၌ တိုင်းရိပ်သာတည်ဆောက်မည့်စီမံကိန်းကို တိုင်းဒေသကြီးလွှတ်တော် နဝမပုံမှန်အစည်းအဝေး၌ ၂၀၁၈ ခုနှစ် ဇူလိုင်လ (၂၃)ရက်နေ့တွင် ကန့်ကွက်သဖြင့်  စီမံကိန်း ပြည်လည်ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

"အခြား တိုင်းနဲ့ပြည်နယ်တွေက ရိပ်သာတွေကို ထည်ထည်ဝါဝါ ခန့်ခန့်ငြားငြားဆောက်ထားကြတာရှိပေမဲ့ မကွေးတိုင်းက ရိပ်သာမရှိပါဘူး။ နေပြည်တော်ကို သွားရောက်ရတဲ့အခါမျိုးမှာ  နီးစပ်ရာမိတ်ဆွေများရဲ့ နေအိမ်မှာ သော်လည်းကောင်း၊ အခန်းငှား၍သော်လည်းကောင်း တည်းခိုနေထိုင်ရတာကြောင့် မကွေးတိုင်းရိပ်သာ တည်ဆောက်ဖို့ စီမံခဲ့ခြင်းဖြစ်ပေမဲ့ လွှတ်တော်ဥက္ကဌကြီးနဲ့ ကိုယ်စားလှယ်တော်ကြီးများက ရိပ်သာဆောက်ဖို့အတွက် ကုန်ကျမယ့်ငွေကို တစ်ခြားဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ သုံးစွဲသင့်တယ်ဆိုတာကြောင့် တိုင်းရိပ်သာဆောက်လုပ်မယ့်စီမံကိန်းကို ပြန်ရုတ်သိမ်းပါ တယ်"ဟု မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက လွှတ်တော်တွင် ပြောကြားခဲ့သည်။

တိုင်းဒေသကြီးအစိုးရက နေပြည်တော်တွင် ကျပ်သိန်း(၅၀၀) ဖြင့်ဝယ်ယူထားသော မြေကွက်တွင် ကျပ်သိန်း(၄၅၀၀)မှ (၅၀၀၀)ခန့်အထိ ကုန်ကျနိုင်မည့် တိုင်းဒေသကြီးရိပ်သာတည်ဆောက်ရန် စီမံကိန်းကို တင်သွင်းခဲ့ခြင်းဖြစ်သည်။

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ၏ ၂၀၁၈ အောက်တိုဘာလ (၁)ရက်မှ ၂၀၁၉ စက်တင်ဘာလ(၃၀) ဘတ်ဂျက်တွင် တင်ပြထားသော စီမံကိန်းလုပ်ငန်းများအနက် နေပြည်တော်တွင် တိုင်းရိပ်သာဆောက်လုပ်မည့်စီမံကိန်းကို တိုင်းဒေသကြီးအစိုးရက ရုပ်သိမ်းမည်ဖြစ်သည်။

သတင်း #ဖီးနစ်
ဓာတ်ပုံ -လွှတ်တော်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~