စပါးခြံမ်ားျဖင့္ ဖံုးအုပ္ကာ သယ္ေဆာင္လာသည့္ သစ္မ်ားကို လားရႈိးၿမိဳ႕ေရွာင္လမ္းတြင္ ဖမ္းဆီးရမိ

စပါးခြံမ်ားျဖင့္ ဖံုးအုပ္ကာ သယ္ေဆာင္လာသည့္ သစ္မ်ားကို လားရႈိးၿမိဳ႕ေရွာင္လမ္းတြင္ ဖမ္းဆီးရမိ
ဇူလိုင် 21, 2018
By Tachileik News Agency

ပိေတာက္သစ္တံုး (၄၄)တံုးကို စပါးခြံအိတ္မ်ားျဖင့္ ဖံုးအုပ္ သယ္ေဆာင္လာသည့္ (၆)ဘီးယာဥ္တစ္စီးကို ရွမ္းျပည္နယ္(ေျမာက္ပိုင္း) လားရိႈးၿမိဳ႕ ၿမိဳ႕ေရွာင္လမ္းတြင္ ဇူလိုင္လ (၂၁) ရက္ နံနက္ပိုင္းက ဖမ္းဆီး ရမိေၾကာင္း သိရသည္။

“မနက္ (၆) နာရီခြဲေလာက္မွာ အဲဒီကားကို ေတြ႔ရွိတာျဖစ္ပါတယ္။ ပိေတာက္သစ္ေတြကို တင္ထားၿပီးေတာ့ စပါးခြံ(ဖြဲၾကမ္း)အိတ္ေတြနဲ႔ဖံုးၿပီး သယ္လာတာ။ ယာဥ္ကိုေမာင္းႏွင္လာတဲ့ ယာဥ္ေမာင္းနဲ႔ ယာဥ္ေနာက္လိုက္ တို႔ကို တစ္ခါတည္း ဖမ္းဆီး ရရွိထားပါတယ္။ ဥပေဒအရ အေရးယူဖို႔ လုပ္ေဆာင္ေနပါတယ္” ဟု လားရိႈးၿမိဳ႕နယ္ သစ္ေတာဦးစီးဌာနမွ ေတာအုပ္ႀကီးဦးစိုးတင့္က တာခ်ီလိတ္သတင္းေအဂ်င္စီသုိ႔ ေျပာသည္။

လားရိႈးဘက္မွ မူဆယ္ဘက္သို႔ ေမာင္းႏွင္လာသည့္ အဆိုပါ (၆) ဘီးယာဥ္အား လားရိႈးၿမိဳ႕ေရွာင္လမ္းတြင္ ၿမိဳ႕နယ္သစ္ေတာဦးစီးဌာန ပါဝင္သည့္ ပူးေပါင္းအဖြဲ႔က ဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း သိရသည္။

ပိေတာက္သစ္မ်ားအား တရားမဝင္ တင္ပို႔ေရာင္းခ်ရန္ သယ္ေဆာင္လာသည့္ ယာဥ္မွ ယာဥ္ေမာင္း၊ ယာဥ္ေနာက္လိုက္တို႔ကို ၁၉၄၇ ခုႏွစ္ ျပည္သူပိုင္ပစၥည္းကာကြယ္ေစာင့္ေရွာက္ေရး အက္ဥပေဒ ၆ (၁) ျဖင့္ လားရိႈးၿမိဳ႕ နယ္ေျမရဲစခန္းတြင္ အမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။

သတင္း - ေနၿဖိဳးျမင့္
ဓါတ္ပံု - လားရႈိးၿမိဳ႕နယ္သစ္ေတာဦးစီးဌာန



 


~~~~~~~~⊰❂ unicode ~~~~~~~~

ပိတောက်သစ်တုံး (၄၄)တုံးကို စပါးခွံအိတ်များဖြင့် ဖုံးအုပ် သယ်ဆောင်လာသည့် (၆)ဘီးယာဉ်တစ်စီးကို ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ မြို့ရှောင်လမ်းတွင် ဇူလိုင်လ (၂၁) ရက် နံနက်ပိုင်းက ဖမ်းဆီး ရမိကြောင်း သိရသည်။

“မနက် (၆) နာရီခွဲလောက်မှာ အဲဒီကားကို တွေ့ရှိတာဖြစ်ပါတယ်။ ပိတောက်သစ်တွေကို တင်ထားပြီးတော့ စပါးခွံ(ဖွဲကြမ်း)အိတ်တွေနဲ့ဖုံးပြီး သယ်လာတာ။ ယာဉ်ကိုမောင်းနှင်လာတဲ့ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက် တို့ကို တစ်ခါတည်း ဖမ်းဆီး ရရှိထားပါတယ်။ ဥပဒေအရ အရေးယူဖို့ လုပ်ဆောင်နေပါတယ်” ဟု လားရှိုးမြို့နယ် သစ်တောဦးစီးဌာနမှ တောအုပ်ကြီးဦးစိုးတင့်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လားရှိုးဘက်မှ မူဆယ်ဘက်သို့ မောင်းနှင်လာသည့် အဆိုပါ (၆) ဘီးယာဉ်အား လားရှိုးမြို့ရှောင်လမ်းတွင် မြို့နယ်သစ်တောဦးစီးဌာန ပါဝင်သည့် ပူးပေါင်းအဖွဲ့က ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

ပိတောက်သစ်များအား တရားမဝင် တင်ပို့ရောင်းချရန် သယ်ဆောင်လာသည့် ယာဉ်မှ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တို့ကို ၁၉၄၇ ခုနှစ် ပြည်သူပိုင်ပစ္စည်းကာကွယ်စောင့်ရှောက်ရေး အက်ဥပဒေ ၆ (၁) ဖြင့် လားရှိုးမြို့ နယ်မြေရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ - လားရှိုးမြို့နယ်သစ်တောဦးစီးဌာန

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~