က်ဳိင္းတံုတြင္ ဆိုင္ကယ္ဦးထုပ္မ်ား ေဆာင္းၿပီး မ်က္ႏွာတြင္ Mask တပ္ထားသည့္ လူငယ္တစ္စုက လူငယ္တစ္ဦးအား ရိုက္ႏွက္

က်ဳိင္းတံုတြင္ ဆိုင္ကယ္ဦးထုပ္မ်ား ေဆာင္းၿပီး မ်က္ႏွာတြင္ Mask တပ္ထားသည့္ လူငယ္တစ္စုက လူငယ္တစ္ဦးအား ရိုက္ႏွက္
ဇူလိုင် 27, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ဳိင္းတံုၿမိဳ႕ ရပ္ကြက္(၂)၊က်ဳိင္းလမ္း (၁)လမ္းရွိ ဟိုတယ္တစ္ခုေရွ႕တြင္ ၂၀၁၈ ခုႏွစ္ ဇူလိုင္လ(၂၇)ရက္ေန႔အကူး နံနက္(၀၀း၅၅)နာရီအခ်ိန္က ဆိုင္ကယ္ဦးထုပ္မ်ား ေဆာင္းၿပီး Mask တပ္ထားသည့္ လူငယ္(၅)ဦးက ကားထဲမွလူငယ္(၁)ဦးကို ဝင္ေရာက္ရိုက္ႏွက္မႈ ျဖစ္ပြားေသာ္လည္း ရဲစခန္းသို႔အမႈဖြင့္ တုိင္ၾကားျခင္းမရိွေၾကာင္း သိရသည္။

အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္၍  "အခုခ်ိန္ထိ လာတုိင္ထားတာ မရိွေသးဘူး။ အမႈဖြင့္ထားတာ မရိွပါဘူး"ဟု အဆိုပါ ျဖစ္စဥ္ႏွင့္ ပတ္သက္၍ က်ဳိင္းတံုၿမိဳ႕မရဲစခန္းမွ စခန္းမွဴး ဒုရဲမွဴးသန္းထြန္းေအာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ကားေပၚတြင္ ပါသည့္ (၅)ေယာက္အနက္ လူငယ္(၁)ဦးကို ဝင္ရိုက္ျခင္းျဖစ္ၿပီး ဦးေခါင္းတြင္ ဒဏ္ရာ အနည္းငယ္ရသြားျခင္းျဖစ္ကာ က်ိဳင္းတံုတြင္ အလည္အပတ္လာသူမ်ားျဖစ္သျဖင့္ ရဲစခန္းသို႔ သြားေရာက္ တုိင္ၾကားျခင္းမရိွခဲ့ေၾကာင္း သိရသည္။

“သူတို႔အဖြဲ႕ထဲက စကၤာပူ(စားေသာက္ဆိုင္အမည္)မွာတုန္းက သူငယ္ခ်င္းနဲ႔ မင္းနဲ႔ငါနဲ႔ခ်မလားနဲ႔ ရန္ျဖစ္ဘူးတယ္ေပါ့။ ဒါေပမဲ့ မနက္က ရိုက္ခံထိၿပီး ေမးေတာ့ အဲဒီတစ္ေယာက္မဟုတ္ဘူးလုိ႔ ေျပာတယ္။ သူတုိ႔က မ်က္ႏွာမွာ Mask ေရာ၊ ဦးထုပ္ေရာဆိုေတာ့ မ်က္ႏွာကို မျမင္ရဘူး။ ရိုက္ၿပီးေတာ့ ဖုန္းကျပဳတ္က်သြားေတာ့ ဖုန္းကိုလည္း ေကာက္ယူသြားတယ္”ဟု အရိုက္ခံရသည့္ လူငယ္အဖြဲ႕ထဲမွ တစ္ဦးက ဆိုသည္။

