လားရိႈးတြင္ ယာဥ္တုိက္မႈမွ ထြက္ေျပးေမာ္ေတာ္ယာဥ္အား စီစီတီဗီမွတ္တမ္းအကူအညီျဖင့္ ဖမ္းဆီးရမိ

လားရိႈးတြင္ ယာဥ္တုိက္မႈမွ ထြက္ေျပးေမာ္ေတာ္ယာဥ္အား စီစီတီဗီမွတ္တမ္းအကူအညီျဖင့္ ဖမ္းဆီးရမိ
ဇူလိုင် 4, 2018
By 🌸
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) လားရိႈးၿမိဳ႕ လားရိႈး - သိန္းနီလမ္းမႀကီးတြင္ လမ္းလယ္တံတားေပၚမွ စတီးသံပန္းႏွစ္ခ်ပ္ႏွင့္ လူသံုးဦးစီးနင္းလာသည့္ ဆိုင္ကယ္တစ္စီးအား တိုက္မိထြက္ေျပးသြားသည့္ ေမာ္ေတာ္ယာဥ္ကို လံုၿခံဳေရးကင္မရာ မွတ္တမ္းအကူအညီျဖင့္ (၂၄) နာရီအတြင္း ဖမ္းဆီးရမိေၾကာင္း သိရသည္။

လားရိႈးၿမိဳ႕ရိွ လားရိႈး-သိန္းနီလမ္း ရပ္ကြက္(၈)အတြင္း ဇူလုိင္လ(၃)ရက္ေန႔ ည(၁၂)နာရီခြဲဝန္းက်င္၌ ေမာ္ေတာ္ယာဥ္တစ္စီးက လမ္းလယ္တြင္ ကာရံထားေသာ စတီးသံပန္းႏွစ္ခ်ပ္အား ဝင္ေရာက္တိုက္မိခဲ့ၿပီးေနာက္ လူသံုးဦးစီးနင္းလာသည့္ ေမာ္ေတာ္ဆိုင္ကယ္ကို ထပ္မံတိုက္မိကာ ေမာင္းႏွင္ထြက္ေျပးသြားျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါယာဥ္တုိက္မႈေၾကာင့္ အမ်ိဳးသားႏွစ္ဦး ပြန္းပဲ့ဒဏ္ရာမ်ားရကာ အမ်ိဳးသမီးတစ္ဦးမွာ တင္ပါးဆံုရိုးက်ိဳးၿပီး လားရိႈးျပည္သူ႔ေဆးရံုတြင္ ကုသမႈခံယူေနရျခင္းျဖစ္ၿပီး အေျခအေနမွာ စိုးရိမ္ရေၾကာင္း သိရသည္။

ယာဥ္တိုက္မႈျဖစ္ပြားရာေနရာ အနီးအနားရွိ CCTV မွတ္တမ္းမ်ားျဖင့္ ထြက္ေျပးယာဥ္အား လိုက္လံရွာေဖြဖမ္းဆီးခဲ့ရာ ဇူလိုင္လ (၄) ရက္ေန႔ မြန္းလဲြ (၁)နာရီခြဲဝန္းက်င္တြင္ ရပ္ကြက္ ( ၁၂ ) ေလယာဥ္ကြင္းအနီးရွိ ဝပ္ေရွာ့တစ္ခု၌ ျပဳျပင္ေနသည့္ မသကၤာဖြယ္ယာဥ္အား စစ္ေဆးရာမွ ယာဥ္တုိက္မႈမွ ထြက္ေျပးယာဥ္အား ဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း သိရသည္။

ယာဥ္တုိက္မႈျဖစ္ပြားၿပီး ေမာင္းႏွင္ထြက္ေျပးသည့္ ေမာ္ေတာ္ယာဥ္မွ ေမာင္းႏွင္သူ ကိုေစာအား လားရိႈးၿမိဳ႕မရဲစခန္း တြင္ ယာဥ္ (ပ) ၂၈/၂၀၁၈ ၂၇၉/၃၃၇/၃၃၈/၂၀၂ တို႔ျဖင့္အမႈဖြင့္ စစ္ေဆးအေရးယူထားေၾကာင္း သိရသည္။

