အမိႈက္သိမ္းယာဥ္ႏွင့္ ေရပုပ္စုပ္ယာဥ္မ်ားတြင္ GPS တပ္ဆင္လိုက္သျဖင့္ ဝန္ထမ္းလိုအပ္ခ်က္ကို ေလွ်ာ့ခ်လာႏုိင္

အမိႈက္သိမ္းယာဥ္ႏွင့္ ေရပုပ္စုပ္ယာဥ္မ်ားတြင္ GPS တပ္ဆင္လိုက္သျဖင့္ ဝန္ထမ္းလိုအပ္ခ်က္ကို ေလွ်ာ့ခ်လာႏုိင္
ဇူလိုင် 6, 2018
By 🌸
မေကြးၿမိဳ႕တြင္ စည္ပင္သာယာဌာန၏ အမိႈက္သိမ္းယာဥ္ႏွင့္ ေရပုပ္စုပ္ယာဥ္မ်ားကို GPS တပ္ဆင္ထိန္းခ်ဳပ္သည့္စနစ္ ေျပာင္းလဲလုိက္ျခင္းေၾကာင့္ အခ်ိန္ေလလြင့္မႈႏွင့္ ဝန္ထမ္းလုိအပ္ခ်က္ကို ေလွ်ာ့ခ်ႏုိင္ၿပီေၾကာင္း မေကြးၿမိဳ႕နယ္စည္ပင္သာယာေရးအဖြဲ႔ထံမွ သိရသည္။

"အမႈိက္သိမ္းယာဥ္ေတြနဲ႔ ေရပုပ္စုပ္ယာဥ္ေတြကို GPS တပ္ဆင္လုိက္တဲ့အတြက္ အမႈိက္သိမ္းတဲ့ လမ္းေၾကာင္းေတြကို အမွန္တကယ္ေရာက္ရွိ သိမ္းဆည္းျခင္းရွိ/မရွိ ရံုးခန္းထဲကေနၿပီး သိရွိနိုင္ၿပီျဖစ္တာေၾကာင့္ အဲဒီယာဥ္ေတြေပၚ လုိက္ပါႀကီးၾကပ္ေနရတဲ့ ဝန္ထမ္္းကို တျခားလုပ္ငန္းေတြမွာ တာဝန္ေပးႏိုင္ၿပီျဖစ္လို႔ အခ်ိန္ေလလြင့္မႈနဲ႔ ဝန္ထမ္းလုိအပ္ခ်က္ရွိေနတဲ့အေပၚ အေတာ္ေလ်ာ့ပါးသြားေစခဲ့ပါတယ္"ဟု မေကြးၿမိဳ႕နယ္စည္ ပင္သာယာေရးအဖြဲ႔ သန္႔ရွင္းေရးဌာနစိတ္တာဝန္ခံ ဒုဦးစီးမွဴး ဦးေအာင္ကိုကိုက တာခ်ီလိတ္သတင္းေအဂ်င္စီသုိ႔ ေျပာသည္။

ယခင္က အမႈိက္သိမ္းယာဥ္မ်ားကိုႀကီးၾကပ္ရန္ ဝန္ထမ္းတစ္ဦးစီအား လုိက္ပါ ႀကီးၾကပ္ေစၿပီး ရပ္ကြက္မ်ားအတြင္း သတ္မွတ္ရက္တြင္ အမႈိက္သိမ္းေၾကာင္းကုိ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴး မ်ားထံမွ လက္မွတ္ထုိး မွတ္တမ္းယူသည့္ စနစ္ျဖင့္ ႀကီးၾကပ္ခဲ့ရျခင္းျဖစ္ေသာ္လည္း ၂၀၁၈ ခုႏွစ္ ဇြန္လ (၁၆)ရက္ေန႔မွစ၍ ေမာ္ေတာ္ယာဥ္မ်ားတြင္ GPS တပ္ဆင္ျခင္းကို စတင္ေျပာင္းလဲလုိက္ျခင္းျဖစ္ေၾကာင္း သိရသည္။