တာခ်ီလိတ္မွတစ္ဆင့္ က်ဳိင္းတံုသို႔ လာလည္ေသာ လူငယ္တစ္စုသည္ ကားျဖင့္ အျပင္မွ ျပန္လာၿပီး ၎တို႔ တည္းခိုသည့္ ဟုိတယ္တြင္ ယာဥ္ရပ္နားစဥ္ ယင္းကဲ့သို႔ ျဖစ္ပြားျခင္း ျဖစ္ေၾကာင္းႏွင့္ ရိုက္ခံရသည့္ လူငယ္တစ္ဦးမွာ ဦးေခါင္းေပါက္သည့္ ဒဏ္ရာရရွိသြားသည့္အျပင္ ဖုန္းတစ္လံုးလည္း ပါသြားေၾကာင္း သိရသည္။

Tachileik News Agency
vdo crd: AMH


~~~~~~~⊰❂ unicode ~~~~~~~~


ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ ရပ်ကွက်(၂)၊ကျိုင်းလမ်း (၁)လမ်းရှိ ဟိုတယ်တစ်ခုရှေ့တွင် ၂၀၁၈ ခုနှစ် ဇူလိုင်လ(၂၇)ရက်နေ့အကူး နံနက်(ဝဝး၅၅)နာရီအချိန်က ဆိုင်ကယ်ဦးထုပ်များ ဆောင်းပြီး Mask တပ်ထားသည့် လူငယ်(၅)ဦးက ကားထဲမှလူငယ်(၁)ဦးကို ဝင်ရောက်ရိုက်နှက်မှု ဖြစ်ပွားသော်လည်း ရဲစခန်းသို့အမှုဖွင့် တိုင်ကြားခြင်းမရှိကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ "အခုချိန်ထိ လာတိုင်ထားတာ မရှိသေးဘူး။ အမှုဖွင့်ထားတာ မရှိပါဘူး"ဟု အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ကျိုင်းတုံမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးသန်းထွန်းအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကားပေါ်တွင် ပါသည့် (၅)ယောက်အနက် လူငယ်(၁)ဦးကို ဝင်ရိုက်ခြင်းဖြစ်ပြီး ဦးခေါင်းတွင် ဒဏ်ရာ အနည်းငယ်ရသွားခြင်းဖြစ်ကာ ကျိုင်းတုံတွင် အလည်အပတ်လာသူများဖြစ်သဖြင့် ရဲစခန်းသို့ သွားရောက် တိုင်ကြားခြင်းမရှိခဲ့ကြောင်း သိရသည်။

“သူတို့အဖွဲ့ထဲက စင်္ကာပူ(စားသောက်ဆိုင်အမည်)မှာတုန်းက သူငယ်ချင်းနဲ့ မင်းနဲ့ငါနဲ့ချမလားနဲ့ ရန်ဖြစ်ဘူးတယ်ပေါ့။ ဒါပေမဲ့ မနက်က ရိုက်ခံထိပြီး မေးတော့ အဲဒီတစ်ယောက်မဟုတ်ဘူးလို့ ပြောတယ်။ သူတို့က မျက်နှာမှာ Mask ရော၊ ဦးထုပ်ရောဆိုတော့ မျက်နှာကို မမြင်ရဘူး။ ရိုက်ပြီးတော့ ဖုန်းကပြုတ်ကျသွားတော့ ဖုန်းကိုလည်း ကောက်ယူသွားတယ်”ဟု အရိုက်ခံရသည့် လူငယ်အဖွဲ့ထဲမှ တစ်ဦးက ဆိုသည်။

တာချီလိတ်မှတစ်ဆင့် ကျိုင်းတုံသို့ လာလည်သော လူငယ်တစ်စုသည် ကားဖြင့် အပြင်မှ ပြန်လာပြီး၎င်းတို့ တည်းခိုသည့် ဟိုတယ်တွင် ယာဉ်ရပ်နားစဉ် ယင်းကဲ့သို့ ဖြစ်ပွားခြင်း ဖြစ်ကြောင်းနှင့် ရိုက်ခံရသည့် လူငယ်တစ်ဦးမှာ ဦးခေါင်းပေါက်သည့် ဒဏ်ရာရရှိသွားသည့်အပြင် ဖုန်းတစ်လုံးလည်း ပါသွားကြောင်း သိရသည်။

Tachileik News Agency
vdo crd: AMH

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~