လားရိႈးတြင္ ရွမ္းျပည္နယ္လူငယ္စြန္႔ဦးတီထြင္လုပ္ငန္းရွင္မ်ားအသင္းမိတ္ဆက္ႏွင့္ ေဟာေျပာပြဲက်င္းပမည္

လားရိႈးတြင္ ရွမ္းျပည္နယ္လူငယ္စြန္႔ဦးတီထြင္လုပ္ငန္းရွင္မ်ားအသင္းမိတ္ဆက္ႏွင့္ ေဟာေျပာပြဲက်င္းပမည္
ဇူလိုင် 13, 2018
By 🌸
ရွမ္းျပည္နယ္လူငယ္စြန္႔ဦးတီထြင္လုပ္ငန္းရွင္မ်ားအသင္းက ရွမ္းျပည္နယ္(ေျမာက္ပိုင္း)လားရႈိးၿမိဳ႕ရိွ Goldern Hill Hotel တြင္ အသင္းမိတ္ဆက္ပြဲႏွင့္ ေဟာေျပာပြဲကို ၂၀၁၈ ခုႏွစ္၊ ဇူလိုင္လ (၁၆) ရက္ေန႔ နံနက္ (၉) နာရီမွ ေန႔လယ္ (၁၂) နာရီအထိ ျပဳလုပ္မည္ျဖစ္ရာ မည္သူမဆိုတက္ေရာက္ႏုိင္ေၾကာင္း သိရသည္။

“အသင္းရဲ့လႈပ္ရွားမႈအေနနဲ႔ကေတာ့ ဒုတိယအႀကိမ္ေျမာက္ျဖစ္ပါတယ္။ အသင္းကို သီးသန္႔မိတ္ဆက္ပြဲ လုပ္တာကေတာ့ ဒါက ပထမဦးဆံုးအႀကိမ္ပါ။ လူငယ္ေတြထဲက စိတ္ဝင္စားတဲ့သူေတြလည္း သိရွိသြားေအာင္ အသင္းကိုမိတ္ဆက္ရင္းနဲ႔ စြန္႔ဦးတီထြင္လုပ္ငန္းနဲ႔ ပတ္သက္တာေတြကို ေျပာျပသြားမယ္။ တက္ေရာက္လာသူေတြက အေမးအေျဖျပဳလုပ္ၿပီး ေဆြးေႏြးတာေတြလုပ္သြားမွာျဖစ္ပါတယ္ ” ဟု ရွမ္းျပည္နယ္ လူငယ္စြန္႔ဦးတီထြင္ လုပ္ငန္းရွင္မ်ားအသင္းမွ အလုပ္အမႈေဆာင္အဖြဲ႔ဝင္ ကိုသူရိန္ေအာင္ က တာခ်ီလိတ္သတင္းေအဂ်င္စီသုိ႔ ေျပာသည္။

ရွမ္းျပည္နယ္လူငယ္စြန္႔ဦးတီထြင္လုပ္ငန္းရွင္မ်ားအသင္းသည္ ျမန္မာႏိုင္ငံလူငယ္စြန္႔ဦးတီထြင္လုပ္ငန္းရွင္မ်ား အသင္း၏ လက္ေအာက္ရွိ အသင္းတစ္ခုျဖစ္ၿပီး ရွမ္းျပည္နယ္ အေရွ႕ပိုင္း၊ ေတာင္ပိုင္းႏွင့္ ေျမာက္ပိုင္းတို႔ တြင္လည္း အသင္းခြဲမ်ားရိွေၾကာင္း သိရသည္။

အဆိုပါ ေဟာေျပာပြဲတြင္ ျမန္မာႏိုင္ငံလူငယ္ႏွင့္စြန္႔ဦးတီထြင္လုပ္ငန္းရွင္မ်ားအသင္းမွ ဒုတိယဥကၠဌ ဦးေဇာ္ႏိုင္သန္းႏွင့္ သင္တန္းဆရာ ဦးေကာင္းၿငိမ္းစိုးတို႔က ေဟာေျပာၾကမည္ျဖစ္ေၾကာင္း သိရသည္။
ရွမ္းျပည္နယ္လူငယ္ႏွင့္စြန္႔ဦးတီထြင္လုပ္ငန္းရွင္မ်ားအသင္းသို႔ အသက္ (၁၈) ႏွစ္မွ (၄၅)ႏွစ္အတြင္း အသင္းဝင္လိုသူမ်ားကို လက္ခံေၾကာင္း သိရသည္။

သတင္း #ေနၿဖိဳးျမင့္

~~~~~~~~⊰❂ unicode ~~~~~~~~
လားရှိုးတွင် ရှမ်းပြည်နယ်လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်းမိတ်ဆက်နှင့် ဟောပြောပွဲကျင်းပမည်
**************
ရှမ်းပြည်နယ်လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်းက ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုးမြို့ရှိ Goldern Hill Hotel တွင် အသင်းမိတ်ဆက်ပွဲနှင့် ဟောပြောပွဲကို ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၁၆) ရက်နေ့ နံနက် (၉) နာရီမှ နေ့လယ် (၁၂) နာရီအထိ ပြုလုပ်မည်ဖြစ်ရာ မည်သူမဆိုတက်ရောက်နိုင်ကြောင်း သိရသည်။

“အသင်းရဲ့လှုပ်ရှားမှုအနေနဲ့ကတော့ ဒုတိယအကြိမ်မြောက်ဖြစ်ပါတယ်။ အသင်းကို သီးသန့်မိတ်ဆက်ပွဲ လုပ်တာကတော့ ဒါက ပထမဦးဆုံးအကြိမ်ပါ။ လူငယ်တွေထဲက စိတ်ဝင်စားတဲ့သူတွေလည်း သိရှိသွားအောင် အသင်းကိုမိတ်ဆက်ရင်းနဲ့ စွန့်ဦးတီထွင်လုပ်ငန်းနဲ့ ပတ်သက်တာတွေကို ပြောပြသွားမယ်။ တက်ရောက်လာသူတွေက အမေးအဖြေပြုလုပ်ပြီး ဆွေးနွေးတာတွေလုပ်သွားမှာဖြစ်ပါတယ် ” ဟု ရှမ်းပြည်နယ် လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်းမှ အလုပ်အမှုဆောင်အဖွဲ့ဝင် ကိုသူရိန်အောင် က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ရှမ်းပြည်နယ်လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်းသည် မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များ အသင်း၏ လက်အောက်ရှိ အသင်းတစ်ခုဖြစ်ပြီး ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တောင်ပိုင်းနှင့် မြောက်ပိုင်းတို့ တွင်လည်း အသင်းခွဲများရှိကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲတွင် မြန်မာနိုင်ငံလူငယ်နှင့်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်းမှ ဒုတိယဥက္ကဌ ဦးဇော်နိုင်သန်းနှင့် သင်တန်းဆရာ ဦးကောင်းငြိမ်းစိုးတို့က ဟောပြောကြမည်ဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်လူငယ်နှင့်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်းသို့ အသက် (၁၈) နှစ်မှ (၄၅)နှစ်အတွင်း အသင်းဝင်လိုသူများကို လက်ခံကြောင်း သိရသည်။

သတင်း #နေဖြိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~