လားရိႈးတြင္ သစ္သားပန္းပုလက္ရာျပသေရာင္းခ်ပြဲႏွင့္ ေဒသတြင္း လက္မႈထုတ္ကုန္ျပပြဲ က်င္းပမည္

လားရိႈးတြင္ သစ္သားပန္းပုလက္ရာျပသေရာင္းခ်ပြဲႏွင့္ ေဒသတြင္း လက္မႈထုတ္ကုန္ျပပြဲ က်င္းပမည္
ဇူလိုင် 25, 2018
By 🌸
သစ္သားပန္းပုလက္ရာျပသေရာင္းခ်ပြဲႏွင့္ ေဒသတြင္း လက္မႈထုတ္ကုန္ျပသပြဲကို ရွမ္းျပည္နယ္(ေျမာက္ပိုင္း) လားရိႈးၿမိဳ႕ရိွ လားရိႈးမိုတယ္တြင္ ၂၀၁၈ ခုႏွစ္၊ ဇူလိုင္လ (၂၈) ရက္ေန႔၌ က်င္းပမည္ျဖစ္ေၾကာင္း သိရသည္။

ျပပြဲတြင္ သစ္သားပန္းပုမ်ား၊ လားရႈိးၿမိဳ႕ အိမ္တြင္းမႈသက္ေမြးပညာသင္တန္းေက်ာင္းမွ အိမ္တြင္းမႈ လက္လုပ္ပစၥည္းမ်ား၊ ရွမ္းရိုးရာလက္မႈပစၥည္းအေရာင္းဆိုင္မွ ရွမ္းရိုးရာအသံုးအေဆာင္လက္မႈပစၥည္းမ်ားအျပင္ မိုးကုတ္ေက်ာက္စီပန္းခ်ီကားမ်ားကိုလည္း ထည့္သြင္းျပသြားမည္ျဖစ္ၿပီး နံနက္ (၉)နာရီမွ ညေန (၄) နာရီအထိ မည္သူမဆို လြတ္လပ္စြာ လာေရာက္ၾကည့္ရႈႏုိင္မည္ျဖစ္ေၾကာင္း သိရသည္။

 “အဓိကကေတာ့ ျမန္မာမႈသစ္သားပန္းပုလက္ရာေတြ မတိမ္ေကာ၊ မေပ်ာက္ကြယ္သြားေအာင္၊ သစ္သား ပန္းပုလက္ရာေတြ အဆင့္ျမင့္ျမင့္တက္လွမ္းႏိုင္ေစဖို႔ရယ္ ေဒသတြင္းက လက္မႈထုတ္ကုန္ပစၥည္းေတြကို ထုတ္ေဖၚျပသခ်င္တာကိုရည္ရြယ္ၿပီးေတာ့ ျပဳလုပ္တာျဖစ္ပါတယ္” ဟု အမွတ္တရပစၥည္းထုတ္လုပ္၊ ျဖန္႔ျဖဴး၊ ေရာင္းခ်ေရးအသင္း (ရွမ္း/ေျမာက္)မွ အသင္းဥကၠဌ ဦးသိန္းမင္းထြန္းက တာခ်ီလိတ္သတင္းေအဂ်င္စီ သုိ႔ ေျပာသည္။

အဆိုပါျပပြဲကို ျမန္မာႏိုင္ငံ ဟိုတယ္ႏွင့္ခရီးသြားလာေရးဝန္ႀကီးဌာန၊ ဟိုတယ္ႏွင့္ခရီးသြားညႊန္ၾကားမႈ ဦးစီးဌာန လက္ေအာက္ရွိ အမွတ္တရပစၥည္းထုတ္လုပ္၊ ျဖန္႔ျဖဴး၊ ေရာင္းခ်ေရးအသင္း( MSEA )ႏွင့္ ျမန္မာႏိုင္ငံ ဟိုတယ္ဆိုင္ရာလုပ္ငန္း ရွင္မ်ားအသင္း (ရွမ္း/ေျမာက္) MHA (NSS) တို႔ ပူးေပါင္းက်င္းပျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း #ေနၿဖိဳးျမင့္

~~~~~~~~⊰❂ unicode ~~~~~~~~
လားရှိုးတွင် သစ်သားပန်းပုလက်ရာပြသရောင်းချပွဲနှင့် ဒေသတွင်း လက်မှုထုတ်ကုန်ပြပွဲ ကျင်းပမည်
**************
သစ်သားပန်းပုလက်ရာပြသရောင်းချပွဲနှင့် ဒေသတွင်း လက်မှုထုတ်ကုန်ပြသပွဲကို ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ရှိ လားရှိုးမိုတယ်တွင် ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၂၈) ရက်နေ့၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ပြပွဲတွင် သစ်သားပန်းပုများ၊ လားရှိုးမြို့ အိမ်တွင်းမှုသက်မွေးပညာသင်တန်းကျောင်းမှ အိမ်တွင်းမှု လက်လုပ်ပစ္စည်းများ၊ ရှမ်းရိုးရာလက်မှုပစ္စည်းအရောင်းဆိုင်မှ ရှမ်းရိုးရာအသုံးအဆောင်လက်မှုပစ္စည်းများ အပြင် မိုးကုတ်ကျောက်စီပန်းချီကားများကိုလည်း ထည့်သွင်းပြသွားမည်ဖြစ်ပြီး နံနက် (၉)နာရီမှ ညနေ (၄) နာရီအထိ မည်သူမဆို လွတ်လပ်စွာ လာရောက်ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း သိရသည်။

 “အဓိကကတော့ မြန်မာမှုသစ်သားပန်းပုလက်ရာတွေ မတိမ်ကော၊ မပျောက်ကွယ်သွားအောင်၊ သစ်သား ပန်းပုလက်ရာတွေ အဆင့်မြင့်မြင့်တက်လှမ်းနိုင်စေဖို့ရယ် ဒေသတွင်း က လက်မှုထုတ်ကုန်ပစ္စည်းတွေကို ထုတ်ဖေါ်ပြသချင်တာကိုရည်ရွယ်ပြီးတော့ ပြုလုပ်တာဖြစ်ပါတယ်” ဟု အမှတ်တရပစ္စည်းထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချရေးအသင်း (ရှမ်း/မြောက်)မှ အသင်းဥက္ကဌ ဦးသိန်းမင်းထွန်းက တာချီလိတ်သတင်းအေဂျင်စီ သို့ ပြောသည်။

အဆိုပါပြပွဲကို မြန်မာနိုင်ငံ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာန လက်အောက်ရှိ အမှတ်တရပစ္စည်းထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချရေးအသင်း( MSEA )နှင့် မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာလုပ်ငန်း ရှင်များအသင်း (ရှမ်း/မြောက်) MHA (NSS) တို့ ပူးပေါင်းကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

သတင်း #နေဖြိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~