မယ္ဆိုင္ဂူအတြင္း ပိတ္မိေနသည့္ကေလးမ်ားအား ေခၚထုတ္ေနရာ ည ၉ နာရီဝန္းက်င္တြင္ ပထမဆံုးတစ္ေယာက္ အျပင္သို႔စတင္ေရာက္ရိွႏုိင္

မယ္ဆိုင္ဂူအတြင္း ပိတ္မိေနသည့္ကေလးမ်ားအား ေခၚထုတ္ေနရာ ည ၉ နာရီဝန္းက်င္တြင္ ပထမဆံုးတစ္ေယာက္ အျပင္သို႔စတင္ေရာက္ရိွႏုိင္
ဇူလိုင် 8, 2018
By 🌸
မယ္ဆုိင္ဂူအတြင္းမွ ကေလးမ်ားအား ေခၚထုတ္သည့္ကယ္ဆယ္ေရးလုပ္ငန္းအား ဇူလုိင္လ(၈)ရက္ေန႔တြင္ စတင္ေနၿပီး ယေန႔ည(၉)နာရီဝန္းက်င္တြင္္ ပထမဆံုးကေလးတစ္ဦး ဂူအျပင္သို႔ စတင္ေရာက္ရိွႏုိင္မည္ျဖစ္ေၾကာင္း သိရသည္။

“ဒီေန႔က ဒီေဒးပါပဲ။ ႏုိင္ငံတကာက ေရငုပ္ကၽြမ္းက်င္သူ (၁၃)ဦးနဲ႔ အထူးေရတပ္အဖြဲ႕ဝင္(၅)ဦးပါတဲ့အဖြဲ႕က ဂူထဲပိတ္မိေနသူေတြကိုကယ္ဖို႔ ဝင္သြားၾကပါၿပီ”ဟု ဇူလုိင္လ(၈)ရက္ေန႔ နံနက္ပိုင္း သတင္းစာရွင္းလင္းပြဲတြင္ ခ်င္းရိုင္းခရိုင္အုပ္ခ်ဳပ္ေရးမွဴး နရြန္ဆတ္အိုဆထာနကြန္းက ေျပာၾကားလုိက္သည္။

အဆိုပါကယ္ဆယ္ေရးအစီအစဥ္ကို ထုိင္းစံေတာ္ခ်ိန္ နံနက္ (၁၀)နာရီတြင္ စတင္လုိက္ျခင္းျဖစ္ၿပီး ကေလးတစ္ဦးစီကို ကၽြမ္းက်င္ေရငုပ္သမားႏွစ္ဦးစီျဖင့္ အတူလုိက္ပါ ေခၚထုတ္လာၾကမည္ျဖစ္ေၾကာင္း သိရသည္။
 ကယ္ဆယ္ေရးအစီအစဥ္ကို ဂူအတြင္းပိတ္မိေနသည့္ ကေလးမ်ားႏွင့္ ၎တို႔၏မိသားစုမ်ားထံ အသိေပးထားၿပီးျဖစ္ေၾကာင္း သိရသည္။

“ကေလးေတြက ကိုယ္ခႏၶာေရာ စိတ္ပိုင္းဆိုင္ရာမွာပါ အေျခအေနေကာင္းေနၾကပါတယ္။ ဒီကယ္ဆယ္ေရးအစီအစဥ္ကိုလည္း သူတို႔ သေဘာတူၾကတယ္။ သူတို႔အားလံုးက ဘယ္လိုအခက္အခဲမဆို ရင္ဆုိင္ဖို႔အသင့္ပဲလို႔ဆိုတယ္”ဟု ခ်င္းရိုင္းခရိုင္အုပ္ခ်ဳပ္ေရးမွဴးက ဆိုသည္။

 လက္ရိွ ရာသီဥတုအေျခအေနႏွင့္ ဂူအတြင္းအေနအထားမ်ားမွာ ကယ္ဆယ္ေရးစတင္ရန္ အသင့္ေတာ္ဆံုးအခ်ိန္ျဖစ္သည္ဟု ဆိုသည္။