သတင္း #ေနၿဖိဳးျမင့္
ဓါတ္ပံု#ရဲတပ္ဖြဲ႕

~~~~~~~~⊰❂ unicode ~~~~~~~~
လားရှိုးတွင် ယာဉ်တိုက်မှုမှ ထွက်ပြေးမော်တော်ယာဉ်အား စီစီတီဗီမှတ်တမ်းအကူအညီဖြင့် ဖမ်းဆီးရမိ
***********************
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ လားရှိုး - သိန်းနီလမ်းမကြီးတွင် လမ်းလယ်တံတားပေါ်မှ စတီးသံပန်းနှစ်ချပ်နှင့် လူသုံးဦးစီးနင်းလာသည့် ဆိုင်ကယ်တစ်စီးအား တိုက်မိထွက်ပြေးသွားသည့် မော်တော်ယာဉ်ကို လုံခြုံရေးကင်မရာ မှတ်တမ်းအကူအညီဖြင့် (၂၄) နာရီအတွင်း ဖမ်းဆီးရမိကြောင်း သိရသည်။]

လားရှိုးမြို့ရှိ လားရှိုး-သိန်းနီလမ်း ရပ်ကွက်(၈)အတွင်း ဇူလိုင်လ(၃)ရက်နေ့ ည(၁၂)နာရီခွဲဝန်းကျင်၌ မော်တော်ယာဉ်တစ်စီးက လမ်းလယ်တွင် ကာရံထားသော စတီးသံပန်းနှစ်ချပ်အား ဝင်ရောက်တိုက်မိခဲ့ပြီးနောက် လူသုံးဦးစီးနင်းလာသည့် မော်တော်ဆိုင်ကယ်ကို ထပ်မံတိုက်မိကာ မောင်းနှင်ထွက်ပြေးသွားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါယာဉ်တိုက်မှုကြောင့် အမျိုးသားနှစ်ဦး ပွန်းပဲ့ဒဏ်ရာများရကာ အမျိုးသမီးတစ်ဦးမှာ တင်ပါးဆုံရိုးကျိုးပြီး လားရှိုးပြည်သူ့ဆေးရုံတွင် ကုသမှုခံယူနေရခြင်းဖြစ်ပြီး အခြေအနေမှာ စိုးရိမ်ရကြောင်း သိရသည်။

ယာဉ်တိုက်မှုဖြစ်ပွားရာနေရာ အနီးအနားရှိ CCTV မှတ်တမ်းများဖြင့် ထွက်ပြေးယာဉ်အား လိုက်လံရှာဖွေဖမ်းဆီးခဲ့ရာ ဇူလိုင်လ (၄) ရက်နေ့ မွန်းလွဲ (၁)နာရီခွဲဝန်းကျင်တွင် ရပ်ကွက် ( ၁၂ ) လေယာဉ်ကွင်းအနီးရှိ ဝပ်ရှော့တစ်ခု၌ ပြုပြင်နေသည့် မသင်္ကာဖွယ်ယာဉ်အား စစ်ဆေးရာမှ ယာဉ်တိုက်မှုမှ ထွက်ပြေးယာဉ်အား ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

ယာဉ်တိုက်မှုဖြစ်ပွားပြီး မောင်းနှင်ထွက်ပြေးသည့် မော်တော်ယာဉ်မှ မောင်းနှင်သူ ကိုစောအား လားရှိုးမြို့မရဲစခန်း တွင် ယာဉ် (ပ) ၂၈/၂၀၁၈ ၂၇၉/၃၃၇/၃၃၈/၂၀၂ တို့ဖြင့်အမှုဖွင့် စစ်ဆေးအရေးယူထားကြောင်း သိရသည်။

သတင်း #နေဖြိုးမြင့်
ဓါတ်ပုံ #ရဲတပ်ဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~