မူးယစ္ေဆးသံုးစြဲမႈကာကြယ္ေရးစီမံခ်က္အလုပ္ရံုေဆြးေႏြးပြဲ လားရိႈးတြင္ က်င္းပ

မူးယစ္ေဆးသံုးစြဲမႈကာကြယ္ေရးစီမံခ်က္အလုပ္ရံုေဆြးေႏြးပြဲ လားရိႈးတြင္ က်င္းပ
ဇူလိုင် 12, 2018
By 🌸
မူးယစ္ေဆးသံုးစြဲမႈကာကြယ္ေရးစီမံခ်က္ ဒုတိယအႀကိမ္ အလုပ္ရံုေဆြးေႏြးပြဲကို ၂၀၁၈ ခုႏွစ္၊ ဇူလိုင္လ (၁၂) ရက္ေန႔က ရွမ္းျပည္နယ္(ေျမာက္ပိုင္း) လားရႈိးၿမိဳ႕ လားရိႈးမုိတယ္တြင္ မူးယစ္ေဆးစြဲေရာဂါသုေတသနအသင္း (SARA ) က က်င္းပသည္။

 “ဒုတိယအႀကိမ္ အလုပ္ရံုေဆြးေႏြးပြဲမွာ မူးယစ္ေဆးသံုးစြဲမႈကာကြယ္ေရးစီမံခ်က္အတြက္ မဟာဗ်ဴဟာေတြ ဦးတည္ခ်က္ေတြ ခ်မွတ္ႏိုင္ခဲ့ပါတယ္။ အေကာင္ထည္ေဖၚေဆာင္ရြက္ရမယ့္ မဟာဗ်ဴဟာေတြအားလံုးကို အၾကမ္းဖ်ဥ္း ခ်မွတ္ႏိုင္ခဲ့ပါတယ္။ မူၾကမ္းနီးပါး လုပ္ေဆာင္ႏိုင္ခဲ့တယ္။ သံုးပံု ႏွစ္ပံုေက်ာ္ေက်ာ္ေလာက္ကို ေရးဆြဲႏိုင္ခဲ့ပါတယ္” ဟု SARA  ၏  စီမံခ်က္မန္ေနဂ်ာ ေဒါက္တာေက်ာ္ဇင္ဝင္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

မူးယစ္ေဆးသံုးစြဲမႈကာကြယ္ေရးစီမံခ်က္အတြက္ မူးယစ္ေဆးသံုးစြဲေနၾကသည့္ အသက္အရြယ္၊ လူတန္းစားအမ်ိဳးမ်ိဳး၊ မူးယစ္ေဆးဝါးအမ်ိဳးမ်ိဳး၊ သံုးစြဲမႈအမ်ားဆံုးျဖစ္သည့္ အခ်ိန္အပိုင္းအျခားမ်ား၊ သံုးစြဲတတ္သည့္ေနရာမ်ား၊ သံုးစြဲသည့္နည္းလမ္းမ်ားကို ရွာေဖြတင္ျပခဲ့ၾကၿပီး ကာကြယ္တားဆီးရန္ လိုအပ္သည့္ နည္းလမ္းမ်ားကို ေဆြးေႏြးခဲ့ၾကေၾကာင္း သိရသည္။

ယခုေဆြးေႏြးပြဲမွာ ပထမအႀကိမ္ေဆြးေႏြးပြဲမွ ရလဒ္မ်ားအား အႀကံျပဳခ်က္မ်ား၊ ျဖည့္စြက္ခ်က္မ်ားျဖင့္ ျပန္လည္ေဆြးေႏြးၾကျခင္းျဖစ္ေၾကာင္းသိရၿပီး တတိယအႀကိမ္အလုပ္ရံုေဆြးေႏြးပြဲကို ၂၀၁၈ ခုႏွစ္ ၾသဂုတ္လအတြင္း က်င္းပကာ မူၾကမ္းကို ျပည္နယ္မူးယစ္ေဆးဝါးႏွင့္ စိတ္ကို ေျပာင္းလဲေစသည့္ေဆးဝါးမ်ား တားဆီး ကာကြယ္ေရးဌာနသို႔ တင္ျပသြားမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း၊ဓါတ္ပံု #ေနၿဖိဳးျမင့္

~~~~~~~~⊰❂ unicode ~~~~~~~~
မူးယစ်ဆေးသုံးစွဲမှုကာကွယ်ရေးစီမံချက်အလုပ်ရုံဆွေးနွေးပွဲ လားရှိုးတွင် ကျင်းပ
****************
မူးယစ်ဆေးသုံးစွဲမှုကာကွယ်ရေးစီမံချက် (ဒုတိယအကြိမ်) အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၁၂) ရက်နေ့က ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ လားရှိုးမိုတယ်တွင် မူးယစ်ဆေးစွဲရောဂါသုတေသနအသင်း (SARA ) က ကျင်းပသည်။

 “ဒုတိယအကြိမ် အလုပ်ရုံဆွေးနွေးပွဲမှာ မူးယစ်ဆေးသုံးစွဲမှုကာကွယ်ရေးစီမံချက်အတွက် မဟာဗျူဟာတွေ ဦးတည်ချက်တွေ ချမှတ်နိုင်ခဲ့ပါတယ်။ အကောင်ထည်ဖေါ်ဆောင်ရွက်ရမယ့် မဟာဗျူဟာတွေအားလုံးကို အကြမ်းဖျဉ်း ချမှတ်နိုင်ခဲ့ပါတယ်။ မူကြမ်းနီးပါး လုပ်ဆောင်နိုင်ခဲ့တယ်။ သုံးပုံ နှစ်ပုံကျော်ကျော်လောက်ကို ရေးဆွဲနိုင်ခဲ့ပါတယ်” ဟု SARA  ၏  စီမံချက်မန်နေဂျာ ဒေါက်တာကျော်ဇင်ဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မူးယစ်ဆေးသုံးစွဲမှုကာကွယ်ရေးစီမံချက်အတွက် မူးယစ်ဆေးသုံးစွဲနေကြသည့် အသက်အရွယ်၊ လူတန်းစားအမျိုးမျိုး၊ မူးယစ်ဆေးဝါးအမျိုးမျိုး၊ သုံးစွဲမှုအများဆုံးဖြစ်သည့် အချိန်အပိုင်းအခြားများ၊ သုံးစွဲတတ်သည့်နေရာများ၊ သုံးစွဲသည့်နည်းလမ်းများကို ရှာဖွေတင်ပြခဲ့ကြပြီး ကာကွယ်တားဆီးရန် လိုအပ်သည့် နည်းလမ်းများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ယခုဆွေးနွေးပွဲမှာ ပထမအကြိမ်ဆွေးနွေးပွဲမှ ရလဒ်များအား အကြံပြုချက်များ၊ ဖြည့်စွက်ချက်များဖြင့် ပြန်လည်ဆွေးနွေးကြခြင်းဖြစ်ကြောင်း သိရပြီး တတိယအကြိမ်အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၈ ခုနှစ် သြဂုတ်လအတွင်း ကျင်းပကာ မူကြမ်းကို ပြည်နယ်မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသည့်ဆေးဝါးများ တားဆီး ကာကွယ်ရေးဌာနသို့ တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း၊ဓါတ်ပုံ #နေဖြိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~