ေတာဝက္ေဘာလံုးအသင္းမွ ကေလး(၁၂)ဦးႏွင့္ နည္းျပတို႔မွာ ဇြန္လ(၂၃)ရက္ေန႔ကတည္းက ဂူအတြင္း ေရဝင္နစ္ျမဳပ္လာသျဖင့္ ပိတ္မိေနခဲ့ၾကျခင္းျဖစ္ရာ ၎တို႔အား (၁၀)ရက္အၾကာတြင္ ကယ္ဆယ္ေရးအဖြဲ႕မ်ား ရွာေဖြေတြ႔ရိွခဲ့ၾကျခင္းျဖစ္ၿပီး (၁၆)ရက္ေျမာက္ေန႔တြင္ ဂူအတြင္းမွ ေခၚထုတ္ရန္ႀကိဳးစားေနၾကျခင္းျဖစ္သည္။

အဆိုပါ ကယ္ဆယ္ေရးလုပ္ငန္းကို ထုိင္းနိုင္ငံက ႏုိင္ငံေတာ္အဆင့္ ကယ္ဆယ္ေရးလုပ္ငန္းအျဖစ္ သတ္မွတ္လုပ္ေဆာင္ကာ ႏုိင္ငံတကာမွ ကၽြမ္းက်င္သူမ်ားကိုလည္း ဖိတ္ေခၚအကူအညီေတာင္း ေဆာင္ရြက္ေနခဲ့ျခင္းျဖစ္သည္။

ထုိင္းနိုင္ငံတြင္း ႏုိင္ငံတကာပါ ပူးေပါင္းပါဝင္သည့္ အႀကီးမားဆံုးကယ္ဆယ္ေရးလုပ္ငန္းအား ႏုိင္ငံတကာမွ သတင္းမီဒီယာမ်ားလည္း သတင္းလာေရာက္ရယူေနရာသတင္းမီဒီယာသမားေပါင္း (၁၀၀၀)ဝန္းက်င္ရိွသည္ဟု ကယ္ဆယ္ေရးစခန္းတာဝန္ရိွသူမ်ားက ခန္႔မွန္းေျပာဆိုသည္။