မေကြးၿမိဳ႕နယ္စည္ပင္သာယာေရးနယ္နိမိတ္အတြင္း မီးဖိုေခ်ာင္သံုးအမႈိက္နွင့္ လုပ္ငန္းသံုး အမိႈက္ တန္ခ်ိန္ (၆၀)ခန္႔ကို ေန႔စဥ္သိမ္းဆည္းေနရၿပီး အမႈိက္မွ မီးေသြးေထာင့္ထုတ္လုပ္သည့္ စက္ရံုတည္ေဆာက္ နို္င္ရန္လည္း စီစဥ္ေဆာင္ရြက္ေနေၾကာင္း သိရသည္။

သတင္း၊ ဓါတ္ပံု #ဖီးနစ္

~~~~~~~~⊰❂ unicode ~~~~~~~~
အမှိုက်သိမ်းယာဉ်နှင့် ရေပုပ်စုပ်ယာဉ်များတွင် GPS တပ်ဆင်လိုက်သဖြင့် ဝန်ထမ်းလိုအပ်ချက်ကို လျှော့ချလာနိုင်
**************************
မကွေးမြို့တွင် စည်ပင်သာယာဌာန၏ အမှိုက်သိမ်းယာဉ်နှင့် ရေပုပ်စုပ်ယာဉ်များကို GPS တပ်ဆင်ထိန်းချုပ်သည့်စနစ် ပြောင်းလဲလိုက်ခြင်းကြောင့် အချိန်လေလွင့်မှုနှင့် ဝန်ထမ်းလိုအပ်ချက်ကို လျှော့ချနိုင်ပြီကြောင်း မကွေးမြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။

"အမှိုက်သိမ်းယာဉ်တွေနဲ့ ရေပုပ်စုပ်ယာဉ်တွေကို GPS တပ်ဆင်လိုက်တဲ့အတွက် အမှိုက်သိမ်းတဲ့ လမ်းကြောင်းတွေကို အမှန်တကယ်ရောက်ရှိ သိမ်းဆည်းခြင်းရှိ/မရှိ ရုံးခန်းထဲကနေပြီး သိရှိနိုင်ပြီဖြစ်တာကြောင့် အဲဒီယာဉ်တွေပေါ် လိုက်ပါကြီးကြပ်နေရတဲ့ ဝန်ထမ်းကို တခြားလုပ်ငန်းတွေမှာ တာဝန်ပေးနိုင်ပြီဖြစ်လို့ အချိန်လေလွင့်မှုနဲ့ ဝန်ထမ်းလိုအပ်ချက်ရှိနေတဲ့အပေါ် အတော်လျော့ပါးသွားစေခဲ့ပါတယ်"ဟု မကွေးမြို့နယ်စည် ပင်သာယာရေးအဖွဲ့ သန့်ရှင်းရေးဌာနစိတ်တာဝန်ခံ ဒုဦးစီးမှူး ဦးအောင်ကိုကိုက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ယခင်က အမှိုက်သိမ်းယာဉ်များကိုကြီးကြပ်ရန် ဝန်ထမ်းတစ်ဦးစီအား လိုက်ပါ ကြီးကြပ်စေပြီး ရပ်ကွက်များအတွင်း သတ်မှတ်ရက်တွင် အမှိုက်သိမ်းကြောင်းကို ရပ်ကွက်အုပ်ချုပ်ရေးမှူး များထံမှ လက်မှတ်ထိုး မှတ်တမ်းယူသည့် စနစ်ဖြင့် ကြီးကြပ်ခဲ့ရခြင်းဖြစ်သော်လည်း ၂၀၁၈ ခုနှစ် ဇွန်လ (၁၆)ရက်နေ့မှစ၍ မော်တော်ယာဉ်များတွင် GPS တပ်ဆင်ခြင်းကို စတင်ပြောင်းလဲလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

မကွေးမြို့နယ်စည်ပင်သာယာရေးနယ်နိမိတ်အတွင်း မီးဖိုချောင်သုံးအမှိုက်နှင့် လုပ်ငန်းသုံး အမှိုက် တန်ချိန် (၆၀)ခန့်ကို နေ့စဉ်သိမ်းဆည်းနေရပြီး အမှိုက်မှ မီးသွေးထောင့်ထုတ်လုပ်သည့် စက်ရုံတည်ဆောက် နိုင်ရန်လည်း စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။

သတင်း၊ဓါတ်ပုံ #ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~