မေကြးတုိင္းေဒသႀကီးတြင္ စည္ပင္သာယာေရးအဖြဲ႕က စည္းကမ္းအပ်က္ဆံုးျဖစ္ေနေၾကာင္း လႊတ္ေတာ္က ဝန္ႀကီးခ်ဳပ္ထံ တုိင္ၾကား

မေကြးတုိင္းေဒသႀကီးတြင္ စည္ပင္သာယာေရးအဖြဲ႕က စည္းကမ္းအပ်က္ဆံုးျဖစ္ေနေၾကာင္း လႊတ္ေတာ္က ဝန္ႀကီးခ်ဳပ္ထံ တုိင္ၾကား
ဇူလိုင် 25, 2018
By 🌸
မေကြးတုိင္းေဒသႀကီးအတြင္း စည္ပင္သာယာေရးအဖြဲ႕သည္ စည္းကမ္းအပ်က္ဆံုးျဖစ္ေနၿပီး စည္ပင္သာယာေရးဝန္ႀကီးအေနျဖင့္ ႏုိင္နင္းစြာစီမံကြပ္ကဲမႈမလုပ္ႏုိင္ေၾကာင္း တုိင္းေဒသႀကီးလႊတ္ေတာ္က ဝန္ႀကီးခ်ဳပ္ထံ တုိင္ၾကားလုိက္သျဖင့္ ဝန္ႀကီးခ်ဳပ္က လႊတ္ေတာ္တြင္ ယင္းကိစၥကိုရွင္းလင္းေၾကာင္း သိရသည္။

အဆိုပါ တုိင္ၾကားစာတြင္ တုိင္းေဒသႀကီးဝန္ႀကီးခ်ဳပ္အေနျဖင့္ ၎၏ဝန္ထမ္းမ်ား အလိုက်သာ ေဆာင္ရြက္ေပးၿပီး ျပည္သူကို မ်က္ကြယ္အၿမဲျပဳေနသည္ဟုလည္း ေဖၚျပထားေၾကာင္း သိရသည္။

“ဝန္ႀကီးအေနနဲ႔ ဝန္ထမ္းေတြအလိုက်သာေဆာင္ရြက္ေနၿပီး ျပည္သူေတြကို မ်က္ကြယ္ျပဳေနတယ္ဆိုတဲ့အခ်က္ဟာ မွန္ကန္ျခင္းမရိွပါဘူး။ တိုင္းေဒသႀကီးစည္ပင္သာယာေရးအဖဲြ႔က ဒုတိယအင္ဂ်င္နီယာမွဴးႀကီး၊ အင္ဂ်င္နီယာမွဴး၊ အင္ဂ်င္နီယာ၊ လက္ေထာက္အင္ဂ်င္နီယာ၊ အႀကီးတန္းစာေရးတို႔ကို တစ္ႏွစ္ ရာထူးတစ္ဆင့္ေလွ်ာ့ခ်အေရးယူထားတာမ်ိဳးေတြရိွပါတယ္။ ေနာက္ဝန္ထမ္း(၂၀)ကိုလည္း ေနရာအေျပာင္းအေရႊ႕ျပဳလုပ္ အေရးယူမႈေတြျပဳလုပ္ခဲ့ပါတယ္"ဟု မေကြးတိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္ ေဒါက္တာေအာင္မိုးညိဳက ၂၀၁၈ ခုႏွစ္၊ ဇူလိုင္လ(၂၃)ရက္ေန႔က က်င္းပသည့္ မေကြးတိုင္းေဒသႀကီးလႊတ္ေတာ္ နဝမပံုမွန္အစည္းအေဝးတြင္ ေျပာၾကားခဲ့ေၾကာင္း သိရသည္။

