ဆုိင္ကယ္ (၂) စီး ခိုးယူသြားသူမ်ားကုိ စီစီတီဗီမွတ္တမ္းအကူအညီျဖင့္ တစ္ရက္အတြင္း ဖမ္းမိ

ဆုိင္ကယ္ (၂) စီး ခိုးယူသြားသူမ်ားကုိ စီစီတီဗီမွတ္တမ္းအကူအညီျဖင့္ တစ္ရက္အတြင္း ဖမ္းမိ
ဇူလိုင် 27, 2018
By 🌸
မႏၱေလးၿမိဳ႕တြင္ ၿခံဝင္းအတြင္းရပ္ထားသည့္ ဆုိင္ကယ္(၂)စီး ခိုးယူသြားသူမ်ားကို စီစီတီဗီမွတ္တမ္းအကူအညီျဖင့္ တစ္ရက္အတြင္း ရွာေဖြဖမ္းဆီးႏုိင္ခဲ့ေၾကာင္း သိရသည္။

မႏၱေလးၿမိဳ႕၊ မဟာေအာင္ေျမၿမိဳ႕နယ္၊ မဟာၿမိဳင္(၁)ရပ္ကြက္တြင္ ေဟာ့ေပါ့ဆုိင္တြင္ အလုပ္လုပ္သူသည္ ဇူလုိင္လ(၂၅)ရက္ေန႔က ဆုိင္၏ၿခံဝင္းအတြင္း ေသာ့ခတ္ရပ္ထားခဲ့ၿပီး ဇူလုိင္လ(၂၆)ရက္ေန႔ နံနက္ (၉)နာရီဝန္းက်င္က ဆုိင္ကယ္မရိွေတာ့သည္ကို ေတြ႔ရၿပီး ၎၏လုပ္ေဖၚကိုင္ဖက္၏ဆုိင္ကယ္(၁)စီးပါ ေပ်ာက္ဆံုးေနသည္ကို သိရျခင္းျဖစ္ေၾကာင္း သိရသည္။

ရဲတပ္ဖြဲ႕က ဆိုင္ႏွင့္အနီးဝန္းက်င္ရိွ စီစီတီဗီမွတ္တမ္းမ်ားရယူစစ္ေဆးရာ သက္ေဇာ္ထြန္း (ခ)ႏြားႀကီး (ခ) ရဲရင့္၊ ေက်ာ္ႏုိင္ဝင္း (ခ)ေက်ာ္ေသာင္းႏွင့္ ေအာင္ကိုထူး(ခ)က်ားေပါက္တို႔ျဖစ္ေၾကာင္း အတည္ျပဳႏုိင္ခဲ့သျဖင့္ ရွာေဖြဖမ္းဆီးရာ (၂)ဦးကို ဆံပင္ညႇပ္ဆုိင္တြင္လည္းေကာင္း၊ က်န္(၁)ဦးကို ေနအိမ္အခန္းတြင္လည္းေကာင္း ဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း သိရသည္။

အဆုိပါ(၃)ဦးက ခိုးယူလာသည့္ ဆိုင္ကယ္(၂)စီးထားသည့္ေနရာမ်ားကို ေဖၚထုတ္သျဖင့္ ဆုိင္ကယ္မ်ားကို ျပန္လည္သိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။

သက္ေဇာ္ထြန္း (ခ)ႏြားႀကီး (ခ) ရဲရင့္၊ ေက်ာ္ႏုိင္ဝင္း (ခ)ေက်ာ္ေသာင္းႏွင့္ ေအာင္ကိုထူး(ခ)က်ားေပါက္တို႔အား ယင္းေန႔ ည(၁၀)နာရီေက်ာ္တြင္ ဖမ္းဆီးရမိခဲ့ၿပီးေနာက္ အမွတ္(၉)ၿမိဳ႕မရဲစခန္းတြင္  (ပ) ၅၅၈/၂၀၁၈၊ ရာဇသတ္ႀကီး ပုဒ္မ ၃၈၀(မဆ) ျဖင့္ စစ္ေဆးေနေၾကာင္း သိရသည္။

သတင္း #ၿငိမ္းခ်မ္း(ျပည္)
ဓါတ္ပံု -ရဲတပ္ဖြဲ႕

~~~~~~~~⊰❂ unicode ~~~~~~~~
ဆိုင်ကယ် (၂) စီး ခိုးယူသွားသူများကို စီစီတီဗီမှတ်တမ်းအကူအညီဖြင့် တစ်ရက်အတွင်း ဖမ်းမိ
*************
မန္တလေးမြို့တွင် ခြံဝင်းအတွင်းရပ်ထားသည့် ဆိုင်ကယ်(၂)စီး ခိုးယူသွားသူများကို စီစီတီဗီမှတ်တမ်းအကူအညီဖြင့် တစ်ရက်အတွင်း ရှာဖွေဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်(၁)ရပ်ကွက်တွင် ဟော့ပေါ့ဆိုင်တွင် အလုပ်လုပ်သူသည် ဇူလိုင်လ(၂၅)ရက်နေ့က ဆိုင်၏ခြံဝင်းအတွင်း သော့ခတ်ရပ်ထားခဲ့ပြီး ဇူလိုင်လ(၂၆)ရက်နေ့ နံနက် (၉)နာရီဝန်းကျင်က ဆိုင်ကယ်မရှိတော့သည်ကို တွေ့ရပြီး ၎င်း၏လုပ်ဖေါ်ကိုင်ဖက်၏ဆိုင်ကယ်(၁)စီးပါ ပျောက်ဆုံးနေသည်ကို သိရခြင်းဖြစ်ကြောင်း သိရသည်။

ရဲတပ်ဖွဲ့က ဆိုင်နှင့်အနီးဝန်းကျင်ရှိ စီစီတီဗီမှတ်တမ်းများရယူစစ်ဆေးရာ သက်ဇော်ထွန်း (ခ)နွားကြီး (ခ) ရဲရင့်၊ ကျော်နိုင်ဝင်း (ခ)ကျော်သောင်းနှင့် အောင်ကိုထူး(ခ)ကျားပေါက်တို့ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သဖြင့် ရှာဖွေဖမ်းဆီးရာ (၂)ဦးကို ဆံပင်ညှပ်ဆိုင်တွင်လည်းကောင်း၊ ကျန်(၁)ဦးကို နေအိမ်အခန်းတွင်လည်းကောင်း ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ(၃)ဦးက ခိုးယူလာသည့် ဆိုင်ကယ်(၂)စီးထားသည့်နေရာများကို ဖေါ်ထုတ်သဖြင့် ဆိုင်ကယ်များကို ပြန်လည်သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

သက်ဇော်ထွန်း (ခ)နွားကြီး (ခ) ရဲရင့်၊ ကျော်နိုင်ဝင်း (ခ)ကျော်သောင်းနှင့် အောင်ကိုထူး(ခ)ကျားပေါက်တို့အား ယင်းနေ့ ည(၁၀)နာရီကျော်တွင် ဖမ်းဆီးရမိခဲ့ပြီးနောက် အမှတ်(၉)မြို့မရဲစခန်းတွင်  (ပ) ၅၅၈/၂၀၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၃၈၀(မဆ) ဖြင့် စစ်ဆေးနေကြောင်း သိရသည်။

သတင်း #ငြိမ်းချမ်း(ပြည်)
ဓါတ်ပုံ -ရဲတပ်ဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~