မယ္ဆုိင္ဂူအတြင္း ကယ္ဆယ္ေရးအတြက္ ေရစုပ္စက္မ်ား ထပ္မံျဖည့္တင္း

မယ္ဆုိင္ဂူအတြင္း ကယ္ဆယ္ေရးအတြက္ ေရစုပ္စက္မ်ား ထပ္မံျဖည့္တင္း
ဇူလိုင် 6, 2018
By 🌸
မယ္ဆိုင္ဂူအတြင္း ကယ္ဆယ္ေရး (၁၄)ရက္ေျမာက္ေန႔ျဖစ္သည့္ ၂၀၁၈ ခုႏွစ္ ဇူလုိင္လ(၆)ရက္ေန႔ ေန႔လယ္ပိုင္းတြင္ ဂူအတြင္းမွ ေရမ်ားစုပ္ထုတ္ရန္ ေရစုပ္စက္မ်ား ထပ္မံျဖည့္တင္းေနသည္ကို ေတြ႔ရသည္။

ေရစုပ္စက္တစ္လံုးလွ်င္ လူ(၁၀)ေယာက္ေက်ာ္ႏႈန္းျဖင့္ သယ္မၿပီး ဂူအတြင္းသယ္ယူေနသည္ကို ေတြ႔ရျခင္းျဖစ္သည္။

လက္ရိွအခ်ိန္တြင္ ဂူအတြင္းမွ ေရစုပ္ထုတ္ေနမႈမွာ တစ္နာရီလွ်င္  ေရမ်က္ႏွာျပင္ (၁)စင္တီမီတာႏႈန္းက်ဆင္းေနၿပီး တစ္ေန႔လွ်င္ ခန္႔မွန္းေျခအားျဖင့္ ေရ(၁၇၀၀၀) ကုဗမီတာ စုပ္ထုတ္ေနေၾကာင္း သိရသည္။

ဂူအတြင္းပိတ္မိေနသည့္ ကေလး(၁၃)ဦးကို အျပင္သို႔ေခၚထုတ္ရန္ ဂူအတြင္းမွ ေရမ်က္ႏွာျပင္မွာ ျမင့္တက္ေနဆဲျဖစ္သျဖင့္ ဂူအတြင္းရိွ ေရမ်ားကိုနည္းမ်ိဳးစံုျဖင့္ ထုတ္ပစ္ေနၾကျခင္းျဖစ္သည္။

သတင္း ၊ဓါတ္ပံု #ကိုေဇာင္း

~~~~~~~~⊰❂ unicode ~~~~~~~~
မယ်ဆိုင်ဂူအတွင်း ကယ်ဆယ်ရေးအတွက် ရေစုပ်စက်များ ထပ်မံဖြည့်တင်း
****************
မယ်ဆိုင်ဂူအတွင်း ကယ်ဆယ်ရေး (၁၄)ရက်မြောက်နေ့ဖြစ်သည့် ၂၀၁၈ ခုနှစ် ဇူလိုင်လ(၆)ရက်နေ့ နေ့လယ်ပိုင်းတွင် ဂူအတွင်းမှ ရေများစုပ်ထုတ်ရန် ရေစုပ်စက်များ ထပ်မံဖြည့်တင်းနေသည်ကို တွေ့ရသည်။

ရေစုပ်စက်တစ်လုံးလျှင် လူ(၁၀)ယောက်ကျော်နှုန်းဖြင့် သယ်မပြီး ဂူအတွင်းသယ်ယူနေသည်ကို တွေ့ရခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် ဂူအတွင်းမှ ရေစုပ်ထုတ်နေမှုမှာ တစ်နာရီလျှင်  ရေမျက်နှာပြင် (၁)စင်တီမီတာနှုန်းကျဆင်းနေပြီး တစ်နေ့လျှင် ခန့်မှန်းခြေအားဖြင့် ရေ(၁၇၀၀၀) ကုဗမီတာ စုပ်ထုတ်နေကြောင်း သိရသည်။

ဂူအတွင်းပိတ်မိနေသည့် ကလေး(၁၃)ဦးကို အပြင်သို့ခေါ်ထုတ်ရန် ဂူအတွင်းမှ ရေမျက်နှာပြင်မှာ မြင့်တက်နေဆဲဖြစ်သဖြင့် ဂူအတွင်းရှိ ရေများကိုနည်းမျိုးစုံဖြင့် ထုတ်ပစ်နေကြခြင်းဖြစ်သည်။

သတင်း ၊ဓါတ်ပုံ #ကိုဇောင်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~