Writen by
Cherry Htike
4:18:00 PM
-
0
Comments

~~~~~~~~⊰❂ unicode ❂⊱~~~~~~~~
Manhunt International Myanmar 2018 ပြိုင်ပွဲ လားရှိုးတွင် ဇူလိုင် ၂၂ ရက်နေ့၌ ကျင်းပမည်
**************
Manhunt International Myanmar 2018 ( North Shan State ) ပြိုင်ပွဲကို ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ ရှိ မြို့တော်ခန်းမတွင် ဇူလိုင်လ (၂၂ )ရက်နေ့ ညနေ (၅) နာရီမှ ည (၉) နာရီအထိကျင်းပမည်ဖြစ်ပြီး ပြိုင်ပွဲဝင်အမျိုးသား (၂၁) ဦးပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။
“လားရှိုးမှာက မောင် မယ် ပြိုင်ပွဲတွေလုပ်တော့လုပ်ဖူးပေမဲ့ အမျိုးသားသီးသန့်ပြိုင်ပွဲကျင်းပပေးတာကတော့ ဒါက ပထမဆုံးဖြစ်ပါတယ်။ ဒီပွဲကလားရှိုးမြို့အနေနဲ့ကြည့်မယ်ဆိုရင်တော့ (၅ )ပွဲမြောက်ဖြစ်ပါတယ်။ အတတ်နိုင်ဆုံး နာမည်ပျက်မရှိအောင်ရယ် လားရှိုးကပရိတ်သတ်တွေ အားပေးရတာကျေနပ်မှု မျှတမှုရှိအောင်ကြိုးစား လုပ်ဆောင်ပေးသွားမှာပါ။ ဒီပြိုင်ပွဲကနေတစ်ဆင့် Grand Final ပြိုင်ပွဲ၊ အဲဒီကနေတစ်ဆင့် International အဆင့်ထိယှဉ်ပြိုင်သွားဖို့ရာ လားရှိုးကိုယ်စားပြု Manhunt တစ်ယောက်ကိုပဲ ရွေးချယ်ပေးသွားမှာဖြစ်ပါတယ် ” ဟု Manhunt International Myanmar 2018 ( North Shan State ) မှ Regional Manager ကိုဇေယျာလင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
အဆိုပါ ပြိုင်ပွဲတွင် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ လားရှိုး၊ ကွတ်ခိုင်၊ သိန်းနီမြို့များမှ ပြိုင်ပွဲဝင် (၂၁) ဦးပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး ပြိုင်ပွဲမှ အနိုင်ရရှိသူမှာ စက်တင်ဘာလအတွင်း ကျင်းပမည့် Grand Final ပြိုင်ပွဲနှင့် ဆက်လက်ရွေးချယ်ခံရပါက ၂၀၁၉ ခုနှစ် မေလတွင်ကျင်းပမည့် နိုင်ငံတကာပြိုင်ပွဲသို့ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်ကြောင်း သိရသည်။
သတင်း၊ဓါတ်ပုံ #နေဖြိုးမြင့်

No comments
Post a Comment
:::::::::: လှိုက်လှဲစွာ ကျေးဇုးတင်ရှိပါသည် ::::::::::