သတင္း #Tachileik News Agency
ဓါတ္ပံု #ကိုေဇာင္း

~~~~~~~~⊰❂ unicode ~~~~~~~~
မယ်ဆိုင်ဂူအတွင်း ပိတ်မိနေသည့်ကလေးများအား ခေါ်ထုတ်နေရာ ည ၉ နာရီဝန်းကျင်တွင် ပထမဆုံးတစ်ယောက် အပြင်သို့စတင်ရောက်ရှိနိုင်
************
မယ်ဆိုင်ဂူအတွင်းမှ ကလေးများအား ခေါ်ထုတ်သည့်ကယ်ဆယ်ရေးလုပ်ငန်းအား ဇူလိုင်လ(၈)ရက်နေ့တွင် စတင်နေပြီး ယနေ့ည(၉)နာရီဝန်းကျင်တွင် ပထမဆုံးကလေးတစ်ဦး ဂူအပြင်သို့ စတင်ရောက်ရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

“ဒီနေ့က ဒီဒေးပါပဲ။ နိုင်ငံတကာက ရေငုပ်ကျွမ်းကျင်သူ (၁၃)ဦးနဲ့ အထူးရေတပ်အဖွဲ့ဝင်(၅)ဦးပါတဲ့အဖွဲ့က ဂူထဲပိတ်မိနေသူတွေကိုကယ်ဖို့ ဝင်သွားကြပါပြီ”ဟု ဇူလိုင်လ(၈)ရက်နေ့ နံနက်ပိုင်း သတင်းစာရှင်းလင်းပွဲတွင် ချင်းရိုင်းခရိုင်အုပ်ချုပ်ရေးမှူး နရွန်ဆတ်အိုဆထာနကွန်းက ပြောကြားလိုက်သည်။

အဆိုပါကယ်ဆယ်ရေးအစီအစဉ်ကို ထိုင်းစံတော်ချိန် နံနက် (၁၀)နာရီတွင် စတင်လိုက်ခြင်းဖြစ်ပြီး ကလေးတစ်ဦးစီကို ကျွမ်းကျင်ရေငုပ်သမားနှစ်ဦးစီဖြင့် အတူလိုက်ပါ ခေါ်ထုတ်လာကြမည်ဖြစ်ကြောင်း သိရသည်။
 ကယ်ဆယ်ရေးအစီအစဉ်ကို ဂူအတွင်းပိတ်မိနေသည့် ကလေးများနှင့် ၎င်းတို့၏မိသားစုများထံ အသိပေးထားပြီးဖြစ်ကြောင်း သိရသည်။

“ကလေးတွေက ကိုယ်ခန္ဓာရော စိတ်ပိုင်းဆိုင်ရာမှာပါ အခြေအနေကောင်းနေကြပါတယ်။ ဒီကယ်ဆယ်ရေးအစီအစဉ်ကိုလည်း သူတို့ သဘောတူကြတယ်။ သူတို့အားလုံးက ဘယ်လိုအခက်အခဲမဆို ရင်ဆိုင်ဖို့အသင့်ပဲလို့ဆိုတယ်”ဟု ချင်းရိုင်းခရိုင်အုပ်ချုပ်ရေးမှူးက ဆိုသည်။

 လက်ရှိ ရာသီဥတုအခြေအနေနှင့် ဂူအတွင်းအနေအထားများမှာ ကယ်ဆယ်ရေးစတင်ရန် အသင့်တော်ဆုံးအချိန်ဖြစ်သည်ဟု ဆိုသည်။

တောဝက်ဘောလုံးအသင်းမှ ကလေး(၁၂)ဦးနှင့် နည်းပြတို့မှာ ဇွန်လ(၂၃)ရက်နေ့ကတည်းက ဂူအတွင်း ရေဝင်နစ်မြုပ်လာသဖြင့် ပိတ်မိနေခဲ့ကြခြင်းဖြစ်ရာ ၎င်းတို့အား (၁၀)ရက်အကြာတွင် ကယ်ဆယ်ရေးအဖွဲ့များ ရှာဖွေတွေ့ရှိခဲ့ကြခြင်းဖြစ်ပြီး (၁၆)ရက်မြောက်နေ့တွင် ဂူအတွင်းမှ ခေါ်ထုတ်ရန်ကြိုးစားနေကြခြင်းဖြစ်သည်။
အဆိုပါ ကယ်ဆယ်ရေးလုပ်ငန်းကို ထိုင်းနိုင်ငံက နိုင်ငံတော်အဆင့် ကယ်ဆယ်ရေးလုပ်ငန်းအဖြစ် သတ်မှတ်လုပ်ဆောင်ကာ နိုင်ငံတကာမှ ကျွမ်းကျင်သူများကိုလည်း ဖိတ်ခေါ်အကူအညီတောင်း ဆောင်ရွက်နေခဲ့ခြင်းဖြစ်သည်။

ထိုင်းနိုင်ငံတွင်း နိုင်ငံတကာပါ ပူးပေါင်းပါဝင်သည့် အကြီးမားဆုံးကယ်ဆယ်ရေးလုပ်ငန်းအား နိုင်ငံတကာမှ သတင်းမီဒီယာများလည်း သတင်းလာရောက်ရယူနေရာသတင်းမီဒီယာသမားပေါင်း (၁၀၀၀)ဝန်းကျင်ရှိသည်ဟု ကယ်ဆယ်ရေးစခန်းတာဝန်ရှိသူများက ခန့်မှန်းပြောဆိုသည်။

သတင်း #Tachileik News Agency
ဓါတ်ပုံ #ကိုဇောင်း
 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~