မေကြးတိုင္းေဒသႀကီးအစိုးရအဖဲြ႔ စည္ပင္သာယာေရးဝန္ႀကီး၏ လုပ္ေဆာင္ခ်က္ႏွင့္ပတ္သက္၍ လႊတ္ေတာ္က ဝန္ႀကီးခ်ဳပ္ထံ ေပးပို႔သည့္စာတြင္ မေကြးၿမိဳ႕ေပၚရိွ ေရႏုတ္ေျမာင္းမ်ား မၿပီးေသးသည္ကိုလည္း ထည့္သြင္းေျပာၾကားထားရာ အဆိုပါလုပ္ငန္းမ်ား အၿပီးသတ္လုပ္ေဆာင္ရန္ ဘတ္ဂ်က္မလံုေလာက္ေသး၍ျဖစ္ေၾကာင္း ဝန္ႀကီးခ်ဳပ္က ရွင္းလင္းသြားေၾကာင္း သိရသည္။

သတင္း #ဖီးနစ္
ဓာတ္ပံု -လႊတ္ေတာ္

~~~~~~~~⊰❂ unicode ~~~~~~~~
မကွေးတိုင်းဒေသကြီးတွင် စည်ပင်သာယာရေးအဖွဲ့က စည်းကမ်းအပျက်ဆုံးဖြစ်နေကြောင်း လွှတ်တော်က ဝန်ကြီးချုပ်ထံ တိုင်ကြား
***********
မကွေးတိုင်းဒေသကြီးအတွင်း စည်ပင်သာယာရေးအဖွဲ့သည် စည်းကမ်းအပျက်ဆုံးဖြစ်နေပြီး စည်ပင်သာယာရေးဝန်ကြီးအနေဖြင့် နိုင်နင်းစွာစီမံကွပ်ကဲမှုမလုပ်နိုင်ကြောင်း တိုင်းဒေသကြီးလွှတ်တော်က ဝန်ကြီးချုပ်ထံ တိုင်ကြားလိုက်သဖြင့် ဝန်ကြီးချုပ်က လွှတ်တော်တွင် ယင်းကိစ္စကိုရှင်းလင်းကြောင်း သိရသည်။

အဆိုပါ တိုင်ကြားစာတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်အနေဖြင့် ၎င်း၏ဝန်ထမ်းများ အလိုကျသာ ဆောင်ရွက်ပေးပြီး ပြည်သူကို မျက်ကွယ်အမြဲပြုနေသည်ဟုလည်း ဖေါ်ပြထားကြောင်း သိရသည်။

“ဝန်ကြီးအနေနဲ့ ဝန်ထမ်းတွေအလိုကျသာဆောင်ရွက်နေပြီး ပြည်သူတွေကို မျက်ကွယ်ပြုနေတယ်ဆိုတဲ့အချက်ဟာ မှန်ကန်ခြင်းမရှိပါဘူး။ တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့က ဒုတိယအင်ဂျင်နီယာမှူးကြီး၊ အင်ဂျင်နီယာမှူး၊ အင်ဂျင်နီယာ၊ လက်ထောက်အင်ဂျင်နီယာ၊ အကြီးတန်းစာရေးတို့ကို တစ်နှစ် ရာထူးတစ်ဆင့်လျှော့ချအရေးယူထားတာမျိုးတွေရှိပါတယ်။ နောက်ဝန်ထမ်း(၂၀)ကိုလည်း နေရာအပြောင်းအရွှေ့ပြုလုပ် အရေးယူမှုတွေပြုလုပ်ခဲ့ပါတယ်"ဟု မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ(၂၃)ရက်နေ့က ကျင်းပသည့် မကွေးတိုင်းဒေသကြီးလွှတ်တော် နဝမပုံမှန်အစည်းအဝေးတွင် ပြောကြားခဲ့ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး၏ လုပ်ဆောင်ချက်နှင့်ပတ်သက်၍ လွှတ်တော်က ဝန်ကြီးချုပ်ထံ ပေးပို့သည့်စာတွင် မကွေးမြို့ပေါ်ရှိ ရေနုတ်မြောင်းများ မပြီးသေးသည်ကိုလည်း ထည့်သွင်းပြောကြားထားရာ အဆိုပါလုပ်ငန်းများ အပြီးသတ်လုပ်ဆောင်ရန် ဘတ်ဂျက်မလုံလောက်သေး၍ဖြစ်ကြောင်း ဝန်ကြီးချုပ်က ရှင်းလင်းသွားကြောင်း သိရသည်။

သတင်း #ဖီးနစ်
ဓာတ်ပုံ -လွှတ်တော်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~